November 17, 2024
photo_2024-11-16_13-42-05

၁၆.၁၁.၂၀၂၄
Translated by Htwe Ko Tun

ကမ္ဘာ့ကြေးစားလက်ဝှေ့သမိုင်းမှာ အသက်အငယ်ဆုံး ဟဲဗီးဝိတ်ချန်ပီယံဖြစ်ခဲ့ဖူးပေမဲ့ လက်ရှိ အသက် ၅၈ နှစ် ရှိပြီဖြစ်တဲ့ မိုက်တိုင်ဆန်ဟာ အသက် ၂၇ နှစ်သာရှိသေးတဲ့ YouTube လူမှုကွန်ရက်ပေါ်က နာမည်ကျော်သရုပ်ဆောင်လည်းဖြစ်တဲ့ ဂျိတ်ပေါလ်နဲ့ အမေရိကန်ပြည်ထောင်စု တက္ကဆက်ပြည်နယ်၊ အာလင်တန်မြို့မှာ နိုဝင်ဘာလ ၁၅ ရက်ညက ထိုးသတ်ခဲ့ကြရာမှာ အဋ္ဌမအချီမှာတော့ ဒိုင်လူကြီး သုံးဦးစလုံးက တစ်ညီတစ်ညွတ်ထဲ ဂျိတ်ပေါလ်ကို အနိုင်ပေးခဲ့ကြပါတယ်။

မိုက်တိုင်ဆန်ဟာ ရှစ်ချီမြောက်အထိ ခုခံထိုးထားနိုင်ပေမယ့် ဆက်လက်ပြီးခုခံနိုင်စွမ်းမရှိတော့တာမှာ ဒိုင်လူကြီးတွေက ခုလို ဂျိတ်ပေါလ်ကို အနိုင်ပေးခဲ့ကြတာပါ။ သူက ပထမနှစ်ချီမှာ စတင်ထိုးသတ်တိုက်ခိုက်နိုင်ခဲ့ပေမယ့် ထိုးသတ်အားကျလာကာ နောက်ဆုံးအချီမှာတော့ ဂျိတ်ပေါလ်ရဲ့ ထိုးနှက်မှုကို အဆက်မပြတ်ခံနေရပါတော့တယ်။

ပွဲအပြီးမှာတော့ မိုက်တိုင်ဆန်က ချန်ပီယံဆုက သူ့အတွက်ပဲဆိုတာ သူ့အနေနဲ့ ကမ္ဘာကိုသက်သေမပြနိုင်ခဲ့ဘူးလို့ ပြောခဲ့ပါတယ်။ ဟဲဗီးဝိတ် ချန်ပီယံဟောင်းက သူ့ထက် ၃၁ နှစ်ငယ်တဲ့ ဂျိတ်ပေါလ်ကို လက်ဝှေ့သမားကောင်းတစ်ဦးလို့ ချီးကျူးခဲ့ပါတယ်။

သူ့ကို ဂျိတ်ပေါလ်နဲ့ နောက်တစ်ကြိမ်ထိုးသတ်ကြဦးမလားမေးရာမှာတော့ သူက သူ့အနေနဲ့ နောက်တစ်ချီ ဂျိတ်ပေါလ်နဲ့ထိုးဖို့ ကြံရွယ်ထားတယ်လို့ ပြောခဲ့ပါတယ်။

Ref- NZ Herald

Leave a Reply

Your email address will not be published. Required fields are marked *