November 14, 2024

၁၄. ၁၁. ၂၀၂၄
Written by Nay Moe

ပဲခူးတိုင်း၊ ပေါက်ခေါင်းမြို့နယ်၊ ကင်မွန်းခြုံအုပ်စု ဒွကျေးရွာအုပ်ချုပ်ရေးမှူး ဦးသန်းအောင်အား ပစ်ခတ်သတ်ဖြတ်လိုက်သည်ဟု ကျူးလွန်သည့် ပေါင်းတည် PDF အဖွဲ့က ဝန်ခံချက် ထုတ်ပြန်လာသည်။

ကျူးလွန်မှုဖြစ်စဥ်မှာ ပဲခူးတိုင်း၊ ပေါက်ခေါင်းမြိို့နယ်၊ကင်မွန်းခြုံအုပ်စု၊ ဒွကျေးရွာနေအုပ်ချုပ်ရေးမှူး ဦးသန်းအောင်အား နိုဝင်ဘာ ၁၃ ရက် မွန်းလွဲ ၁ နာရီခွဲအ ခွဲအချိန်ခန့်တွင် ပြည်ခရိုင်ပြည်သူ့ ကာကွယ်ရေးတပ်မတော် (၃၆၀၁) PPDF တပ်ရင်း၊ တပ်ခွဲ(၃)မှဦးဆောင်ပြီး ပေါက်ခေါင်း(ပကဖ) အဖွဲ့ဝင်တို့မှ ဦးသန်းအောင်၏နေအိမ်သို့ သွားရောက်ပစ်ခတ် သတ်ဖြတ်ရာဦးသန်းအောင်မှာ ဦးခေါင်းနှင့် ဝမ်းဗိုက်ထိမှန်ပြီး နေရာတင် ပွဲခြင်းပြီး သေဆုံးသွားခဲ့သည်ဟု ဖော်ပြထားသည်။

ထို့ပြင် အုပ်ချုပ်ရေးမှူးဦးသန်းအောင်မှာ စစ်မှုထမ်း စုဆောင်းရာနှင့် ပေါ်တာဆွဲရာတွင် အားတက်သရောလုပ်ဆောင်ပေးခြင်း၊ စစ်မှုမထမ်းလိုလျှင် လူစားထည့်ရမည်ဆိုကာ ငွေကြေး (၃) သောင်းမှ (၅)သောင်းအထိကောက်ခံခြင်း၊ PDF နှင့် ထောက်ပို့များ၏သတင်းကိုလိုက်လံစုံစမ်း၍ သတင်းပေးပို့နေခြင်းတို့ကြောင့် သတ်ဖြတ်သည်ဟုလည်း ကျူးလွန်မှုအပေါ် အကြောင်းပြချက်ပေးထားသော်လည်း MT News က ထိုစွပ်စွဲချက်များ မှန် မမှန် အတည်မပြုနိုင်ဘဲ ကျူးလွန်သူတို့ဝန်ခံချက်ကိုသာ ဖော်ပြခြင်းဖြစ်သည်။

Leave a Reply

Your email address will not be published. Required fields are marked *