၁၈. ၁၁. ၂၀၂၄
Written by Nay Moe
TNLA နယ်မြေလုယက်သိမ်းယူထားတဲ့ ကွတ်ခိုင်မြို့ ရပ်ကွက် (၄) မှာ ဂျက်ဖိုက်တာနဲ့ ဗုံးကြဲတိုက်ခိုက်မှုကြောင့် လူ ၃ ဦး သေဆုံးပြီး ၁၃ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ သိရပါတယ်။
ဖြစ်စဥ်က နိုဝင်ဘာ ၁၇ ရက် ည ၁၁ နာရီ ၄၇ မိနစ်အချိန်မှာ ဗုံးကြဲတိုက်ခိုက်ခဲ့တာဖြစ်ပြီး လူ ၃ ဦးသေဆုံးမှုအပြင် အမျိုးသား ၇ ဦးနဲ့ အမျိုးသမီး ၆ ဦး ဗုံးစထိမှန်ဒဏ်ရာရရှိခဲ့ပြီး နေအိမ် ၈ လုံး ထိမှန်ပျက်စီးသွားခဲ့ပါတယ်။
အလားတူ နိုဝင်ဘာ ၁၇ ရက်နေ့မှာပဲ မိုင်းငေါ့မြို့ပေါ် ဂျက်ဖိုက်တာနဲ့ ပေါင် ၃၀၀ ဗုံး ၂ လုံး လာရောက်ကြဲချတိုက်ခိုက်တာကြောင့် လူ ၅ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ပါသေးတယ်။
TNLA ၊ AA နဲ့ MNDAA တို့ဟာ မြို့သိမ်းတိုက်ပွဲတွေ ဆင်နွှဲပြီး ပြည်သူရာချီ သတ်ဖြတ်လုယက်မှုကျုးလွန်ခဲ့တာကြောင့် စက်တင်ဘာ ၂ ရက်ကစပြီး ဒီသုံးဖွဲ့ကို အကြမ်းဖက်အဖွဲ့အဖြစ် သတ်မှတ်ခဲ့သလို တုံ့ပြန်တော့မယ်လို့ SAC အစိုးရက သတိပေးထားပြီး ဒီအကြမ်းဖက်တွေက ပြည်သူလူထုကို လူသားဒိုင်းလိုအကာအကွယ်ယူနေလို့ အကြမ်းဖက်သူတွေနားမနေထိုင်ဖို့ နိုင်ငံပိုင်မီဒီယာတွေကတစ်ဆင့် နေ့စဥ်သတိပေးပြီးမှ တိုက်ခိုက်နေတာဖြစ်ပါတယ်။