၂၇.၁၁. ၂၀၂၄
Translated by Htwe Ko Tun
ဘင်္ဂလားဒေ့ရှ်နိုင်ငံတွင် ဘင်္ဂလားဒေ့ရှ် အမျိုးသားရေးပါတီ (BNP) ၏ ဥက္ကဋ္ဌဖြစ်သူ ခါလီဒါဇီယာကို Zia Charitable Trust ဖောင်ဒေးရှင်းတွင် လာဘ်စားမှုဖြင့် အောက်ရုံးတစ်ရုံးက ခုနှစ်နှစ်ပြစ်ဒဏ်ချမှတ်ထားမှုအား နိုဝင်ဘာလ ၂၇ ရက်တွင် အထက်တရားရုံးက အပြစ်မရှိကြောင်းဆုံးဖြတ်၍ တရားသေလွှတ်ပေးခဲ့ကြောင်း သိရသည်။
အထက်တရားရုံးက ထိုအမှုတွင် ခါလီဒါနှင့်အတူ အခြားနှစ်ဦးအား အောက်တရားရုံးမှ ချမှတ်ခဲ့သော စီရင်ချက်အား ပယ်ဖျက်ခဲ့ကြောင်းလည်း သတင်းများကဖော်ပြခဲ့သည်။
ဒက်ကာမြို့ရှိ တရားရုံးတစ်ရုံးက ၂၀၁၈ ခုနှစ် အောက်တိုဘာ ၂၉ ရက်တွင် ခါလီဒါအား ထိုအမှု၌ တရားစွဲဆိုခဲ့ပြီးနောက် ထောင်ဒဏ်ခုနှစ်နှစ် စီရင်ချက်ချထားခဲ့ခြင်းလည်း ဖြစ်သည်။
လာဘ်ပေးလာဘ်ယူတိုက်ဖျက်ရေးကော်မရှင်က ၂၀၁၁ ခုနှစ် ဩဂုတ်လ ၈ ရက်ကပင် အမှုဖွင့်ခဲ့ပြီး ဝန်ကြီးချုပ်ဟောင်း ခါလီဒါနှင့် အခြားသုံးဦးကို အမည်မသိရသော အရင်းအမြစ်များထံမှ ဖောင်ဒေးရှင်း ရန်ပုံငွေများတိုးပွားရန် အာဏာကို အလွဲသုံးစားလုပ်ခဲ့သည်ဟု စွပ်စွဲခဲ့သည်။ စွပ်စွဲခံရသော အခြားသုံးဦးအနက်တစ်ဦးမှာ ကွယ်လွန်ခဲ့ပြီးဖြစ်သည်။
ခါလီဒါမှာ အိမ်အကျယ်ချုပ်ဖြင့်ငါးနှစ်နေခဲ့ရပြီးနောက် ဝန်ကြီးချုပ်ဟောင်းဟာစီနာ တာဝန်မှနုတ်ထွက်၍ ပြည်ပသို့ ထွက်ပြေးပြီး နောက်တစ်ရက်ဖြစ်သည့် ဩဂုတ်လ ၆ ရက်တွင် သမ္မတက ၎င်း၏ပြစ်ဒဏ်များကို လွတ်ငြိမ်း ချမ်းသာခွင့်ပေးခဲ့ပြီးနောက် ပြန်လည်လွတ်မြောက်လာခဲ့သည်။
အသက် ၇၆ နှစ်ရှိပြီဖြစ်သော ရှိတ်ဟာစီနာနှင့် အသက် ၇၈ နှစ် ရှိပြီဖြစ်သော ခါလီဒါ ဇီယာတို့က ဘင်္ဂလားဒေ့ရှ်နိုင်ငံ၏ နိုင်ငံရေးနယ်ပယ်တွင် အဓိကကျသော ပြိုင်ဘက်များဖြစ်ကြသည်။ နှစ်ဦးစလုံးကလည်း ၎င်းတို့မတိုင်မီ နိုင်ငံကိုအုပ်ချုပ်သွားခဲ့သော လုပ်ကြံခံရသည့် ဖခင်နှစ်ဦးထံမှ နိုင်ငံရေးမျိုးဆက် အမွေအနှစ်များကိုဆက်ခံကာ ဝန်ကြီးချုပ်တာဝန်ထိ ထမ်းဆောင်ခဲ့သူများလည်းဖြစ်သည်။
Ref- Daily Star Bangladesh