၁၅.၁၁.၂ဝ၂၄
Written by K Pyay Thein
ဗုဒ္ဓဘာသာဝင်တို့ရဲ့နေ့ထူးနေ့မြတ်တစ်ရက်ဖြစ်တဲ့ တန်ဆောင်မုန်းလပြည့် (သာမညဖလအခါတော်နေ့) မှာ နိုင်ငံတဝှမ်း ကထိန်ပဒေသာပင်လှည့်လည်ပူဇော်ပွဲတွေကို ချိမ့်ချိမ့်သဲ ကျင်းပပြုလုပ်နေတယ်လို့ သိရပါတယ်။
ဒီနေ့ တန်ဆောင်မုန်းလပြည့်နေ့မှာ တန်ခိုးကြီးဘုရားစေတီတော်တွေမှာ မသိုးသင်္ကန်းတွေ ရက်လုပ်ပြီး ဆပ်ကပ်ပူဇော်လှူဒါန်းတာတွေ၊ ကထိန်ပဒေသာပင်တွေလှည့်လည်မှုတွေနဲ့ အတူ အလှူအတန်းပြုလုပ်တာတွေ၊ စတုဒိသာ ကျွေးမွေးလှူဒါန်းမှုတွေ အစရှိတဲ့ ဗုဒ္ဓဘာသာဝင်တို့က ရိုးရာအစဥ်အလာအရ ကောင်းမှူကုသိုလ်ပြုကြတဲ့ ပုံရိပ်တွေများစွာကိုလည်း တွေ့မြင်ခဲ့ရပါတယ်။
ဒါ့အပြင် ရန်ကုန်တိုင်းအတွင်းက မြို့နယ်/ရပ်ကွက်အချို့မှာလည်း စည်ကားသိုက်မြိုက်စွာ ကထိန်ပဒေသာပင်တွေကို လှည့်လည်ပြီး သက်ဆိုင်ရာဘုန်းတော်ကြီးကျောင်းတွေကို ပို့ဆောင်လှူဒါန်းနေကြတဲ့မြင်ကွင်းတွေကိုလည်း တွေ့မြင်ရပါတယ်။
ပုံစာ – မြန်မာ့ရိုးရာ ကထိန်ပဒေသာပင် လှည့်လည်နေမှုမြင်ကွင်းများ(Photo – CJ)