၂၁.၁၁. ၂၀၂၄
Translated by Htwe Ko Tun
ယူကရိန်းနိုင်ငံက နိုဝင်ဘာလ ၂၀ ရက်မှာ ရုရှားနိုင်ငံအတွင်းပိုင်းထိ ယူကေလုပ် Storm Shadow တာဝေးပစ်ဒုံးကျည်တွေနဲ့ တိုက်ခိုက်ခဲ့ပြီးနောက်မှာ နိုဝင်ဘာလ ၂၁ ရက်မှာတော့ ပထမဆုံးအကြိမ် ICBM ခေါ် နျူကလီးယားထိပ်ဖူးပါတပ်ပြီးပစ်ခတ်နိုင်တဲ့ တာဝေးပစ်တိုက်ချင်းပစ်ဒုံးပျံတွေနဲ့ ယူကရိန်းနိုင်ငံအလယ်ပိုင်း ဒီနီပရိုမြို့ကို ရုရှားဘက်က ပြန်လည်ပစ်ခတ်ခဲ့တယ်လို့ သိရပါတယ်။
ICBM ဒုံးပျံကို ရုရှားနိုင်ငံတောင်ပိုင်း အက်စထရာခန်ဒေသ ကနေ ပစ်ခတ်ခဲ့တာလို့ ယူကရိန်းလေတပ်က ပြောခဲ့ပါတယ်။ဒါပေမယ့် ဒုံးပျံအမည်အမျိုးအစားကိုတော့ မပြောကြားခဲ့ပါဘူး။
ဒီတိုက်ခိုက်မှုမှာ ဒုံးပျံရှစ်စင်းနဲ့တိုက်ခိုက်ခဲ့တာလို့ ယူကရိန်းက ပြောခဲ့ပြီး ခြောက်စင်းကို ပစ်ချနိုင်ခဲ့တယ်လို့ ဆိုပါတယ်။ကျန် ဒုံးပျံတွေမှာလည်း သိသာတဲ့နောက်ဆက်တွဲ ထိခိုက်ပျက်စီးမှု မရှိခဲ့ဘူးလို့ ယူကရိန်းလေတပ်က ဆိုပါတယ်။
ဒေသအုပ်ချုပ်ရေးမှူး ဆာဂျီ လီဆက် ကတော့ Dnipro မြို့မှာ စက်မှုလုပ်ငန်းတစ်ခု ကြီးမားစွာထိခိုက် ပျက်စီးခဲ့ပြီး မြို့ထဲမှာ မီးလောင်မှုနှစ်နေရာ ဖြစ်ခဲ့တယ်လို့ ပြောခဲ့ပါတယ်။
ရုရှားအစိုးရ ပြောရေးဆိုခွင့်ရှိသူ ဒီမီထရီ ပက်စ်ကော့ဗ်က တစ်စုံတစ်ရာပြောကြားဖို့ငြင်းဆိုခဲ့ပြီး ဖြစ်ရပ်နဲ့ပတ်သက်လို့ကာကွယ်ရေးဝန်ကြီးဌာနသို့မေးရန်သာ ပြောခဲ့ပါတယ်။
ရုရှားရဲ့ ဒီတုံ့ပြန်မှုက ယူကရိန်းအပြင် ယူကရိန်းကို တာဝေးပစ် ATACMS တာဝေးပစ်ဒုံးနဲ့ စတင် ပစ်ခတ်ခွင့်ပြုခဲ့တဲ့ အမေရိကန်၊ Storm Shadow နဲ့ ပစ်ခတ်ဖို့ခွင့်ပြုခဲ့တဲ့ ဗြိတိန်ကိုပါ သတိပေးတဲ့သဘောသာသက်ရောက်ပြီး ရုရှားပစ်လွှတ်တဲ့ ICBM ဟာ မိုင်ပေါင်း ၃၄၀၀ အထိ ပစ်ခတ်နိုင်တာ၊ နျူထိပ်ဖူးပါဖွယ်မရှိတာကိုလည်း သုံးသပ်ဖော်ပြနေကြပါတယ်။
Ref-Xinhua