၁၅.၁၁. ၂၀၂၄
Written by Shwe Phyo
မလေးရှားစီးပွားရေးလုပ်ငန်းရှင်တစ်ဦးသည် ၎င်း၏ စားသောက်ဆိုင်နှင့် ကာရာအိုကေလုပ်ငန်း အောင်မြင်မှုများအတွက် ဝန်ထမ်းများကို ရင်းဂစ်ငွေ သုံးသန်းတစ်သိန်း တန်ဖိုးရှိ မော်တော်ကားများ လက်ဆောင်ပေးအပ်ခဲ့ရာ မြန်မာနိုင်ငံသားများနှင့် နီပေါနိုင်ငံများ ရရှိခဲ့ကြောင်း သိရသည်။
မလေးရှားစီးပွားရေးလုပ်ငန်းရှင်သည် ဝန်ထမ်းများအလုပ်ကြိုးစားမှုများအတွက် နှစ်စဉ် ဆုကြေးများချီးမြှင့်ခဲ့ပြီး ယခုနှစ်တွင် ကမ္ဘာကျော်ဇိမ်ခံကားများဖြစ်သော BMW ၊ Audi ၊ Toyota ၊ Honda ကားနှင့် Proton အမျိုးအစား ကားများကို အလုပ်ကြိုးစားသော အလုပ်သမား ၃၁ ဦးအား ချီးမြှင့်ပေးအပ်ခဲ့ကြောင်း သိရသည်။
ပြီးခဲ့သောရက်ပိုင်းက ကျင်းပခဲ့သော ဆုချီးမြှင့်မှုအခမ်းနားတွင် လုပ်သက်ရင့် အလုပ်သမား လေးဦးကို စုစုပေါင်း ရင်းဂစ် တစ်သန်းရှစ်သိန်းတန်ဖိုးရှိသော BMW 6 series ကား ပေးအပ်ခဲ့ကြောင်း မလေးရှားစီးပွားရေးလုပ်ငန်းရှင်က ပြောသည်။
ထို့အပြင် မြန်မာနိုင်ငံနှင့် နီပေါနိုင်ငံတို့မှ နိုင်ငံခြားသားအလုပ်သမားများကိုလည်း ကားနှင့်အတူ ယာဉ်မောင်းလိုင်စင်အပြင် တခြား ဆက်စပ်ကုန်ကျစရိတ်များ ပေးခဲ့ကြောင်း မလေးရှားအခြေစိုက် သတင်းတွင် ဖော်ပြထးသည်။
အသက် ၃၄ နှစ်အရွယ် ဝန်ထမ်းတစ်ဦးက အလုပ်ရှင် ၏ လက်ဆောင်ပေးအပ်ချီးမြှင့်မှုသည် အဓိပ္ပါယ်ရှိသော အားပေးမှုပုံစံအဖြစ် ပုံဖော်ခဲ့ခြင်းဖြစ်ကြောင်း၊ အခမ်းအနားတက်ရောက်ရန်အတွက် မိသားစုနှင့်အတူ ကွာလာလမ်ပူမှ Johor Baru သို့ သွားရောက်ခဲ့ပြီး လွန်ခဲ့သည့် ခုနစ်နှစ်က BMW အမျိုးအစားကားကို ပထမဆုံးအကြိမ်လက်ခံရရှိခဲ့ဖူးကာ ယခုနှစ်တွင် ဒုတိယအကြိမ် ရရှိခြင်းဖြစ်ကြောင်း ပြောသည်။ မလေးရှားစီးပွားရေးလုပ်ငန်းရှင်သည် Klang Valley နှင့် Johor ပြည်နယ်များတွင် ဆိုင်ခွဲများစွာဖွင့်ထားပြီး ၎င်း၏ စားသောက်ဆိုင်နှင့် ကာရာအိုကေဆိုင်များသည် စားသုံးသူအကြား အလွန်ရေပန်းစားကြောင်း သိရသည်။