November 14, 2024

၁၂.၁၁. ၂၀၂၄
Written by Shwe Phyo

မြန်မာနိုင်ငံ၏ ဆောက်လုပ်ရေးလုပ်ငန်းသည် ယခု ၂၀၂၄ ခုနှစ်အတွင်း တိုးတက်ကောင်းမွန်မှုများရှိလာခဲ့ကြောင်း Research And Markets အဖွဲ့၏ စစ်တမ်းများတွင် ဖော်ပြထားသည်။

Research And Markets အဖွဲ့သည် ၂၀၂၄ ခုနှစ်အတွက် မြန်မာနိုင်ငံ၏ ဆောက်လုပ်ရေးလုပ်ငန်း အစီရင်ခံစာစစ်တမ်းကိုဖော်ပြခဲ့ပြီး ၂၀၂၄ ခုနှစ်အတွင်း မြန်မာ နိုင်ငံ၏ ဆောက်လုပ်ရေး လုပ်ငန်းဖွံ့ဖြိုးတိုးတက်မှုကခိုင်နှုန်းအထိ ရှိမည်ဖြစ်ကြောင်း ဖော်ပြထားသည်။

မြန်မာနိုင်ငံတွင် ၂၀၂၁ ခုနှစ်က နိုင်ငံရေးပြဿနာများဖြစ်လာခဲ့ပြီးနောက်ပိုင်း အမေရိကန်အပါအဝင် အနောက်အုပ်စုနိုင်ငံများ၏ ပိတ်ဆို့မှုများကြောင့်
စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုနှုန်း နည်းပါးခဲ့သော်လည်း ဆောက်လုပ်ရေးလုပ်ငန်းအခြေအနေက တည်ငြိမ်ကောင်းမွန်နေခဲ့ကြောင်း Research And Markets က ဖော်ပြထားသည်။

၂၀၂၄ ခုနှစ်အတွင်း မြန်မာနိုင်ငံ၏ ဆောက်လုပ်ရေးလုပ်ငန်း၏ တိုးတက်မှုနှုန်းသည် ၈ ရာခိုင်နှုန်းမြင့်တက်ခဲ့ပြီး မြန်မာကျပ်ငွေ ၉ ဒသမ ၀၃ ထရီလျံအထိ မြင့်တက်လာခဲ့ကြောင်း၊ မြန်မာနိုင်ငံ၏ဆောက်လုပ်ရေးလုပ်ငန်းသည် လာမည့် လေးလအတွင်းတွင်လည်း တည်ငြိမ်တိုးတက်နေမည်ဖြစ်ကြောင်း Research And Markets က ဖော်ပြထားသည်။

ထို့အပြင် မြန်မာနိုင်ငံ၏ ဆောက်လုပ်ရေးလုပ်ငန်းသည် ၂၀၂၄ ခုနှစ်မှ ၂၀၂၈ ခုနှစ်အတွင်း ဖွံ့ဖြိုးတိုးတက်မှုများဆက်လက်ရှိနေမည်ဖြစ်ပြီး ၂၀၂၈ ခုနှစ်တွင် မြန်မာ့ဆောက်လုပ်ရေးလုပ်ငန်း၏ တိုးတက်မှုနှုန်းသည် မြန်မာကျပ်ငွေ ၁၁ ဒသမ ၈၄ ထရီလျံအထိ ရှိမည်ဖြစ်ကြောင်း သိရသည်။

REf businesswire

Leave a Reply

Your email address will not be published. Required fields are marked *