November 17, 2024
photo_2024-11-16_15-28-58

၁၆.၁၁.၂၀၂၄
Translated by Htwe Ko Tun

‘ကျွန်တော်တို့က မြန်မာနိုင်ငံက ဘင်္ဂါလီတွေပါ’ လို့ရေးထားတဲ့ သုံးထပ်သားပြားတစ်ချပ်ကို ကိုင်ဆောင်ထားတဲ့ တရားမဝင်ရောက်လာတဲ့ ဘင်္ဂါလီလူမျိုး ၇၀ ခန့်ကို ထိုင်းနိုင်ငံတောင်ပိုင်း ကျွန်းငယ်တစ်ခုမှာ ဖမ်းဆီးမိခဲ့တယ်လို့ ထိုင်းနိုင်ငံတာဝန်ရှိသူတစ်ဦးက နိုဝင်ဘာလ ၁၆ ရက်မှာ ပြောခဲ့ပါတယ်။ ဒါက ဘင်္ဂါလီတွေအနေနဲ့ ထိုင်းနိုင်ငံသို့ တရားမဝင် ဝင်ရောက်မှုတွေမှာ နောက်ဆုံးအသုတ်လည်း ဖြစ်ခဲ့ပါတယ်။

ဖမ်းဆီးမိတဲ့တရားမဝင်ရွှေ့ပြောင်းသူတွေက သူတို့ဟာ မြန်မာနိုင်ငံမှ မွတ်ဆလင်ဘာသာဝင်တွေဖြစ်ပြီး မလေးရှား ဒါမှမဟုတ် အင်ဒိုနီးရှားနိုင်ငံကို ဦးတည်သွားနေကြတယ်လို့ ပြောခဲ့တယ်လို့ သိရပါတယ်။

မြန်မာနိုင်ငံအတွင်းမှာက ဘင်္ဂါလီတွေကို မြန်မာနိုင်ငံအတွင်း တောင်အာရှဒေသမှ တရားမဝင်ခိုးဝင် နေထိုင်သူတွေအနေနဲ့ မှတ်ယူထားကြပြီး နိုင်ငံသားဖြစ်ခွင့်လည်းမပေးပါဘူး။

ဖန်င ပြည်နယ် ရဲတပ်ဖွဲ့မှူး ဆွမ်ကိန်း ဖိုသီဆရီက အစောပိုင်းစစ်ဆေးချက်တွေမှာတော့ သူတို့က မြန်မာနိုင်ငံက မွတ်ဆလင်တွေဖြစ်ပြီး မလေးရှား ဒါမှမဟုတ် အင်ဒိုနီးရှားကိုသွားဖို့ ထွက်လာကြတာလို့ ပြောကြတာပဲလို့ ဆိုခဲ့ပါတယ်။

ဒါပေမယ့် ဖန်င ပြည်နယ်အုပ်ချုပ်ရေးမှူး ဆူပိုဂျ် ရိုဒရန်က “ထိုင်းနိုင်ငံထဲ တရားမဝင် ဝင်လာတဲ့သူတို့ကို ဘင်္ဂါလီတွေလို့ပဲပြောမလား၊ မြန်မာနိုင်ငံသားတွေလို့ပြောမလား ကျွန်တော်တို့လည်း မဆုံးဖြတ်နိုင်ဘူး၊ အာဏာပိုင်တွေကတော့ စစ်ဆေးနေတုံးပါ” လို့ပြောခဲ့ပါတယ်။

အထူးသဖြင့် ပင်လယ်ပြင်မှာ လှိုင်းလေငြိမ်သက်တဲ့ အောက်တိုဘာလကနေ ဧပြီလအတွင်းမှာဆိုရင် ဘင်္ဂါလီတွေဟာ ခနော်ခနဲ့ မခိုင်မာတဲ့ သစ်သားစက်လှေတွေနဲ့ မွတ်ဆလင်အများစုရှိရာ မလေးရှားနဲ့ အင်ဒိုနီးရှားတို့ကို ဦးတည်ပြီး ပင်လယ်ပြင်ကိုဖြတ်သန်းကြပါတယ်။ အောက်တိုဘာလထဲမှာဆိုရင် ရာနဲ့ ချီတဲ့ ဘင်္ဂါလီတွေဟာ စက်လှေတွေနဲ့အင်ဒိုနီးရှားကိုရောက်ခဲ့ကြပါတယ်။

Ref- Bangkok Post

Leave a Reply

Your email address will not be published. Required fields are marked *