၂၆. ၁၁. ၂၀၂၄
Translated by Thettant
ယူကရိန်းလုံခြုံရေးအထူးတပ်ဖွဲ့ဆီကို စစ်လက်နက်ပစ္စည်းဗီဒီယို ပေးပို့တဲ့ ရုရှားအမျိုးသားတစ်ဦးဟာ နိုင်ငံတော်ကို မြင့်မားတဲ့သစ္စာဖောက်မှုနဲ့ အပြစ်ရှိကြောင်း တွေ့ရှိပြီးနောက် တနင်္လာနေ့မှာ စွဲချက်တွေအတွက် စုစုပေါင်းထောင်ဒဏ် ၁၄ နှစ် ပြစ်ဒဏ် ချမှတ်ခံခဲ့ရပါတယ်။
Nikita Zhuravel ဆိုတဲ့ ရုရှားနိုင်ငံသားဟာ ယူကရိန်းလုံခြုံရေးအေဂျင်စီ ကိုယ်စားလှယ်တစ်ဦးနဲ့ ဆက်သွယ်ကာ တာဝန် ထမ်းဆောင်ခဲ့တာကို စစ်ဆေးတွေ့ရှိခဲ့တယ်လို့ Volgograd ခရိုင်တရားရုံးက ပြောကြားခဲ့သလို “ရုရှားဖက်ဒရေးရှင်းရဲ့ နိုင်ငံရေးလမ်းစဉ်နဲ့ သဘောထားကွဲလွဲနေတယ်” လို့ ပြောခဲ့ပေမဲ့ Zhuravel လုပ်ဆောင်ခဲ့မှု တာဝန်တွေကိုတော့ အသေးစိတ်ပြောကြားခြင်းမရှိပါဘူး။
Zhuravel ဟာ ၂၀၂၃ ခုနှစ်အတွင်းမှာ စစ်လက်နက် ပစ္စည်းတွေနဲ့ စစ်လေယာဉ်တွေ ရထားတွဲတွေကို ရိုက်ကူးခဲ့ပြီး ယူကရိန်းလုံခြုံရေးအေဂျင်စီ ကိုယ်စားလှယ်တစ်ဦးထံ ပေးပို့ခဲ့တယ်လို့ အစိုးရရှေ့နေတွေကလည်း ပြောကြားခဲ့ပါတယ်။
လက်ရှိမှာ နိုင်ငံတော်ကို အမြင့်ဆုံးသစ္စာဖောက်မှုကြောင့် လုံခြုံရေးအမြင့်မားဆုံးထောင်မှာ ထောင် ၁၄ နှစ် ချမှတ်ခံထားရတဲ့ Zhuravel ဟာ ဗလီတစ်ခုရှေ့ ကိုရ်အာန်ကျမ်းကို မီးရှို့မှုအတွက်လည်း ယုံကြည်ကိုးကွယ်သူတွေကို စော်ကားမှုနဲ့ ဖေဖော်ဝါရီလအတွင်းက ထောင် ၃ နှစ်ခွဲ ပြစ်ဒဏ်ကျခံနေရသူပါ။