၂၃. ၁၁ .၂၀၂၄
Wtitten by MMAK
◾လက်စတာ Vs ချဲလ်ဆီး
လက်စတာအသင်းရဲ့တိုက်စစ်ပိုင်းမှာ အဓိက ကစားသမား ဘူနိုရန်တီ ပွဲပယ်ခံထားရပြီး ဒဏ်ရာရ
ကစားသမားတွေ ခြောက်ယောက်လောက်ထိ ရှိနေတာကို တွေ့ရပါတယ်။ ချဲလ်ဆီးအသင်းက အရင်လို နိုင်တစ်လှည့် ရှုံးတစ်လှည့်အသင်းမျိုး မဟုတ်တော့ဘဲ ပုံစံကောင်းရနေတဲ့ အသင်းမျိုး ဖြစ်သလို
ကစားသမားအင်အားကလည်း လက်စတာအသင်းထက် ပိုသာပါတယ်။ ဒီပွဲမှာ ချဲလ်ဆီးအသင်းက တစ်လုံးငါးဆယ်အရှုံး ပေးထားပြီး ဂိုးပေါင်းကြေး သုံးလုံးသုံးဆယ်အရှုံး ဖြစ်ပါတယ်။ လက်စတာအသင်းနဲ့ ကစားခဲ့တဲ့ အဝေးကွင်းဆယ်ပွဲမှာ ချဲလ်ဆီးအသင်းက တစ်လုံးစားဆိုတဲ့ ပေါက်ကြေးက အမြင့်ဆုံးပေးခဲ့တာ ဖြစ်တဲ့အတွက် အခုပေါက်ကြေးက ကြေးပြင်းတယ်လို့ ပြောလို့ရပါတယ်။ လက်ရှိခြေစွမ်းအရ ချဲလ်ဆီးအသင်းကပိုကောင်းသလို ကစားသမားအင်းအားလည်း အသာရနေတဲ့ အဝေးကွင်းချဲလ်ဆီးအသင်း အနိမ့်ဆုံး တစ်ဂိုးအသာနဲ့ အနိုင်ရနိုင်တဲ့ ပေါက်ကြေးမျိုးလည်း တွေ့ရပါတယ်။ လူမစုံတဲ့အပြင် ခံစစ်ညံ့တဲ့ လက်စတာအသင်းကို ချဲလ်ဆီးအသင်း နှစ်ဂိုးပြတ် နိုင်သွားမယ်လို့ ထင်တဲ့အတွက် ချဲလ်ဆီးဘော်ဒီကိုပဲ ရွေးချယ်ပေးချင်ပါတယ်။
◾ အာဆင်နယ် Vs နော်တင်ဟန်ဖောရက်
အာဆင်နယ်အသင်းမှာ ကွင်းလယ်ကစားသမား အိုဒီဂတ် ပါဝင်လာမှာ ဖြစ်ပေမဲ့ တောင်ပံကစားသမား ဆာကာတော့ မပါနိုင်သေးပါဘူး။ ဒီရာသီမှာ နူနိုဆန်းတို့ရဲ့ ဖောရက်အသင်းကို လျှော့တွက်လို့မရဘဲ အာဆင်နယ်အသင်းနဲ့ ရမှတ်တူနေပြီး ဂိုးကွာခြားချက်ကြောင့် အထက်အောက် ရပ်တည်နေတာ ဖြစ်ပါတယ်။ ဒီပွဲမှာ အာဆင်နယ်အသင်းက ဘော်ဒီကြေး တစ်လုံးခြောက်ဆယ်အရှုံးပေးထားပြီး ဂိုးပေါင်းကြေး သုံးလုံးခုနှစ်ဆယ်စား ဖြစ်ပါတယ်။ ဘော်ဒီကြေးနဲ့ ဂိုးပေါင်းကြေးက သဟဇာတ မဖြစ်ဘဲ ဒီပွဲမှာ အောက်ကြေး တစ်ခုခုစားဖို့ရှိနေပြီး စုံပေါ်မအောင်နိုင်တဲ့ ပေါက်ကြေးမျိုး ဖြစ်ပါတယ်။ အာဆင်နယ်အသင်းက ခြေစွမ်းအကျဘက်ကို ရောက်နေပြီး နောက်ဆုံး သုံးပွဲဆက် ဂိုးအောက်ထားသလို တိုက်စစ်ကလည်း တစ်ဂိုးသာ ရထားပါတယ်။ ဆာကာ မပါနိုင်တဲ့ အာဆင််နယ် တိုက်စစ်က ခံစစ်ကောင်းတဲ့ ဖောရက်အသင်းကို ဂိုးတွေအများကြီး သွင်းနိုင်ဖို့ ခက်ခဲနိုင်ပါတယ်။ အဝေးကွင်းဖောရက်အသင်းကလည်း ခံစစ်ကောင်းတဲ့ အာဆင်နယ်ခံစစ်ကို ဂိုးသွင်းနိုင်ဖို့ ခက်ပါတယ်။ သုံးလုံးသွင်းရင် ခုနစ်ဆယ်ရမယ်ဆိုတဲ့ ပေါက်ကြေးက ဂိုးပေါ်ခေါ်ထားတဲ့ ပေါက်ကြေးမျိုး ဖြစ်တဲ့အတွက် ဂိုးအောက် ကစားဖို့ ရွေးချယ်ပေးချင်ပါတယ်။
◾ အက်စတွန်ဗီလာ Vs ခရစ္စတယ်ပဲလေ့စ်
ဗီလာအသင်း နောက်ဆုံးလေးပွဲဆက် ရှုံးနိမ့်ထားပြီး
နောက်ပွဲတွေမှာလည်း ချန်ပီယံလိဂ်မှာ ဂျူဗင်တပ်အသင်းနဲ့ ကစားရမှာ ဖြစ်သလို ချဲလ်ဆီးအသင်းနဲ့ ပရီးမီးယားလိဂ်ပွဲ ကစားရမှာ ဖြစ်တာကြောင့် အခုအိမ်ကွင်းပွဲကို အနိုင်ရယူထားပြီး ယုံကြည်မှု တည်ဆောက်ထားဖို့ လိုနေပါတယ်။ ပဲလေ့စ်အသင်းက အဝေးကွင်း မကောင်းဘဲ အဓိက ကစားသမား ငါးယောက်လောက် ဒဏ်ရာ ရနေတာကြောင့် အိမ်ရှင်ဗီလာအသင်းကို ယှဥ်ကစားနိုင်ဖို့ ခက်ပါတယ်။ ဒီပွဲမှာ ဗီလာအသင်းက ဘော်ဒီကြေးတစ်လုံး သုံးဆယ်စားပေးထားပြီး ဂိုးပေါင်းကြေး သုံးလုံးခြောက်ဆယ်စား ဖြစ်ပါတယ် ။ အိမ်ရှင်ဗီလာအသင်း နိုင်ပွဲရချိန် ကြေးအောင်ချိန်တန်ပြီဖြစ်သလို အဝေးကွင်းညံ့တဲ့ ပဲလေ့စ်အသင်းနဲ့ တွေ့နေချိန်မှာ အနိမ့်ဆုံး တစ်ဂိုးအသာလောက်နဲ့ နိုင်အောင် ကန်နိုင်ပါတယ်။ ပြီးခဲ့တဲ့ ဖလားပွဲမှာတုန်းဆုံစဥ်က ဗီလာအသင်းက သရေအရှုံးသာ ပေးခဲ့ပေမဲ့ အခုပွဲစဥ်မှာ တစ်လုံးသုံးဆယ်စား ပေးထားတဲ့ ဗီလာအသင်းရဲ့ ပေါက်ကြေးက နိုင်မဲ့ကြေးပါ။ အိမ်ရှင်ဗီလာအသင်း အနိမ့်ဆုံး တစ်ဂိုးအသာလောက်နဲ့ နိုင်သွားမယ်လို့ ယူဆထားတဲ့အတွက် အက်စတွန်ဗီလာဘော်ဒီကို ရွေးချယ်ပေးချင်ပါတယ်။
◾ဘုန်းမောက် Vs ဘရိုက်တန်
ဘုန်းမောက်အိမ်ကွင်းက ကစားရခက်တဲ့အသင်းဆိုတာ အသင်းကြီးတွေကို အနိုင်ယူပြီး သက်သေပြထားပါတယ်။ အာဆင်နယ်နဲ့ မန်စီးတီးအသင်းတို့လိုအသင်းကြီးတွေတောင် အနိုင်ယူထားနိုင်တဲ့ ဘုန်းမောက်အသင်းရဲ့ အိမ်ကွင်းကို လျှော့တွက်လို့မရပါဘူး။ ဘရိုက်တန်အသင်းကလည်း လီဗာပူးအသင်းကို အကောင်းဆုံးယှဥ်ကစားပြခဲ့ပြီး မန်စီးတီးအသင်းကို အနိုင်ရထားတဲ့ ခြေစွမ်းက အရမ်းကောင်းနေတဲ့အတွက် တကယ်ကို အဆိပ်ပြင်းတဲ့ အသင်းနှစ်သင်း ထိပ်တိုက်တွေ့နေတယ်လို့ ပြောလို့ရပါတယ်။ ဒီပွဲမှာ ဘုန်းမောက်အသင်းက ဘော်ဒီကြေး ပြားတစ်ဆယ်အရှုံးပေးထားပြီး ဂိုးပေါင်းကြေး သုံးလုံးသရေဖြစ်ပါတယ်။ ဘော်ဒီကြေး ပျော့နေပေမဲ့ ဂိုးပေါင်းကြေးကသိသိသာသာ ပြင်းရှနေတာကို တွေ့ရတဲ့အတွက် နှစ်သင်းလုံး ဂိုးရနိုင်ပြီး တစ်ဖက်တစ်ဂိုးစီကနေ စကြည့်ရမယ်လို့ ယူဆထားပါတယ်။ နှစ်သင်းလုံးက ဂိုးသွင်းနိုင်တဲ့အသင်းတွေ ဖြစ်တဲ့အတွက် အနိမ့်ဆုံးသုံးဂိုးလောက်က အသာအယာ မြင်တွေ့ရနိုင်တာကြောင့် ဂိုးပေါ်တစ်မျိုးတည်း ရွေးချယ်ကစားစေချင်ပါတယ်။
◾အဲဗာတန် Vs ဘရန့်ဖို့
ဘရန့်ဖို့အသင်းက အိမ်ကွင်းငါးပွဲနိုင် တစ်ပွဲသရေကျထားပြီး အဝေးကွင်းငါးပွဲလုံး ရှုံးထားတာကြောင့် အဝေးကွင်းညံ့တယ်ဆိုတာ လုံးဝသိသာပါတယ်။ တစ်ဖက်က အဲဗာတန်အသင်းကတော့ အိမ်ကွင်းအားပြုကစားတတ်တဲ့ အသင်းမျိုး ဖြစ်တဲ့အတွက် အဝေးကွင်းညံ့တဲ့ ဘရန့်ဖို့အသင်းကို ဒုက္ခကောင်းကောင်း ပေးလာနိုင်ပါတယ်။ ဒီပွဲမှာ အဲဗာတန်အသင်းက ပြားနှစ်ဆယ်အရှုံးပေးထားပြီး ဂိုးပေါင်းကြေး သုံးလုံးရှစ်ဆယ်စား ဖြစ်ပါတယ်။ အဝေးကွင်းအရမ်းညံ့တဲ့ ဘရန့်ဖို့အသင်းအနေနဲ့ လှန်နိုင်သွားဖို့ မလွယ်ဘူးလို့ ယူဆထားပြီး အလွန်ဆုံးရရင် သရေ
လို့ပဲ ထင်ပါတယ်။ အဲဗာတန်အသင်းက အနိုင်နဲ့ သရေတစ်ခုခု ဖြစ်နိုင်ပြီး အိမ်ကွင်းမှာ မရှုံးနိုင်ဘူးလို့ ထင်ပါတယ်။ နောက်ဆုံးသုံးပွဲဆက် နိုင်ပွဲပျောက်နေပြီး နောက်ပွဲကလည်း မန်ယူအသင်းနဲ့ ပွဲကြပ်ကစားရမှာ ဖြစ်တာကြောင့် အဲဗာတန်အသင်းရဲ့ အိမ်ကွင်းရုန်းအားကို မြင်တွေ့ရနိုင်ပါတယ်။ အိမ်ရှင်အဲဗာတန်အသင်းကိုပဲ ပြားနှစ်ဆယ်ရင်းပြီး ကစားသင့်တယ်လို့ ယူဆထားတဲ့အတွက် အဲဗာတန်ဘော်ဒီကို ရွေးချယ်ပေးချင်ပါတယ်။
◾ဖူဟမ် Vs ဝုဗ်
ဖူဟမ်အသင်းရဲ့ တစ်လုံးသရေဆိုတဲ့ ဘော်ဒီကြေးက အရမ်းပြင်းရှနေပြီး ဂိုးပေါင်းကြေးကလည်း သုံးလုံးသရေလောက်ထိ ဖြစ်လာတာကြောင့် ဘော်ဒီကြေးရော ဂိုးပေါင်းကြေးပါ ထိုးတက်လာပါတယ်။ ဝုဗ်အသင်းက ပထမဆုံးနိုင်ပွဲ စ ရခဲ့သလို နောက်ဆုံးသုံးပွဲဆက် ရှုံးပွဲမတွေ့အောင် ကစားထားနိုင်တာကြောင့် ဖူဟမ်အသင်း အနေနဲ့ နှစ်ဂိုးပြတ်နိုင်ပါ့မလားဆိုတာ စိုးရိမ်စရာ ကောင်းပါတယ်။ နောက်ဆုံးဆယ်နှစ်ပွဲဆက် ဂိုးသွင်းထားနိုင်တဲ့ ဝုဗ်အသင်း ဒီပွဲမှာလည်း ဂိုးထပ်သွင်းနိုင်မယ်လို့ ယုံကြည်ထားသလို ဝုဗ်အသင်းတစ်ဂိုးရသွားရင် ဖူဟမ်အသင်းကြေးအောင်ဖို့ သုံးဂိုးသွင်းရမှာ ဖြစ်တဲ့အတွက် ဖူဟမ်အသင်းကို မကြိုက်ပါဘူး။ အမှတ်လုံလုံလောက်လောက်ရထားတဲ့ ဖူဟမ်အသင်းထက် ဝုဗ်အသင်းက အမှတ်ရဖို့ ပိုကြိုးစားလာနိုင်တဲ့ အနေအထားမှာ ဝုဗ်ဘော်ဒီကိုပဲ ကြိုက်ပါတယ်။ ဖူဟမ်အသင်း နိုင်ခဲ့ရင်တောင် တစ်ဂိုးအသာလောက်နဲ့ ကပ်နိုင်သွားနိုင်ပြီး နှစ်ဂိုးမပြတ်ဘူးလို့ ယူဆထားတဲ့အတွက် အောက်ကြေးဖြစ်တဲ့ ဝုဗ်ဘော်ဒီကို ရွေးချယ်ပေးချင်ပါတယ်။
◾မန်စီးတီး Vs စပါး
လေးပွဲဆက် ရှုံးပွဲတွေ့ထားတဲ့ နည်းပြကြီး ဂွါဒီယိုလာရဲ့ မန်စီးတီးအသင်း ဒီပွဲစဥ်မှာလည်း စပါးအသင်းနဲ့ ကစားရမှာ ဖြစ်တာကြောင့် ခက်ခဲဦးမဲ့ ပွဲစဥ်တစ်ပွဲ ဖြစ်ပါတယ်။ ဒီဘရိုင်းပြန်ပါလာမှာ ဖြစ်ပေမဲ့ ကွင်းလယ်ကစားသမား ရိုဒရီနဲ့ ကိုဗာဆစ်တို့ မပါနိုင်သေးကြောင့် လူငယ်ကစားသမားလေး ရီကိုလူးဝစ်ကို ဘာနာဒိုဆေးဗားနဲ့ တွဲဖက်အသုံးပြုလာနိုင်ပြီး ကွင်းလယ်မှာ ခံစစ်အဖျက်ကစားသမား မပါနိုင်ဘဲ စပါးအသင်းကို ရင်ဆိုင်ကစားရမှာပါ။ မန်စီးတီးအသင်းရဲ့ ခံစစ်က နောက်ဆုံးလေးပွဲမှာ ဆယ်ဂိုးထိ ပေးထားရတာကြောင့် စပါးတိုက်စစ်ကို ဂိုးပေးရနိုင်ပါတယ်။ ဒီပွဲမှာ မန်စီးတီးအသင်းက နှစ်လုံးကိုးဆယ်စားပေးထားပြီး ဂိုးပေါင်းကြေး လေးလုံးလေးဆယ်စား ဖြစ်ပါတယ်။ ဆွန်ဟောင်မင်း၊ ဆိုလန်ကီ၊ ဂျွန်ဆင်နဲ့ ကူလီဆက်စကီးတို့ ပါဝင်လာမဲ့ စပါးတိုက်စစ်ကို မန်စီးတီးအသင်း ဂိုးပေးရနိုင်သလို ဂိုးပေါင်းကြေးကလည်း စပါးအသင်းဂိုးရနိုင်တဲ့ ပေါက်ကြေး ဖြစ်နေပါတယ်။ အိမ်ရှင်မန်စီးတီးအသင်း ဂိုးရနိုင်သလို ခံစစ်ကလည်း အချိန်မရွေး ဂိုးပြန်ပေးရနိုင်ပါတယ်။ နှစ်လုံးကိုးဆယ်စားဆိုတဲ့ ဘော်ဒီကြေးမှာ အိမ်ရှင်မန်စီးတီးအသင်း တစ်ဂိုးအသာနဲ့ ကပ်နိုင်လို့ရသလို စပါးအသင်းကလည်း ဂိုးသွင်းနိုင်တယ်ဆိုတဲ့ အချက်ကြောင့် အဝေးကွင်းစပါးအသင်းကို ကြိုက်ပါတယ်။