၂၂.၁၁.၂၀၂၄
Written By Thandar
Body ကောက်ကြောင်း လှလှလေးကြောင့် ပရိသတ်ချစ်ခင်မှုကို ရရှိထားသလို သမီးလေးမွေးပြီးနောက်ပရိသတ်ချစ်ခင်မှုထပ်မံရရှိနေတဲ့ သရုပ်ဆောင် အိချောပိုကတော့ သမီးလေးကြောင့် ပရိသတ်ကစူစူကို ကြိုက်နှစ်သက်လာကြလို့လည်း ပီတိဖြစ်ရတယ်လို့ ဆိုပါတယ်။
“သမီးလေးက ၃ လနဲ့ ၁၀ ရက် ရှိသွားပြီ။ ရက် ၁၀၀ ပြည့်ပွဲလေးလုပ်ဖြစ်တယ်။ စူစူက ကလေးမွေးထားတော့ ဝိတ်ကတော့ ခု ပြန်ထိန်းနေပါတယ်။ စူစူတို့ အိမ်ထောင်စကျကတည်းက သူ့အဖေက သမီးလေး လိုချင်တာပါ။ တကယ်လို့ သမီးလေးရရင်ပေါ့။ သမီးလေးရဲ့ နာမည် Izabelle Mone@Izzy လို့ သူ့အဖေပေးထားတာ ကိုယ်ဝန်မရခင်ကတည်းက ပေးထားတာပါ။ သမီးမိန်းကလေးချစ်ကြတာဆိုတော့ သမီးလေးရလို့လည်း ပျော်ပါတယ်။ ပရိသတ်တွေ စူစူကို ချစ်ပေးသလို သမီးလေးကို ဝိုင်းချစ်ပေးလို့လည်း ကျေးဇူးတင်ပါတယ်။ အိချောပိုကို အစတုန်းက မကြိုက်ဘူး။ သမီးလေးမွေးလာမှ ကြိုက်သွားတယ်ဆိုတဲ့ Comment တွေကို ဝမ်းသာရပါတယ်။ ဘာပဲဖြစ်ဖြစ် ပီတိဖြစ်ရပါတယ်”လို့ သရုပ်ဆောင် အိချောပိုကပြောပါတယ်။
သူမက ကျားဖမ်းမယ် ရုပ်ရှင်ဇာတ်ကားကြီး ရိုက်ကူးထားတာလည်းဖြစ်ပြီး သမီးလေး Izabelle Mone@Izzy ကတော့ မကြာခင်ရက်ပိုင်းကပဲ ရက် ၁၀၀ ပြည့်မွေးနေ့လေး လုပ်ခဲ့တာလည်း ဖြစ်ပါတယ်။ အိချောပိုကတော့ သမီးလေးကို ဆရာမနဲ့သေချာထားပြီး ကြော်ငြာလေးတွေ လက်ခံရိုက်ကူးဖြစ်နေတယ်လို့ သိရပါတယ်။ သမီးလေး ဝါသနာပါတဲ့အရာတွေကို ဖြည့်ဆည်းပေးသွားမယ်လို့ ဆိုပါတယ်။
“မိခင်တစ်ယောက်ရဲ့ ခံစားချက်ကတော့ စူစူကိုယ်တိုင်လည်း ဘယ်သွားသွား အမေအမြဲပါတော့ ဒီခံစားချက်လေးကို သိသွားပါတယ်။ တဖြည်းဖြည်း သိလာလေဆိုတော့ ပီတိဖြစ်တယ်။ ချစ်မဝဘူးပေါ့နော်။ သမီးလေးက သူ့အဖေနဲ့တူတယ်။ သမီးက ခပ်တည်တည်နဲ့ ချစ်စရာလေးဆိုတော့လေ။ သမီးလေးမို့ ကိုယ်ဆင်ချင်တာ ဆင်လို့ရတာပေါ့။ သူကတော့ စူစူရဲ့ သဘောပါပဲ။ ကလေးထပ်ယူချင်လည်း ယူ မယူချင်လည်း ရပါတယ်။ ဘာမှတော့ မပြောပါဘူး။ စူစူ့မိသားစုကို ချစ်ပေးလို့ ကျေးဇူးတင်ပါတယ်။ အနုပညာသမားဖြစ်လို့ အနုပညာအလုပ်တွေ ဆက်လုပ်မှာပါ ”လို့ သူမက ဆက်ပြောပါတယ်။