November 14, 2024
photo_2024-11-12_12-52-37

၁၂. ၁၁. ၂၀၂၄
Written by Hey Mar

တောင်ကြီးတန်ဆောင်တိုင်ပွဲတော်ရဲ့ ဖွင့်ပွဲညမှာ ပထမဆုံးလွှတ်တင်တဲ့ စိန်နားပန် မီးပုံးပျံတစ်လုံး ရာသီဥတုအခြေအနေကြောင့် မတော်တဆ မီးလောင်ပျက်ကျသွားခဲ့တယ်လို့ ရိုးရာမီးပုံပျံပညာရှင်များအဖွဲ့ တာဝန်ရှိသူက ပြောပါတယ်။

ဖွင့်ပွဲညမှာ မီးပုံးပျံလေးလုံး လွှတ်တင်ခဲ့ပြီး ပျက်ကျခဲ့တဲ့ မီးပုံးပျံက ငွေကျပ် သိန်း‌လေးဆယ်‌ကျော် အကုန်အကျခံ မွမ်းမံထားတာလို့ သိရပါတယ်။

ရိုးရာမီးပုံးပျံ ပညာရှင်များအဖွဲ့ တာဝန်ရှိသူက “အပေါ်ကို လွှတ်မတင်ခင်အောက်မှာပဲ ဖြစ်သွားတာပါ။ ရာသီဥတု အ‌ခြေအနေကြောင့် မီးပုံးပျံက ဆွဲတင်နိုင်တဲ့ ပမာဏ အားထက်ကျော်လွန်ပြီးတော့ ရာသီဥတုကိုမကျော်နိုင်လို့ ဖြစ်သွားတာပါ။ ဒါမျိုးက နှစ်စဉ်လည်း ဖြစ်လေ့ဖြစ်ထရှိပါတယ်။ ပွဲလာဧည့်ပရိတ်သတ်တွေ ထိခိုက်မှုမရှိခဲ့သလို ကျွန်တော်တို့ အသင်းသားတွေလည်း ထိခိုက်မှုမရှိပါဘူး။ မြန်မာနိုင်ငံ မီးသတ်တပ်ဖွဲ့ကလည်း အမြန်ဆုံးကူညီငြှိမ်းသတ်‌ပေးနိုင်ခဲ့ပါတယ်။ နောက်ထပ်လွှတ်တင်တဲ့ မီးပုံးပျံ‌တွေမှာတော့ ဘာပြဿနာမှ မရှိဘဲ အောင်အောင်မြင်မြင် လွှတ်တင်နိုင်ခဲ့ပါတယ်” လို့ ပြောပါတယ်။

မနေ့က တောင်ကြီးတန်‌ဆောင်တိုင်မီးပုံပျံပွဲတော် ဖွင့်ပွဲနေ့မှာတင် ကြက်ပျံမကျစည်ကားခဲ့ပြီး ဒီကနေ့မှာဆိုရင်လည်း နေ့လယ် ၁၂ နာရီကတည်းက ပြိုင်ပွဲဝင်မီးပုံပျံတွေ စတင်လွှတ်တင်နေပြီဖြစ်ကာ မီးပုံးပျံ ၃၅ လုံး လွှတ်တင်သွားမှာ ဖြစ်တယ်လို့ သိရပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *