၂၁. ၁၁. ၂၀၂၄
Written by Nay Moe
Asian News Network အပါအဝင် နိုင်ငံတကာမီဒီယာတွေမှာ ရခိုင်အကြမ်းဖက်လက်နက်ကိုင် သူပုန်အဖွဲ့ AA ဟာ ဘင်္ဂလားဒေ့ရှ်နိုင်ငံသား ၂၀ ကို ပြန်ပေးဆွဲသွားခဲ့တယ်လို့ ရေးသားဖော်ပြခံရပြီးတဲ့နောက် AA ဟာ သူဖမ်းဆီးထားတဲ့ ဘင်္ဂါလီရေလုပ်သား ၂၀ ကို ပြန်လွှတ်ပေးခဲ့ပေမဲ့ စက်လှေတွေကိုတော့ ဆက်လက်လုယက်ဖမ်းဆီးထားဆဲဖြစ်ပါတယ်။
ရခိုင်လက်နက်ကိုင် AA က ဘင်္ဂါလီ ၂၀ ကို နတ်မြစ်အတွင်း ပြန်ပေးဆွဲမှုဖြစ်စဥ်က နိုဝင်ဘာ ၅ ရက်မှာ ဖြစ်ပွားခဲ့တာဖြစ်ပြီး ဒီပြန်ပေးဆွဲမှုဖြစ်စဥ်က ဘင်္ဂလားဒေ့ရှ်ရေပိုင်နက်မှာဖြစ်ခဲ့တာလို့ ဘင်္ဂလားဒေ့ရှ်၊ မလေးရှားက မီဒီယာတွေနဲ့ MT News က ဖော်ပြခဲ့သလို ANN ကလည်း ဖော်ပြအပြီးမှာ AA ကလည်း ဖမ်းဆီးထားတဲ့ ဘင်္ဂလားဒေ့ရှ်နိုင်ငံသား ၂၀ ဟာ ငါးဖမ်းလုပ်ငန်းရှင်ပါမလာတဲ့ ဆင်းရဲသား ငါးဖမ်းသမားတွေလို့ စစ်ဆေးသိရတာကြောင့် နိုဝင်ဘာ ၇ ရက်မှာတင် ဘင်္ဂလားဒေ့ရှ်အာဏာပိုင်တွေဆီ ပြန်ပေးဆွဲခံ ဘင်္ဂလားဒေ့ရှ်နိုင်ငံသား ၂၀ ကို ပြန်လွှဲပေးခဲ့ပေမဲ့ မနေ့က နိုဝင်ဘာ ၂၀ ရက်ညကြမှ သတင်းထုတ်ပြန်လာတာပါ။
ရခိုင်လက်နက်ကိုင် AA ဟာ ဒီဖြစ်စဥ်မှာ ဘင်္ဂလားဒေ့ရှ်နိုင်ငံသားတွေက ငါးခိုးဖမ်းတာလို့ အကြောင်းပြခဲ့သလို ဘင်္ဂါလီတွေဆီက ဖမ်းဆီးထားတဲ့ ငါးဖမ်းလှေ ၁၅ စီးကိုလည်း စစ်ရေးအကြောင်းပြချက်နဲ့ ဆက်ဖမ်းထားပြီး နိုဝင်ဘာ ၂၀ ရက်မှာမှ ၇ စီးကို လွှဲပြောင်းပေးပေမဲ့ ၈ စီးကိုတော့ ဆက်လက်လုယက်သိမ်းဆည်းထားတာပါ။
ပုံစာ။ ဘင်္ဂလားဒေ့ရှ်နိုင်ငံသား ၂၀ ကို ရခိုင်သူပုန် AA က ပြန်ပေးဆွဲတယ်လို့ နိုင်ငံတကာမီဒီယာတွေက ရေးသားဖော်ပြခဲ့မှုအချို့ တွေ့ရစဥ်။