၂၂.၁၁.၂၀၂၄
Written By Thandar
ဗီယက်နမ်နိုင်ငံက အိမ်ရှင်အနေနဲ့ ကျင်းပနေတဲ့ Mr World 2024 ပြိုင်ပွဲကြီးမှာ Beauty with a Purpose Top 5 List အထိ မြန်မာကိုယ်စားပြု Mr Sai Toung Law (စိုင်းတောင့်လော) ပါဝင်လာပါတယ်။
“၂၀၁၉ ကနေစပြီး သီပေါမြို့မှာ သင်တန်းသူ/သား (၁၅) ယောက်နဲ့ စခဲ့တဲ့ အခမဲ့ အင်္ဂလိပ်စာသင်တန်း Empower Education Campaign ဟာ အခု ကမ္ဘာ့စင်မြင့်ထက်မှာ Mr World 2024 ပြိုင်ပွဲရဲ့ Beauty with a Purpose Top 5 List ထဲ ပါသွားခဲ့ပြီ။ ကျွန်တော့်အနေနဲ့ အကောင်းဆုံး ကြိုးစားယှဉ်ပြိုင်မှုတွေ လုပ်ဆောင်နေပါတယ်။ မနက်ဖြန် ဖိုင်နယ်ပြိုင်ပွဲကြီးမှာလည်း အားပေးဝန်းရံပေးကြဦး” လို့ မြန်မာကိုယ်စားပြု Mr Sai Toung Law ကပြောပါတယ်။
နိုဝင်ဘာ ၅ ရက်မှ နိုဝင်ဘာ ၂၃ ရက်ထိ ဗီယက်နမ်နိုင်ငံမှာ ကျင်းပနေတဲ့ Mr. World 2024 ပြိုင်ပွဲကြီးမှာ မြန်မာနိုင်ငံကိုယ်စားပြုအနေနဲ့ ရှမ်းတိုင်းရင်းသားဖြစ်သူ Mister စိုင်းတောင့်လော- Sai Toung Law က နိုင်ငံတ ကာ အလှမောင်တွေနဲ့အတူ ဝင်ရောက်ယှဉ်နေတာလည်းဖြစ်ပြီး နိုဝင်ဘာ ၂၃ ရက်မှာ Final ပြိုင်ပွဲဝင်ရမှာ ဖြစ်ပါ တယ်။
ဒီပြိုင်ပွဲမှာ Julia Morley CBE နဲ့ Miss/Mr World Organization က Mr World 2024 ကိုယ်စားလှယ် လောင်းတွေက သူတို့ရဲ့ အံ့သြဖွယ်ကောင်းတဲ့ ပရဟိတအလုပ်အတွက် ဂုဏ်ပြုတဲ့အနေနဲ့ အားလုံးက အသိ အမှတ်ပြုလိုက်တာလည်းဖြစ်ပါတယ်။ Organization တွေ၊ အကဲဖြတ်ဒိုင်တွေက သေချာစဉ်းစားသုံးသပ်ပြီး အလှအပအတွက် ရည်ရွယ်ချက်တစ်ခုနဲ့ ထိပ်တန်းဆန်ခါတင် Top 5 ဦးကို ရွေးချယ်ခဲ့တာဖြစ်တယ်လို့ သိရပါ တယ်။
ရွေးချယ်ခံရတဲ့သူတွေကတော့ ဒိုမီနီကန်သမ္မတနိုင်ငံ ကိုယ်စားပြု Mr @juliopenah ၊ မြန်မာနိုင်ငံကိုယ်စားပြု Mr @saitounglaw ၊ တောင်အာဖရိကနိုင်ငံကိုယ်စားပြု Mr @2908_samuel ၊ စပိန်နိုင်ငံ ကိုယ်စားပြု Mr @tonicompany13 ၊ ဗီယက်နမ်နိုင်ငံကိုယ်စားပြု Mr @tuan.ngoc_တို့ ဖြစ်ပါတယ်။
“ကမ္ဘာ့ငြိမ်းချမ်းရေးအတွက် ရည်ညွှန်းတဲ့ ဝတ်စုံကို ဝတ်ဆင်ဖို့ စီစဉ်သွားခဲ့ပေမယ့် စင်ပေါ်ဝတ်ခွင့်မရတဲ့ အတွက် ဝမ်းနည်းမိပါတယ်။ ကိုယ်ကိုယ်တိုင် အနောက်က သင်္ကေတတွေ စာသားတွေ ရေးဆွဲထားတော့ ပြသခွင့်မရတာ နှမြောမိတယ်။ ဒါပေမယ့် ကျွန်တော်က ရှမ်းကိန္နရီဝတ်စုံ နဲ့ National Costume နဲ့ ဝင်ရောက်ယှဉ်ပြိုင်ခဲ့ပါတယ်” လို့သူကဆက်ပြောပါတယ်။
ဒီပြိုင်ပွဲရဲ့ Top 20 ကို အလိုအလျောက်တက်ပြီး အနိုင်ရသူတွေရဲ့ အမည်ကို နောက်ဆုံးပွဲမှာ ကြေညာမယ်လို့သိရပါတယ်။ နိုဝင်ဘာ ၂၃ ရက် ဗီယက်နမ် ဒေသစံတော်ချိန် ည ၇ နာရီမှာ www.mrworld.tv ၊ Mr World ရဲ့ YouTube တွေမှာ MR WORLD 2024 ပြိုင်ပွဲကြီးကို တိုက်ရိုက်ထုတ်လွှင့်မယ်လို့ သိရပါတယ်။