၁၂.၁၁.၂၀၂၄
Written By Thandar
မက္ကဆီကိုနိုင်ငံမှာ ကျင်းပနေလျှက်ရှိတဲ့ ကမ္ဘာ့မယ်စကြာဝဠာပြိုင်ပွဲကြီးဖြစ်တဲ့ Miss Universe 2024 ပြိုင်ပွဲကြီးမှာ လူငယ်များရဲ့ ပညာရေးနဲ့ ဖွံ့ဖြိုးရေးအတွက် အကျိုးပြု Project Voice for Change Project မှာ Top 10 စာရင်းထဲကို မြန်မာကိုယ်စားပြုအလှမယ် သက်စံအန်ဒါဆန်ကတော့ နံပါတ် ၆ နေရာမှာ ဝင်ရောက်ခဲ့ပြီ ဖြစ်ပါတယ်။
မြန်မာနိုင်ငံကိုယ်စားပြုအနေနဲ့ ဆွီဒင်-မြန်မာ ကပြားမလေးဖြစ်တဲ့ အလှမယ် သက်စံအန်ဒါဆန်က မြန်မာရိုးရာယဉ်ကျေးမှုတိုင်ရင်းသားတွေ ဝတ်စုံတွေကို အကောင်းဆုံး တင်ဆက်ချပြနေရင်း ဝင်ရောက်ယှဉ်ပြိုင်နေလျက်ရှိတယ်လို့ဆိုပါတယ်။
Project Voice for Change Project ရဲ့ Top 10 စာရင်းမှာတော့ နံပါတ် ၁ နေရာကို Eritrea ကိုယ်စားပြုအလှမယ်၊ နံပါတ် ၂ နေရာကို Cambodia ကိုယ်စားပြုအလှမယ်၊ နံပါတ် ၃ နေရာကို Cayman Islands ကိုယ်စားပြုအလှမယ်၊ နံပါတ် ၄ နေရာကို Thailand ကိုယ်စားပြုအလှမယ်၊ နံပါတ် ၅နေရာကို Bolivia ကိုယ်စားပြုအလှမယ်၊ နံပါတ် ၆ နေရာကို Myanmar ကိုယ်စားပြုအလှမယ်၊ နံပါတ် ၇ နေရာကို Celinee Santos နဲ့ Dominican Republic နိုင်ငံတွေက အလှမယ်၊ နံပါတ် ၈ နေရာကို Martinique ကိုယ်စားပြုအလှမယ်၊ နံပါတ် ၉ နေရာကို Chile ကိုယ်စားပြုအလှမယ်နဲ့ နံပါတ် ၁၀ နေရာကို Mexico ကိုယ်စားပြုအလှမယ်တွေ ဝင်ရောက်နေတာဖြစ်ပါတယ်။
အလှမယ် သက်စံအန်ဒါဆန်ကတော့ မြန်မာနိုင်ငံက တိုင်းရင်းသားရိုးရာ ယဉ်ကျေးမှု၊ တိုင်းရင်းသား ဝတ်စုံ၊ မြန်မာ့သနပ်ခါး စတာတွေကိုလည်း ဝတ်ဆင်ချပြလျှက်ရှိပါတယ်။
၇၃ ကြိမ်မြောက် Miss Universe 2024 ရဲ့ Preliminary ပြိုင်ပွဲကြီးကို လာမယ့် နိုဝင်ဘာ ၁၅ ရက်နေ့ မြန်မာစံတော်ချိန် နံနက် ၈ နာရီခွဲမှာ ကျင်းပမှာလည်းဖြစ်ပါတယ်။ ဒီ Preliminary Show မှာ Evening Gown Competition၊ National Costume Competition၊ Swimsuit Competition တွေအပြင် Voice for Change Top-10 Finalists ပါကြေညာပေးသွားမှာလည်း ဖြစ်ပါတယ်။ နိုင်ငံပေါင်း ၇၀ ကျော်က အလှမယ်တွေနဲ့ လာမယ့် နိုဝင်ဘာ ၁၆ ရက်မှာတော့ Miss Universe 2024 Grand Finale Competition ကို ကျင်းပသွားမှာလည်း ဖြစ်ပါတယ်။