၂၂.၁၁.၂၀၂၄
Photo by Ye Kyaw
ကိုဗစ်ကပ်ရောဂါကြောင့် လေးနှစ်တာရပ်နားခဲ့ရတဲ့ ရန်ကုန်တိုင်း၊ ပုဇွန်တောင်မြို့နယ်က ရေကျော်ဈေးပွဲတာ်ကို ဒီနေ့ညမှာ ပြန်ပြီးကျင်းပမှာဖြစ်ပြီး ညနေပိုင်းမှာတော့ ကြိုတင်ပြင်ဆင်နေကြတာ ဖြစ်ပါတယ်။
ရေကျော်ဈေးပွဲတော်ဟာဆိုရင် NLD ထောက်ခံသူတချို့အနေနဲ့ ရန်ကုန်မြို့ကြီး အေးချမ်းစွာရှိစဉ်အချိန်ကလို့ လူမှုကွန်ရက်ပေါ်မှာ ဖော်ပြနေတဲ့ ဓာတ်ပုံတွေထဲမှာ အဓိက ပါဝင်ခဲ့တာဖြစ်ပါတယ်။
ဒီနေ့မှာဆိုရင် ရေကျော်ဈေးပွဲတော်ကြီးကို ပြန်ကျင်းပလိုက်တာကလည်း အေးချမ်းစွာနေထိုင်လိုတဲ့ ရန်ကုန်မြို့က ပြည်သူတွေက ရန်ကုန်မြို့အေးချမ်းနေတယ်ဆိုတဲ့ အဓိပ္ပါယ်ကို ဖော်ဆောင်နေတာဖြစ်ပါတယ်။
ဒီနေ့ညမှာလည်း MT News သတင်းဌာနအနေနဲ့ ရေကျော်ဈေးပွဲတော်ကြီး စည်ကားသိုက်မြိုက်စွာ ပြန်ကျင်းနေတာမှုတွေကို ဓာတ်ပုံတွေနဲ့တကွ ထပ်မံဖော်ပြပေးသွားမှာဖြစ်ပါတယ်။