၁၃.၁၁.၂၀၂၄
Written By Thandar
မြန်မာနိုင်ငံရုပ်ရှင်အစည်းအရုံးက မိသားစုဝင်တွေရဲ့ ၂၀ ကြိမ်မြောက် စုပေါင်းမဟာဘုံကထိန်ပွဲတော် ပဒေသာပင်တွေ ပို့ဆောင်ခြင်းကို ယနေ့ နိုဝင်ဘာ ၁၃ ရက် နံနက် ၁၁ နာရီခွဲက ရန်ကုန်မြို့၊ မရမ်းကုန်းမြို့နယ်၊ ကမ္ဘာအေးစွယ်တော်လမ်းရှိ နာဂလိုဏ်ဂူကလေးဝတောရ စာသင်တိုက်ကျောင်းမှာ ပို့ဆောင်ခဲ့ကြပါတယ်။
“ကျွန်တော်တို့ မြန်မာနိုင်ငံရုပ်ရှင်အစည်းအရုံးကဆိုရင် စုပေါင်းဘုံကထိန်ကတော့ လုပ်ဆောင်ခဲ့တာဆိုရင် ၂၀ ကြိမ်မြောက်ရှိပါပြီ။ ဥက္ကဋ္ဌ ဦးစိန်တင်လက်ထက်ကတည်းက ကထိန်စလုပ်ခဲ့တာပါ။ ကြားထဲမှာ မကျင်းပဖြစ်တဲ့ နှစ်တချို့တော့ ရှိတာပေါ့။ နှစ်တိုင်းတော့ လုပ်ဖြစ်ပါတယ်။ ငွေအမောင့်လေး များများနဲ့ ပဒေသာတွေ သီထားပါတယ်။ အရင်နှစ်တွေကတော့ ပင့်သံဃာတော်တွေ ၂၇ ပါးလောက် ပင့်ဖိတ်လှူဖြစ်တယ်။ ဒီနှစ်ကတော့ သံဃာတော်အပါး ၉ ပါး လှူဖြစ်မှာပါ။ ပင့်သံဃာတော်တွေကို တစ်ပါးကို မြန်မာနိုင်ငံရုပ်ရှင်အစည်းအရုံးက ကျပ် ၃ သောင်း၊ မင်္ဂလာဇော်မင်းက ငွေကြေးတချို့၊ ပစ္စည်းဝတ္ထုတွေ ဆက်ကပ်သွားမှာဖြစ်ပါတယ်။ နှစ်စဉ် အနုပညာရှင်တွေက ပါဝင်လှူဒါန်းမှုတွေ့ကြရလို့လည်း ပီတိဖြစ်ရပါတယ်” လို့ မြန်မာနိုင်ငံရုပ်ရှင်အစည်းအရုံး ဒုတိယ ဥက္ကဋ္ဌ ဦးအေးကြူလေးက MT Entertainment ကိုပြောပါတယ်။
အဆိုပါ စုပေါင်းမဟာဘုံကထိန်မှာတော့ ပဒေသာပင် ၄၂ ပင်ရှိပြီးတော့ စုစုပေါင်း ငွေသားတန်ဖိုး သိန်း ၃၀၀ နီးပါး လှူဒါန်းမှာလည်း ဖြစ်ပါတယ်။ နဂလှိုဏ်ဂူကျောင်းတိုက်မှာ ယခင်နှစ်တွေက သံဃာတော် ၂၇ ပါး ပင့်ဖိတ်ပြီး လှူဒါန်းခဲ့တာလည်း ဖြစ်ပါတယ်။ ယခင် ၂၀၂၃ ခုနှစ်က ပဒေသာပင်ပေါင်း ၄၇ ပင်ရှိပြီး စုစုပေါင်း ငွေသား တန် ဖိုး ၁၅၀ ကျော်လှူဒါန်းခဲ့တာလည်း ဖြစ်ပါတယ်။
ဆက်လက်ပြီး ကထိန်သင်္ကန်း ဆက်ကပ်ခြင်းနဲ့ ပဒေသာပင်တွေ လှူဒါန်းမှုတွေကိုတော့ ရေစက်သွန်းချ တရားတော်နာယူ အလှူတော်မင်္ဂလာကိုတော့ နိုဝင်ဘာ ၁၄ရက် နံနက် ၉နာရီမှာ ဆက်လက်ကျင်းပသွားမှာ လည်းဖြစ်ပါတယ်။