၂၀. ၁၁. ၂၀၂၄
Written by Thettant
ဝန်ကြီးချုပ်ဟောင်းဦးဗဆွေရဲ့ သားဖြစ်သူ ဦးနေမျိုးဗဆွေဟာ အသက် ၇၈ နှစ်အရွယ် မနေ့ကည သန်းခေါင်ယံအချိန်မှာ ကွယ်လွန်သွားခဲ့ပြီလို့ သားဖြစ်သူက အသိပေးထားပါတယ်။
“ဉီးနေမျိုးဗဆွေ အသက်(၇၈)နှစ် ယနေ့ည ၁ နာရီမိနစ် ၃၀ တွင် ကွယ်လွန်အနိစ္စရောက်ပါသည်ခင်ဗျာ။ သောကြာနေ့တွင်ရေဝေးသုသာန်တွင် မီးသင်္ဂြိုဟ်ပါမည်ခင်ဗျာ။ အားလုံး အသုဘရှူရန် ဖိတ်ကြားအပ်ပါသည်ခင်ဗျာ။ ကန်လမ်း၊ ကန်ရိပ်မွန်ကွန်ဒိုတွင် ကွယ်လွန်အနိစ္စရောက်ပါသည်ခင်ဗျာ”လို့ သားဖြစ်သူ ကိုနေမျိုးဦးက လူမှုကွန်ရက်မှာ ဖော်ပြထားပါတယ်။
ဦးဗဆွေဟာ နိုင်ငံတော်ဝန်ကြီးချုပ်အဖြစ် ၁၉၅၆ – ၁၉၅၇ ခုနှစ်မှာ တာဝန်ယူခဲ့ဖူးပြီး ဒုတိယဝန်ကြီးချုပ်၊ ကာကွယ်ရေးဝန်ကြီးတာဝန်တွေ ထမ်းဆောင်ခဲ့ဖူးသူဖြစ်သလို သားသမီးဆယ်ဦး မွေးဖွားရာမှာ အခုကွယ်လွန်သူ ဦးနေမျိုးဗဆွေဟာ ဒုတိယမြောက်သားဖြစ်ပြီး ဦးဗဆွေရဲ့ နိုင်ငံရေးအမွေဆက်ခံသူအဖြစ်မူ ဦးနေဖူးဗဆွေက လူသိများပါတယ်။
အသက် ၇၈ နှစ်အရွယ်မှာ ကွယ်လွန်သွားတဲ့ ဦးနေမျိုးဗဆွေကို လာမယ့် သောကြာနေ့ နိုဝင်ဘာ ၂၂ ရက် နေ့လယ် ၁ နာရီမှာ သင်္ဂြိုဟ်မှာလည်း ဖြစ်ပါတယ်။ (Photo – Nay Myo Oo)