၁၄.၁၁. ၂၀၂၄
Written by Shwe Phyo
ရခိုင်လက်နက်ကိုင်အဖွဲ့ AA က ဘင်္ဂလားဒေ့ရှ်ပင်လယ် အော်အတွင်း နတ်မြစ်ကိုဖြတ်ပြီး သွားလာနေသော သင်္ဘောနှစ်စင်းနှင့်အတူ ဘင်္ဂလားဒေ့ရှ်နိုင်ငံသား ၆ ဦးကို ပြီးခဲ့သောရက်ပိုင်းတွင် ထပ်မံဖမ်းဆီးခဲ့ကြောင်း ဘင်္ဂလားဒေ့ရှ်အခြေစိုက်မီဒီယာများက ဖော်ပြထားသည်။
အဆိုပါသင်္ဘောနှစ်စီးသည် ဘိလပ်မြေ၊ အုတ်၊ သဲ၊ ကျောက်များ တင်ဆောင်လာပြီး စိန့်မာတင်ကျွန်းကို သွားရောက်ချိန်အတွင်း ဖမ်းဆီးခံရခြင်းဖြစ်ကြောင်း သိရသည်။
အဆိုပါ ဖမ်းဆီးခံရမှုနှင့်ပတ်သက်ပြီး မိသားစုဝင်များ စိုးရိမ်ထိတ်လန့်နေသလို ဘင်္ဂလားဒေ့ရှ်ကမ်းခြေစောင့် တပ်ဖွဲ့ကလည်း SAC အစိုးရနှင့် ရခိုင်လက်နက်ကိုင်အဖွဲ့ကို ဆက်သွယ်ရန် ကြိုးပမ်းနေကြောင်း ဘင်္ဂလားဒေ့ရှ်အခြေစိုက် သတင်းတွင်ဖော်ပြထားသည်။
ပြီးခဲ့သည့် သီတင်းပတ်ကလည်း AA တပ်ဖွဲ့ဝင်များသည် နတ်မြစ်အတွင်း ငါးဖမ်းနေသော ဘင်္ဂလားဒေ့ရှ်နိုင်ငံသား ၂၀ ဦးကို ဖမ်းဆီးခဲ့ပြီ ရက်ပိုင်းအကြာတွင် ပြန်လွှတ်ပေးခဲ့ကြောင်း သိရသည်။
Teknaf-Saint Martin Service Boat Owners Association အဖွဲ့ ဥက္ကဋ္ဌဖြစ်သူ Abdur Rashid က ၎င်းပိုင်သင်္ဘောတစ်စီးနှင့် ဘင်္ဂလားဒေ့ရှ်နိုင်ငံသားများကို ရခိုင်လက်နက်ကိုင် AA အဖွဲ့က ဖမ်းဆီးခဲ့ခြင်းဖြစ်ကြောင်း ၎င်းက “ကျွန်တော်ပိုင် သင်္ဘောတစ်စီးနဲ့ အခြားဘင်္ဂလားဒေ့ရှ်နိုင်ငံသားတစ်ဦးပိုင်ဆိုင်တဲ့ သင်္ဘောတစ်စီးတို့ဟာ ရခိုင် AA အဖွဲ့က ပစ်ခတ်ပြီး ဖမ်းဆီးခံရတာမျိုးဖြစ်တယ်။ အဲဒီ သင်္ဘောနှစ်စီးအပေါ်မှာ ဘင်္ဂလားဒေ့ရှ်နိုင်ငံသား သင်္ဘောသားခြောက်ဦး ပါဝင်သွားတယ်ဘင်္ဂလားဒေ့ရှ်နယ်ခြားစောင့်တပ်ဖွဲ့၊ ကမ်းခြေစောင့်အဖွဲ့တွေအပြင် ဒေသဆိုင်ရာအုပ်ချုပ်ရေးအာဏာပိုင်အဖွဲ့ကို အသိပေးထားတယ်” ဟု ပြောသည်။
REf , bangladeshpost