၂၄ .၁၁ .၂၀၂၄
Wtitten by MMAK
◾ဆောက်သမ်တန် Vs လီဗာပူး
အမှတ်ပေးဇယား အောက်ဆုံးက ဆောက်သမ်တန်အသင်းအနေနဲ့ ပုံစံကောင်းရနေတဲ့ လီဗာပူးအသင်းကို ရပ်တန့်ဖို့ရာ ခက်ပါတယ်။ သို့ပေမဲ့ ပေါက်ကြေးအရ လီဗာပူးအသင်း စုံအောင်ပါ့မလားဆိုတာ စဥ်းစားသင့်ပါတယ်။ ဒီပွဲမှာ လီဗာပူးအသင်းက ဘော်ဒီကြေး တစ်လုံးအရှုံးပေးထားပြီး ဂိုးပေါင်းကြေး သုံးလုံးခြောက်ဆယ်အရှုံး ပေါက်ပါတယ်။ လီဗာပူးအသင်းသာ တကယ်ကန်မယ်ဆိုရင် ဘော်ဒီကြေးအောင်ဖို့အတွက် နှစ်ဂိုးတင်မဟုတ်ဘဲ လေးဂိုးလောက်ထိ သွင်းနိုင်ပါတယ်။ ဒီပွဲမှာ တစ်လောကလုံး လီဗာပူးဖြစ်နေချိန်မှာ စုံပေါ်အောင်သွားမယ်လို့ မထင်ပါဘူး။ ဒုတိယနေရာက မန်စီးတီးအသင်းကို ခြောက်မှတ်ဖြတ်ထားတဲ့အတွက် အေးအေးဆေးဆေးကန်ပြီး ကပ်နိုင်လို့ရပါတယ်။ နောက်တစ်ချက်က ချန်ပီယံလိဂ်မှာ ရီးရဲမက်ဒရစ်အသင်းနဲ့ ကန်ရမှာမို့လို့ဆိုတဲ့ အကြောင်းပြချက်နဲ့ ပွဲကို ထိန်းကစားလို့ရပါတယ်။ ဆယ့်တစ်ပွဲကစားပြီး ခုနစ်ဂိုးဘဲ သွင်းထားနိုင်တဲ့ ဆောက်သမ်ပ်တန် အသင်းရဲ့ တိုက်စစ်က ခံစစ်အကောင်းဆုံး ဖြစ်နေတဲ့ လီဗာပူးအသင်းကို ဂိုးရဖို့ လွယ်မယ် မထင်ပါဘူး ။ လီဗာပူးအသင်းကလည်း တစ်ဂိုးလောက်နဲ့ ကပ်နိုင်လို့ရလို့ ဂိုးတွေအများကြီး သွင်းဖို့ မလိုပါဘူး။ တကယ်လို့ လီဗာပူးအသင်း ဘော်ဒီကြေး အောင်သွားရင်တောင် ဂိုးပေါင်းကြေးကိုသေချာပေါက် ပြန်ထိန်းနိုင်ပါတယ်။ ဆောက်သမ်ပ်တန်အသင်း ဂိုးရမယ်လို့ မထင်သလို လီဗာပူးတစ်သင်းတည်းကလည်း လေးဂိုးလောက်ထိ သွင်းစရာ အကြောင်းမရှိပါဘူး။ ဒီပွဲမှာ လီဗာပူးအသင်း ဘော်ဒီကြေး အောင်ဖို့တောင် ထိန်းလာနိုင်တယ်လို့ ယူဆထားလို့ ဂိုးအောက်တစ်ကွက်ကိုအကြိုက်ဆုံး ဖြစ်ပါတယ်။ လေးဂိုးလောက်ထိ မရောက်နိုင်ဘဲ အများဆုံး သုံးဂိုးလောက်သာ ဖြစ်နိုင်တာကြောင့် ဂိုးအောက် ကစားစေချင်ပါတယ်။
◾အစ်ဆွချ်စ် Vs မန်ယူ
မန်ယူနည်းပြသစ် အမ်မိုရင်ရဲ့ ပထမဆုံးပွဲမှာ ဘာတွေလုပ်ပြနိုင်မလဲဆိုတာ စောင့်ကြည့်ချင်စရာ ကောင်းပါတယ်။ အမ်မိုရင်က စပို့တင်းအသင်းကို အကောင်းဆုံး ပဲ့ကိုင်ပေးခဲ့တာကြောင့် မန်ယူအသင်းနဲ့ နည်းပြအမ်မိုရင်ရဲ့ ပေါင်းစပ်မှုကို တစ်ကမ္ဘာလုံး စောင့်ကြည့်နေမယ်ဆိုတာ သေချာနေပါတယ်။ တန်းဆင်းဇုန်ထဲက အစ်ဆွချ်စ်အသင်းကို ဘော်ဒီကြေး တစ်လုံး သုံးဆယ်စားပေးထားပြီး ဂိုးပေါင်းကြေး သုံးလုံးနှစ်ဆယ်စား ပေါက်ပါတယ်။ အဝေးကွင်းဖြစ်နေတဲ့အပြင် မန်ယူအသင်းရဲ့ လက်ရှိခြေစွမ်းနဲ့ ရပ်တည်မှုအရ ဒီပေါက်ကြေးက ပျော့တယ်လို့ မထင်ဘဲ ဖြစ်သင့်ဖြစ်ထိုက်တဲ့ ပေါက်ကြေးလို့ဘဲ ထင်ပါတယ်။ တစ်လုံးသွင်းရင် သုံးဆယ်စားရမယ်ဆိုတဲ့ မန်ယူအသင်းရဲ့ ဘော်ဒီကြေးကြောင့် ထိုးသားအများစု မန်ယူကို ရွေးချယ်ကြမယ်ဆိုတာ သိပါတယ်။ သို့ပေမဲ့ အမ်မိုရင်ရဲ့ ပထမဆုံးပွဲမှာ တန်းဆင်းဇုန်က အစ်ဆွချ်စ်အသင်းကို တစ်ဂိုးလောက်တော့ နိုင်အောင် ကန်နိုင်ပါတယ်။ အစောပွဲ လီဗာပူးပွဲကို အထက်ကြေး မကြိုက်တာကြောင့် ဒီပွဲကို အထက်ကြေး မန်ယူကိုကြိုက်ပါတယ်။ နည်းပြအမ်မိုရင်နဲ့ မန်ယူအသင်းသားတွေရဲ့ နိုင်ပွဲရလိုစိတ်ကို မြင်တွေ့ရနိုင်တာကြောင့် မန်ယူဘော်ဒီကို ရွေးချယ်ပေးချင်ပါတယ်။
◾နာပိုလီ Vs ရိုးမား
ဒီရာသီ စီးရီးအေ အသင်းကြီးတွေထဲမှာ ရိုးမားအသင်းက ရလဒ်အဆိုးဆုံး ဖြစ်နေတာကြောင့် နည်းပြအပြောင်းအလဲ လုပ်ထားပြီး ဒီပွဲကို ဝါရင့်နည်းပြ ရာနီရေးနီ စတင်ကိုင်တွယ်မှာ ဖြစ်ပါတယ်။ နာပိုလီအသင်းက ပြီးခဲ့တဲ့ အိမ်ကွင်းပွဲမှာ အတ္တလန်တာအသင်းကို ဂိုးပြတ်ရှုံးခဲ့တာကြောင့် ရိုးမားအသင်းနဲ့ တွေ့နေချိန်မှာ ထပ်အမှားခံမယ်လို့ မထင်ပါဘူး။ ရိုးမားအသင်းက ဒီပွဲပြီးရင် စပါးအသင်းနဲ့ ယူရိုပါလိဂ်ပွဲစဥ် ကစားရဖို့ ရှိနေသေးတာကြောင့် အာရုံတွေ များနေနိုင်ပါတယ် ။ ဒီပွဲမှာ အိမ်ရှင်နာပိုလီအသင်းက ဘော်ဒီကြေး တစ်လုံး ခုနစ်ဆယ်စားပေးထားပြီး ဂိုးပေါင်းကြေး နှစ်လုံး ခြောက်ဆယ်အရှုံး ပေါက်ပါတယ်။ နာပိုလီအသင်းက ဥရောပပွဲစဥ်တွေ ကစားရဖို့ မရှိတာကြောင့် အမှတ်ပေးဖလားကိုပဲ အာရုံစိုက်ကစားမှာ ဖြစ်တဲ့အတွက် ဒီလိုပွဲတွေကို အမှားခံမယ် မထင်ပါဘူး။ နည်းပြကွန်တီရဲ့ ကစားကွက်နဲ့ နာပိုလီအသင်းက တဖြေးဖြေး ပိုကောင်းလာတာမျိုး တွေ့ရတဲ့အတွက် အိမ်ရှင်နာပိုလီအသင်း တစ်ဂိုးလောက်တော့ အနိုင်ရသွားနိုင်ပါတယ်။ ပေါက်ကြေးအရ နာပိုလီအသင်း အနိုင်ရသွားနိုင်သလို ရိုးမားအသင်းကလည်း ခြေစွမ်းအကျဘက်ရောက်နေတာကြောင့် အိမ်ကွင်းမှာ နိုင်ပွဲပြန်ရဖို့ အစွမ်းကုန် ကြိုးစားလာမဲ့ နာပိုလီအသင်းကိုပဲ ကြိုက်ပါတယ်။
◾ဂလာဘတ် Vs စိန့်ပေါ်လီ
ဂလာဘတ်အသင်းရဲ့ တစ်လုံးသွင်းရင် ရှစ်ဆယ်စားရမယ်ဆိုတဲ့ ပေါက်ကြေးနဲ့ ဂိုးပေါင်းကြေး သုံးလုံးခြောက်ဆယ်စားဆိုတဲ့ ပေါက်ကြေးတွေက အထက်ကြေးမအောင်နိုင်တဲ့ ပေါက်ကြေးတွေ ဖြစ်ပါတယ်။ ဒီပွဲက စုံပေါ်သွားနိုင်ဖို့ မဖြစ်နိုင်ဘဲ အောက်ကြေးတစ်ခုခု စားနိုင်သလို အောက်ကြေးနှစ်မျိုးလုံးတောင် အနိုင်ရနိုင်ပါတယ်။ တန်းဆင်းဇုန်က စိန့်ပေါ်လီအသင်းကို အိမ်ရှင်ဂလာဘတ်အသင်းအနေနဲ့ ဒီထက်ပိုပြင်းတဲ့ ပေါက်ကြေးမျိုးပေးလို့ရပါတယ်။ စိန့်ပေါ်လီအသင်းက ဆယ်ပွဲကစားပြီးချိန်မှာ တိုက်စစ်က ခုနစ်ဂိုးဘဲ ရထားတယ်ဆိုပေမဲ့ ခံစစ်ကလည်း ဆယ့်နှစ်ဂိုးသာ ပြန်ပေးထားရတာကြောင့် ဂိုးအောက်ကစားတတ်တဲ့ အသင်းမျိုးဆိုတာ တွေ့ရပါတယ်။ ဂျာမာန်ဘွန်ဒက်လီဂါ ပွဲစဥ်တွေဆိုရင် ဂိုးပေါင်းအပေါ် အဖြစ်များတာကြောင့် ဒီပွဲကို ဂိုးပေါင်းကြေး သုံးလုံးခြောက်ဆယ်စားဆိုတဲ့ ပေါက်ကြေးမျိုးပေးထားပြီး ထိုးသားတွေကို ဂိုးပေါ်ခေါ်နေတယ်လို့ ထင်ပါတယ်။ ဂလာဘတ်အသင်း နိုင်ခဲ့ရင် တစ်ဂိုးအသာလောက်နဲ့ ကပ်နိုင်သွားနိုင်ပြီး မနိုင်ခဲ့ရင် ဂိုးမရှိသရေဆိုတဲ့ ရလဒ်မျိုးတောင် ဖြစ်လာနိုင်တယ်လို့ ထင်ပါတယ်။ အများဆုံး နှစ်ဂိုးလောက်သာ ဖြစ်နိုင်တာကြောင့် ဂိုးအောက်တစ်မျိုးတည်းကို ရွေးချယ်ပေးချင်ပါတယ်။
◾လာဇီယို Vs ဘိုလော့ညာ
လာဇီယိုအသင်းရဲ့ လက်ရှိခြေစွမ်းက အရမ်းကောင်းလွန်းနေပြီး ခြောက်ပွဲဆက်တိုက် အနိုင်ရကာ ခြောက်ပွဲလုံးကြေးအောင်ထားပါတယ်။ အိမ်ကွင်းအကောင်းဆုံးဆိုတဲ့ လာဇီယိုအသင်းအနေနဲ့ ဘိုလော့ညာအသင်းကို ပေးထားတဲ့ ဘော်ဒီကြေး တစ်လုံးရှစ်ဆယ်စားဆိုတဲ့ ပေါက်ကြေးက အနည်းငယ်ပျော့နေပြီး ထိုးသားတွေကို လာဇီယိုကို ဆက်လိုက်အောင် ခေါ်နေတယ်လို့ ထင်ပါတယ်။ ဘိုလော့ညာအသင်းက အရင်နှစ်ကလောက် မကောင်းတော့သလို လက်ရှိခြေစွမ်းကလည်း အရမ်းကောင်းနေတာ မဟုတ်တာကြောင့် အိမ်ရှင်လာဇီယိုအသင်းအနေနဲ့ နိုင်မယ်ဆိုရင် တစ်လုံးငါးဆယ်စားလောက်ထိကို ပေးလို့ရပါတယ်။ နောက်ပွဲမှာ လာဇီယိုအသင်းက လူဒိုဂိုရတ်အသင်းနဲ့ ယူရိုပါလိဂ်ပွဲကိုလည်း ကြေးဆက်အောင်နိုင်တာကြောင့် တကယ်လို့ ဒီပွဲသာ ကြေးဆက်အောင်ရင် ရှစ်ပွဲဆက်တိုက်ကြီး ကြေးအောင်တဲ့ အသင်းမျိုး ဖြစ်သွားမှာပါ။ ဘိုင်ယန်၊ ဘာစီနဲ့ ရီးရဲတို့လို အသင်းကြီးတွေတောင် ဒီလောက်ကြေးဆက်အောင်တာမျိုး တွေ့ရခဲပါတယ်။ လာဇီယိုအသင်း ကြေးကျချိန်တန်နေပြီလို့ ယူဆထားသလို လက်ရှိပေါက်ကြေးမှာ သရေတစ်ပေါက်ရှိနေတယ်လို့ ထင်ပါတယ်။ ထိုးသားတွေကို လာဇီယိုဘော်ဒီနေချင်အောင် ခေါ်နေတဲ့ ပေါက်ကြေးမျိုး ဖြစ်တာကြောင့် အောက်ကြေး ဘိုလော့ညာအသင်းကို ရွေးချယ်ပေးချင်ပါတယ်။
◾လီဂါနက် Vs ရီးရဲမက်ဒရစ်
စနေညပွဲစဥ်မှာ ဘာစီလိုနာအသင်းက သရေကျခဲ့တာကြောင့် အမှတ်ကွာဟမှု လျှော့ချဖို့ လိုအပ်နေတဲ့အတွက် ရီးရဲအသင်းရဲ့ ပွဲစဥ်ကို ထိုးသားတွေ စိတ်ဝင်စားနေမှာ သေချာပါတယ်။ ရီးရဲအသင်းမှာ အဓိက ကစားသမားတွေ ခြောက်ယောက်လောက်ထိ ဒဏ်ရာရနေပြီး ဒီပွဲပြီးရင် လီဗာပူးအသင်းနဲ့ ချန်ပီယံလိဂ်ပွဲ ကစားရဖို့ ရှိပါတယ်။ ချန်ပီယံလိဂ်မှာ ခြောက်မှတ်ဘဲ ရထားသေးတာကြောင့် ရီးရဲအသင်းက ချန်ပီယံလိဂ်ပွဲကို ပိုပြီးတော့ စိတ်ရောက်နေနိုင်ပါတယ်။ လီဂါနက်အသင်းက အဝေးကွင်း မကောင်းပေမဲ့ အိမ်ကွင်းဆိုရင် ဂိုးရအောင်သွင်းတတ်သလို အိမ်ကွင်းအားပြုကစားတတ်တဲ့အသင်းဆိုတာ တွေ့ရပါတယ်။ ရီးရဲအသင်းရဲ့ ဘော်ဒီကြေး တစ်လုံးငါးဆယ်အရှုံး ပေါက်ကြေးမှာ ထိုးသားတွေက ရီးရဲဘော်ဒီရွေးချယ်ရင် တစ်ဂိုးတော့နိုင်မယ် ပြားငါးဆယ်ဘဲ ရင်းရမယ်လို့ ထင်နေကြပါတယ်။ ဘာစီလိုနာသရေကျတာကြောင့် ရီးရဲတော့ နိုင်အောင်ကန်တော့မယ်လို့ လူတိုင်းတွေးနေကြတာ မှန်ပေမဲ့ ရီးရဲအသင်း တစ်ဂိုးနဲ့ ကပ်နိုင်လို့ရတယ်ဆိုတာ မမေ့သင့်သလို သရေတောင် ကျသွားနိုင်လို့ ထင်ပါတယ်။ ရီးရဲအသင်းကို လူကြိုက်များလာနိုင်တဲ့ ဒီပွဲမှာ အိမ်ရှင်အောက်ကြေး လီဂါနက်အသင်းကို ရွေးချယ်ပေးချင်ပါတယ် ။