◾ MICC-2 အဆောက်အဦလည်း ဒရုန်းဖြင့်တိုက်ခိုက်ခံရဟု သတင်းထွက်နေသော်လည်း အတည်မပြုနိုင်
MT News
၂၆.၁၁.၂၀၂၄
နေပြည်တော်၊ ဇဗ္ဗူသီရိမြိုနယ်၊ ဇေယျာသိဒ္ဓိရပ်ကွက်၊ ညွှန်ကြားရေးမှူးချုပ် အိမ်ရာဝန်းအတွင်းရှိ ညွှန်ချုပ်အိမ်ရာ ခြံအမှတ် (၅၃၀-A/B)၏ ခြံဝင်းအနောက်ဘက် ၅ ပေခန့်အကွာတွင် ယမန်နေ့ နိုဝင်ဘာ၂၅ ရက် နံနက် ၁၀ နာရီခွဲခန့်က Fixed Wing အမျိုးအစား အဖြူရောင် Drone တစ်စင်း ပျက်ကျခဲ့ကြောင်း သိရသည်။
ယင်းနှင့်ပတ်သက်၍ MT News က စုံစမ်းမေးမြန်းရာ “ဗုံးသီးမပါတဲ့ Fixed Wing ၁ စီး ပျက်ကျတာပါ။ စိုးရိမ်စရာ မရှိပါဘူး”ဟု တပ်မတော်သတင်းရင်းမြစ်က MT News ကို ပြောပြသည်။
ယင်းအပြင် Myanmar International Convention Center (MICC-2) အဆောက်အဦကိုလည်း ယမန်နေ့ နိုဝင်ဘာ ၂၅ ရက် နံနက် ၉ နာရီ မိနစ် ၄၀ ခန့်က ကာမီကာဇေ ဒရုန်းဖြင့်တိုက်ခိုက်ခဲ့ကြောင်း၊ တိုက်ခိုက်ခံရသောကြောင့် ထိခိုက်ဒဏ်ရာရသူများရှိခဲ့ကြောင်း အကြမ်းဖက်အားပေး မီဒီယာအချို့က လူမှုကွန်ရက်တွင် ရေးသားနေကြသော်လည်း အတည်ပြု၍ မရနိုင်သေးပေ။