အမှိုက်ကောက်သူတစ်ဦးကို သတင်းပေးစွပ်စွဲ၍ ယမန်နေ့က သတ်ဖြတ်လိုက်သည်ဟု ကြိုပင့်ကောက် PDF အဖွဲ့က ဝန်ခံချက်ကို ယနေ့ထုတ်ပြန်သည်။
ဖြစ်စဥ်မှာ နိုဝင်ဘာ ၂၃ ရက် (စနေနေ့) နေ့လယ် ၂ နာရီ ၁၅ မိနစ်အချိန်ခန့်က ဒေါင်းလူးရွာအနီးတွင် အမှိုက်ကောက်သူ ကိုထွန်းမင်းစိုး ဆိုသူတစ်ဦးကို စစ်တပ်သတင်းပေးဆိုကာသတ်ဖြတ်လိုက်ခြင်းဖြစ်ကြောင်း NUG ဩဇာခံ Dragon Brothers (GBK-PDF) ကြို့ပင်ကောက်မြို့နယ် ၊ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က ဝန်ခံထားသည်။
ကြို့ပင်ကောက်မြို့ ၊ နဂါးနီလမ်းတွင် နေထိုင်သူ ကိုထွန်းမင်းစိုးသည် ပျူစောထီး (ပြည်သူ့စစ်) သင်တန်း အပတ်စဉ်(၁) တွင် တက်ရောက်ပြီး ပြန်လာသူဖြစ်ကြောင်း အဆိုပါ ကိုထွန်းမင်းစိုးသည် လုံခြုံရေးတပ်ဖွဲ့နှင့်ပူးပေါင်းကာ ပြည်သူများ၏ ဆိုင်ကယ်များကိုဖမ်းစီးပြီး အတင်းအဓမ္မ စစ်မှုထမ်း ခေါ်ဆောင်ရာတွင်လည်း အဓိက လုပ်ဆောင်နေသူ ဖြစ်ကြောင်း၊ သူတောင်းစားပုံစံ ၊ အမှိုက်ကောက်သမားပုံသဏ္ဍာန် အသွင်ယူပြီး လိုက်လံသတင်းထောက်လှမ်းကာ ပြန်လည် သတင်းပေးနေသူ ဖြစ်ကြောင်းလည်း ကြို့ပင်ကောက် PDF အဖွဲ့က စွပ်စွဲထားသည်။
ပဲခူးတိုင်းသည် အုပ်ချုပ်ရေးမှူးနှင့် ပြည်သူ အများအပြား သတ်ဖြတ်ခံရသည့် တိုင်းတစ်ခုဖြစ်သလို နွေဦးတော်လှန်ရေးစတင်ချိန်မှ ၂၀၂၄ ခုနှစ် ဇူလိုင်လကုန်အထိ ကလေးသူငယ် ၂၃၀ ကျော်၊ သံဃာတော် အပါး ၉၀ ကျော်၊ ရပ်ကျေးအုပ်ချုပ်ရေးမှူးနှင့် ဆရာဆရာမ၊ နိုင်ငံ့ဝန်ထမ်း ၁၂၀၀ ခန့်အပါအဝင် ပြည်သူ ၈၀၀၀ ခန့်မှာ “ဒလန်၊ သူလျှို၊ နစကယန္တရားလည်ပတ်အောင်ပြုလုပ်ပေးသူ” ဆိုသည့် စွပ်စွဲချက်များဖြင့် NLD, NUG, PDF, EAOs တို့ သတ်ဖြတ်မှု ခံထားရသည်။