November 14, 2024
photo_2024-11-13_11-43-59

၁၃. ၁၁. ၂၀၂၄
Written by Nay Moe

ညောင်ဦးနှင့် ကျောက်ပန်းတောင်းမြို့နယ်တို့မှ ရပ်ကျေးအုပ်ချုပ်ရေးမှူးနှစ်ဦးအား PDF လေးဖွဲ့က ယမန်နေ့တွင် ပူးပေါင်းသတ်ဖြတ်ထားသည်ဟု ပုဂံပြည်ဘီလူးတပ်(Bagan Orge Force) PDF အဖွဲ့က ဝန်ခံချက်ထုတ်ပြန်ထားသည်။

PDF လေးဖွဲ့၏ သတ်ဖြတ်မှုဖြစ်စဥ်များအနက် ပုဂံပြည်ဘီလူးတပ်နှင့် 21 Bagan PDF နှစ်ဖွဲ့က မန္တလေးတိုင်းဒေသကြီး၊ ညောင်ဦးမြို့နယ်၊ ကူတောကျေးရွာမှ အုပ်ချုပ်ရေးမှူး ဦးဇော်လွင်ဦးကို သတ်ဖြတ်လိုက်ကြခြင်းဖြစ်သည်။ ထိုသတ်ဖြတ်မှုဖြစ်စဥ်မှာ နိုဝင်ဘာ ၁၂ ရက် နေ့လယ် ၁၂ နာရီခန့်အချိန်က ကူတောကျေးရွာ အုပ်ချုပ်ရေးမှူးဖြစ်သည့် အသက် ၅၃ နှစ်အရွယ် ဦးဇော်လွင်ဦးသည် နေအိမ်ရှေ့ အဖီတဲတွင် ရှိနေစဉ် ပုဂံပြည်ဘီလူးတပ်နှင့် 21 Bagan PDF နှစ်ဖွဲ့မှ PDF ၄ ဦးက ကြို့ပင်သာကျေးရွာဘက်မှ ဆိုင်ကယ်နှစ်စီးဖြင့် ရောက်ရှိလာပြီး ဦးဇော်လွင်ဦး၏ နေအိမ်တွင်းသို့ ဝင်ရောက်ကာ သေနတ်အတိုဖြင့် ပစ်ခတ်ခဲ့သောကြောင့် ဦးဇော်လွင်ဦးတွင် ဝဲရင်ဘတ် ဖောက်ဝင်ဒဏ်ရာ ၂ ချက်၊ ဦးခေါင်းငယ်ထိပ် ဖောက်ဝင်ဒဏ်ရာ ၁ ချက်ရရှိကာ အခင်းဖြစ်ပွားသည့်နေရာတွင် သေဆုံးသွားကြောင်း သိရသည်။

ထို့အတူ မန္တလေးတိုင်းဒေသကြီး၊ ကျောက်ပန်းတောင်းမြို့နယ်၊ ကုန်းပေါ်နက်ကျေးရွာနေ အသက် ၅၇ နှစ်အရွယ် ဦးအောင်စိုးသည် နိုဝင်ဘာ ၁၂ ရက် နံနက် ၇ နာရီအချိန်နေအိမ်တွင်ရှိနေစဉ် ပုဂံပြည်ဘီလူးတပ်၊ Popa Production & Guerrilla Force နှင့် Myaingyan Black Tiger သုံးဖွဲ့မှ PDF ငါးဦးက ဆိုင်ကယ်နှစ်စီးဖြင့် ရောက်လာကာ ဒလန်ဟု စွပ်စွဲပြီး ဓားဖြင့်ထိုးခုတ်သတ်ဖြတ်ခဲ့သဖြင့် ဦးအောင်စိုးတွင် ဓားဒဏ်ရာများရရှိကာ သေဆုံးခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

Leave a Reply

Your email address will not be published. Required fields are marked *