၂၁. ၁၁. ၂၀၂၄
Written by Nay Moe
TNLA နယ်မြေလုယက်သိမ်းယူထားသလို လက်ရှိကာလမှာ ထိုးစစ်အဆင်ခံနေရပြီလို့ MT News ကနဦး စုံစမ်းသိထားရတဲ့ နောင်ချိုမြို့နယ်မှာ လေကြောင်းက ဗုံးကြဲချမှုကြောင့် ၂ ဦး သေဆုံးပြီး ၅ ဦး ထိခိုက်ဒဏ်ရာရရှိတယ်လို့ TNLA က ပြောလာပါတယ်။
ဒီညမှ ထုတ်ပြန်ပေမဲ့ ဖြစ်စဥ်ဖော်ပြရာမှာတော့ မနေ့က ညနေ ၃ နာရီအချိန်က TNLA နယ်မြေလုယူထားတဲ့ နောင်ချို၊ ကုန်းကြီးကျေးရွာကို ဂျက်ဖိုက်တာနဲ့ ဗုံး(၂)လုံးကြဲချလို့ ဘုန်းကြီးကျောင်းအတွင်း ကျရောက်ပေါက်ကွဲပြီး ကျောင်းဝန်းထဲက အသက် ၂၃ နှစ်အရွယ်အမျိုးသမီးတစ်ဦးသေဆုံးကာ အမျိုးသား ၂ ဦး ဒဏ်ရာရရှိပြီး ညသန်းခေါင်ယံ ၁၂ နာရီအချိန်မှာလည်း ကံကြီးကျေးရွာကို ဂျက်ဖိုက်တာနဲ့ ၃ ကြိမ် ဗုံးလာရောက်ကြဲချလို့ အမျိုးသား ၁ ဦးထိမှန်သေဆုံးသလို ၃ ဉီးထိမှန်ဒဏ်ရာရရှိခဲ့တယ်လို့ TNLA က ပြောပါတယ်။
TNLA ၊ AA ၊ MNDAA တို့လို အကြမ်းဖက်အဖွဲ့အစည်းအဖြစ် သတ်မှတ်ခံထားရတဲ့ အဖွဲ့တွေကို တုံ့ပြန်တော့မှာဖြစ်လို့ ပြည်သူကို လူသားဒိုင်းလို အကာအကွယ်ယူနေတဲ့ အကြမ်းဖက်အဖွဲ့တွေအနီး မနေဖို့ လက်ရှိ အစိုးရက သတိပေးထားသလို နိုင်ငံပိုင်မီဒီယာတွေကလည်း နေ့စဥ်သတိပေးထားပါတယ်။
ဒီ သတိပေးချက်ကြောင့် နောင်ချိုမြို့အပါအဝင် အကြမ်းဖက်အဖွဲ့သိမ်းယူထားရာမြို့လို့ သတ်မှတ်ခံထားရတဲ့ နေရာတိုင်းမှာ၊ ဘုန်းကြီးကျောင်းတွေပါ လက်နက်ကိုင်တွေက အပိုင်စီးထားကြတဲ့ အခြေအနေမှာ၊ အကြမ်းဖက်သတ်မှတ်ခံရတဲ့ လက်နက်ကိုင်တွေ ရှိရာနေရာကို လေကြောင်းတိုက်ခိုက်မှုခံနေရတာ နှစ်လကျော်လာပြီဖြစ်ပြီး ဒီတိုက်ခိုက်မှုတိုင်းကိုလည်း TNLA ၊ AA ၊ MNDAA တို့လို အကြမ်းဖက်အဖွဲ့အစည်းအဖြစ် သတ်မှတ်ခံထားရတဲ့ အဖွဲ့တွေက သူတို့ တပ်ဖွဲ့ဝင်ထိလည်း ပြည်သူပဲထိတာလို့ ဖုံးကွယ်ပြီး လိမ်လည် ထုတ်ပြန်ကြတာကြောင့် MT News က TNLA ထုတ်ပြန်လာတဲ့ ထိခိုက်တဲ့သူတွေဟာ သာမန်လူလား အကြမ်းဖက်သတ်မှတ်ခံထားရတဲ့ လက်နက်ကိုင်အဖွဲ့အစည်းကလူတွေလားဆိုတာတော့ အတည်မပြုနိုင်ပါဘူး။