November 14, 2024

၁၂.၁၁. ၂၀၂၄
Written by Shwe Phyo

ရုရှားနိုင်ငံအခြေစိုက် Etalon စီးပွားရေးလုပ်ငန်းစုသည် မြန်မာနိုင်ငံရှိ အိမ်ရာအဆောက်အဦ ဆောက်လုပ်ရေးလုပ်ငန်းရှင်များနှင့် လုပ်ငန်းများ ပူးတွဲလုပ်ကိုင်ရန် စီစဉ်နေကြောင်း ရုရှားအခြေစိုက်သတင်းများတွင် ဖော်ပြထားသည်။

ရုရှားအခြေစိုက်သတင်းများအရ Etalon စီးပွားရေးလုပ်ငန်းစုသည် မြန်မာနိုင်ငံနှင့် ဗီယက်နမ်နိုင်ငံတို့မှ အိမ်ရာအဆောက်အဦဆောက်လုပ်ရေးလုပ်ငန်းရှင်များကို ဆွဲဆောင်နိုင်ရန် စီစဉ်နေကြောင်း Etalon စီးပွားရေးလုပ်ငန်းစု၏ ဒုတိယဥက္ကဋ္ဌဖြစ်သူ မီခေးလ် မာဂီလော့ဗ်က ပြောသည်။

၎င်းက “အကျိုးတူ စီးပွားရေးလုပ်ငန်းတွေ ဖန်တီးလုပ်ကိုင်ဖို့ ဗီယက်နမ်၊ မြန်မာနိုင်ငံတို့က အိမ်ရာအဆောက်အဦလုပ်ငန်းရှင်တွေနဲ့ စေ့စပ်ဆွေးနွေးမှု
နောက်ဆုံးအဆင့်ကို ရောက်ရှိနေတယ်။ ပြည်ပနိုင်ငံတွေက လုပ်ငန်းရှင်တွေကို ဖိတ်ခေါ်ဖို့ ဆောက်လုပ်ရေးလုပ်ငန်းဈေးကွက်မှာ Etalon စီးပွားရေးလုပ်ငန်းစုက အဓိက နံပါတ်တစ်လည်းဖြစ်တယ်” ဟု ပြောသည်။

Etalon စီးပွားရေးလုပ်ငန်းစုကို ၁၉၈၇ ခုနှစ်တွင် တည်ထောင်ခဲ့ပြီး ကာဇန်ဒေသ၊ Omsk ဒေသ၊ Novosibirsk ဒေသ၊ Yekaterinburgဒေသ၊ Tyumen ဒေသတို့တွင် အိမ်ရာအဆောက်အဦစီမံကိန်းများ လုပ်ဆောင်နေသလို ဒေသအတွင်း ဈေးကွက်တွင်လည်း ဦးဆောင်သော ကုမ္ပဏီတစ်ခုဖြစ်ကြောင်း သိရသည်။

REf, oreanda-news

Leave a Reply

Your email address will not be published. Required fields are marked *