၁၂.၁၁. ၂၀၂၄
Translated by Htwe Ko Tun
ဘင်္ဂလားဒေ့ရှ်နိုင်ငံ ရှေ့နေချုပ် မိုဟာမက် တာဂျူလ် အစ္စလာမ်က ဘင်္ဂလားဒေ့ရှ်ရဲတပ်ဖွဲ့ စစ်ဆေးရေးမှူးချုပ်ဆီကိုစာတစ်စောင်ရေးသားပြီး၊ နိုင်ငံတကာ ရာဇဝတ်မှုခုံရုံး အမှုတွဲနဲ့လည်း ဆက်စပ်နေတဲ့ ဝရမ်းပြေး ဝန်ကြီးချုပ်ဟောင်းရှိတ် ဟာစီနာကို ဖမ်းဆီးလို့ တရားရုံးတင်နိုင်ဖို့ နိုင်ငံတကာရဲတပ်ဖွဲ့ (အင်တာပိုလ်) မှတစ်ဆင့် အသိပေးအကြောင်းကြားချက်စာ ထုတ်ပြန်ဆောင်ရွက်ဖို့ တောင်းဆိုခဲ့တယ်လို့ သိရပါတယ်။
ဒီသတင်းနဲ့ပတ်သက်လို့ ဟုတ်မှန်တယ်ဆိုတာ နိုင်ငံတကာ ရာဇဝတ်မှုခုံရုံးရဲ့ တရားစွဲဆိုရေး အေဂျင်စီ က နိုဝင်ဘာလ ၁၂ ရက်မှာ အတည်ပြုခဲ့ပါတယ်။
ခုံရုံးကို ပြန်လည်ပြောင်းလဲဖွဲ့စည်းတာကို ကြီးကြပ်နေမှုအပြီး နိုဝင်ဘာလ ၁၀ ရက်မှာတော့ ဥပဒေရေးရာ အကြံပေးပုဂ္ဂိုလ် ဒေါက်တာ အဆစ် နတ်ဇ်ရူလ်ကသတင်းထောက်တွေကို ဇူလိုင်လမှ ဩဂုတ်လ အတွင်း မျိုးတုံးသတ်ဖြတ်မှုနဲ့ နိုင်ငံတကာ ရာဇဝတ်မှုခုံရုံးမှာ အမှုဖွင့်ခံထားရတဲ့ ဝန်ကြီးချုပ်ဟောင်း ရှိတ်ဟာစီနာနဲ့ တခြားဖမ်းဆီးရန်ကျန် ဝရမ်းပြေးတွေကို ခုံရုံးကို ပို့ပေးနိုင်ဖို့ လိုအပ်တဲ့အဆင့်တွေအားလုံးကို အစိုးရအနေနဲ့ ဆောင်ရွက်သွားမယ်လို့ ပြောသွားခဲ့ပါတယ်။
ဝရမ်းပြေးတွေကို ဖမ်းမိဖို့ လက်ရှိ ဘင်္ဂလားဒေ့ရှ်ကြားဖြတ် အစိုးရက အင်တာပိုလ်မှတစ်ဆင့် အသိပေး အကြောင်းကြားချက်စာတစ်စောင် ထုတ်ပြန်ဖို့ရှိတယ်လို့လည်း သူက ပြောခဲ့ပါသေးတယ်။
အောက်တိုဘာလ ၁၇ ရက်မှာ နိုင်ငံတကာ ရာဇဝတ်မှုခုံရုံး က ဇူလိုင်လမှ ဩဂုတ်လအတွင်း ဘင်္ဂလားဒေ့ရှ်နိုင်ငံ ဆန္ဒပြမှုတွေမှာ လူသားချင်းစာနာမှုကို ချိုးဖောက်ပြီးကျူးလွန်ခဲ့တဲ့ လူအစုအပြုံလိုက်သတ်မှုနဲ့ ရာဇဝတ်မှုတွေအတွက် သီးခြားအမှုတွေ ဖွင့်ထားတဲ့ ဝန်ကြီးချုပ်ဟောင်း ရှိတ်ဟာစီနာ၊ ယခင် ကုန်းလမ်းပို့ဆောင်ရေးနှင့် တံတားများ ဝန်ကြီးဌာန ဝန်ကြီးဖြစ်တဲ့ အဝါမီလိဂ်ပါတီမှ အိုဘေးဒူလ် ကွေဒါတို့နဲ့ အခြား ၄၆ ယောက်ကို ဖမ်းဝရမ်းတွေ ထုတ်ခဲ့ပါတယ်။
Ref- Dhaka Tribune