November 17, 2024
photo_2024-11-16_11-25-29

၁၆. ၁၁ .၂၀၂၄
Written by Hey Mar

အရှိန်လွန်မောင်းနှင်လာတဲ့ Toyota Kluger ယာဉ်တစ်စီးက လမ်းဘေးပလက်ဖောင်းပေါ် ရောက်ရှိကာ အဆောက်အဦတစ်ခုကို ဝင်တိုက်ခဲ့တာကြောင့် ယာဉ်ပေါ်ပါ လူလေးဦးအပြင် ရပ်ရွာလုံခြုံရေး ဆောင်ရွက်နေတဲ့ ရဲတပ်သားတချို့လည်း ထိခိုက်ဒဏ်ရာရရှိခဲ့တဲ့ဖြစ်စဉ် ဒီနေ့ နိုဝင်ဘာ ၁၆ ရက် မနက် ၂ နာရီဝန်းကျင်က မန္တလေးမြို့မှာ ဖြစ်ပွားခဲ့တယ်လို့ သိရပါတယ် ။

ဖြစ်စဉ်က မန္တလေးမြို့ ၆၂ လမ်း၊ ၃၇ လမ်းနဲ့ ၃၈ လမ်းကြားမှာ ဖြစ်ပွားခဲ့တာပါ။ အဆိုပါ ယာဉ်တိုက်မှု ဖြစ်စဉ်ကြောင့် ယာဉ်ပေါ်ပါ အမျိုးသားတစ်ဦး၊ အမျိုးသမီး သုံးဦး ထိခိုက်ပွန်းပဲ့ (မစိုးရိမ်ရ)ဒဏ်ရာတွေရရှိခဲ့‌သလို အဆောက်အဦရှေ့မှာ ရပ်ရွာ လုံခြုံရေး ရယူနေတဲ့ ရဲဝန်ထမ်း သုံးဦးကိုလည်း တိုက်မိပေမဲ့ တိမ်းရှောင်လိုက်နိုင်တဲ့အတွက် ပေါက်ပြဲပွန်းပဲ့ဒဏ်ရာတွေ‌လောက်သာရရှိခဲ့တယ်လို့ သိရပါတယ်။ တိုက်မိတဲ့ ယာဉ်အပါအဝင် ပလက်ဖောင်းနဲ့ အဆောက်အဦတွေကတော့ အတော်များများ ပျက်စီးခဲ့‌ကြောင်း မြေပြင်အကူအညီရောက်ရှိခဲ့တဲ့ မြန်မာနိုင်ငံ လူမှုကယ်ဆယ်ရေးအဖွဲ့ (မန္တလေး) မှ တာဝန်ရှိသူက ပြောပါတယ်။

အဆိုပါတာဝန်ရှိသူက “ဘာအကြောင်းအရင်းကြောင့် တိုက်ရလဲ သေချာမသိပေမယ့် တိုက်တဲ့ အရှိန်ကတော့ အတော်ပြင်းတယ်။ တစ်တောင်လောက်မြင့်တဲ့ ပလက်ဖောင်းကို ကျော်တက်ပြီး အဆောက်အဦကိုတိုက်တာ။ အဲ့ဒီကနေ လမ်းဘေး ညောင်ပင် ထပ်တိုက်ပြီးမှ လမ်းပေါ်ပြန်ပြီးလည်တက်လာတာ။ ဒဏ်ရာမပြင်းထန်ကြပေမယ့် သက်ဆိုင်ရာ ယာဉ်မှုစစ်ကတော့ လိုအပ်တဲ့ စစ်ဆေးဆောင်ရွက်တာတွေ လုပ်ဆောင်ပြီး လူနာ စုစုပေါင်း ခုနစ်ယောက်ကို ကျွန်တော်တို့ အသင်းကားနဲ့ မန္တလေးပြည်သူ့ဆေးရုံကြီးသို့အရေးပေါ်ပို့ဆောင်ပေးခဲ့ပါတယ်”လို့ နန်းတော်ရှေ့လူမှုကယ်ဆယ်ရေးအဖွဲ့ (မြန်မာ နိုင်ငံ လူမှုကယ်ဆယ်ရေးအဖွဲ့ ၊ မန္တလေး)တာဝန်ရှိသူက MT News ကို ပြောပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *