၁၆.၁၁.၂၀၂၄
Written By Thandar
ခေါင်းအစခြေအဆုံး လှပစေဖို့အတွက် “Beauty Channel” ဆိုင်ဖွင့်ပွဲကို ယနေ့ နိုဝင်ဘာ ၁၆ ရက် နံနက် ၉ နာရီက ရန်ကုန်မြို့ သာကေတမြို့နယ် မြင်တော်သာလမ်းရှိ နဝင်းကြားမှတ်တိုင်ထိပ် အမှတ် ၄၄၃ ပထမထပ်မှာ နာမည်ကြီး အနုပညာရှင်တွေနဲ့အတူ ဖဲကြိုးဖြတ်ဖွင့်လှစ်ခဲ့ကြပါတယ်။
“ဒီနေ့ကတော့ “Beauty Channel” ဆိုင်ဖွင့်ပွဲကို တက်ရောက်ဖြစ်တာက အကြည်ကိုချစ်လို့လာဖြစ်တာပါ။ အကြည်ကတော့ ကိုယ်ချစ်ရတဲ့အကြည်ပေါ့။ အကြည် ပရိသတ်ပေါ့။ အကြည်ကိုချစ်တော့ အကြည်က လာဆိုတော့ လာတက်ရောက်အောင်လာခဲ့တာပါ။ ဘာလို့လဲဆိုတော့ မထက် နေသိပ်မကောင်းဘူး။ ချောင်းဆိုးရာကနေ အဖျားကြီးသွားတာမို့လေ။ ချောင်းဆိုးက ကျန်နေတော့လေ။ မသွားပေးရင် စိတ်မကောင်းဖြစ်မှာစိုးလို့ပါ။ ဒီဆိုင်ကလည်း သူ့တို့ စီးပွားရေးအတွက် ကြိုးစားကြသူတွေလည်းဖြစ်တယ်။ ကိုယ်တွေကို အကူအညီတောင်းကြတဲ့ ပတ်သက်မှုက အပြန်အလှန်ရှိကြတာမို့ အကောင်းဆုံး အထောက်အကူပြုပေးနိုင်မလဲလို့ လာဖြစ်တာပါ။ ဒီဆိုင် ဆံပင် လက်သည်းခြေသည်း အပြင် Spa နဲ့ပတ်သက်တာလည်း ရပါတယ်။ လာဖို့ဖိတ်ခေါ်ပါတယ် ” လို့ အကယ်ဒမီထက်ထက်မိုးဦးကပြောပါတယ်။
အဆိုပါ ဆိုင်ဖွင့်ပွဲကိုတော့ နာမည်ကြီး အနုပညာရှင်တွေဖြစ်တဲ့ ထပ်ဆင့်အကယ်ဒမီ ထက်ထက်မိုးဦး၊ အဆိုတော် မေခလာ၊ Facebook Cele အန်တီကြည်၊ မော်ဒယ်လ် ကောင်းကင်ယံ၊ မော်ဒယ်လ် သျှိုးထက်အောင် စတဲ့ တာဝန်ရှိသူတွေက တက်ရောက်ဖဲကြိုးဖြတ်ဖွင့်လှစ်ခဲ့ပါတယ်။ အဆိုတော် မေခလာကတော့ တေးသီချင်း နှစ်ပုဒ်နဲ့ သီဆိုဖျော်ဖြေပေးခဲ့ပါတယ်။ Beauty Channel ဆိုင်ဖွင့်ပွဲ အထိမ်းအမှတ်အနေနဲ့ ဈေးနှုန်းတွေကို လျှော့ ပြီး ပရိုမိုးရှင်းတွေအများကြီး ပေးထားတယ်လို့လည်း သိရပါတယ်။