November 14, 2024
photo_2024-11-12_10-30-30

၁၂. ၁၁. ၂၀၂၄
Written by Nyein Kyaw

နိုင်ငံခြားငွေကြေးဈေးကွက် (FX Trading Platform) တွင် သွင်းကုန်လုပ်ငန်းရှင်များအတွက် ထိုင်းဘတ် ၁၅ သန်း ရောင်းချပေးသွားမည်ဖြစ်ကြောင်း နိုဝင်ဘာ ၁၁ ရက် (ယမန်နေ့)တွင် မြန်မာနိုင်ငံတော်ဗဟိုဘဏ်မှ အသိပေးကြေညာထားသည်။

ထို့ပြင် ဗဟိုဘဏ်မှ နိုဝင်ဘာ ၁၁ ရက်(ယမန်‌နေ့) တွင် FX Market Online Trading Platform မှတစ်ဆင့် သွင်းကုန်လုပ်ငန်းရှင်များအတွက် တရုတ်ယွမ် ၈ သိန်းကျော်ကိုလည်း ရောင်းချပေးခဲ့သည်။

ဗဟိုဘဏ်အနေဖြင့် စက်သုံးဆီနှင့် အခြားသွင်းကုန်များ တင်သွင်းရန်အတွက် အဓိကလိုအပ်သည့် ဒေါ်လာအပြင် တရုတ်ယွမ်နှင့် ထိုင်းဘတ်တို့ကိုပါ ထုတ်ရောင်းပေးခဲ့ရာ ဩဂုတ်လ ၁ ရက်မှ နိုဝင်ဘာ ၁၁ ရက်အထိ သုံးလကျော်တွင် ဒေါ်လာ ၂၅၆ သန်းကျော်၊ ထိုင်းဘတ် ၁ ဒသမ ၀၉၀ ဘီလျံနှင့် တရုတ်ယွမ် ၅၄ သန်းကျော်အထိ ထုတ်ရောင်းပေးထားသည်။

ပြီးခဲ့သည့် အောက်တိုဘာလအတွင်း ဒေါ်လာဈေးနှုန်း ပြန်မြင့်တက်လာခဲ့၍ ဗဟိုဘဏ်မှ ဒေါ်လာ၊ ထိုင်းဘတ်နှင့် တရုတ်ယွမ်များ ဆက်တိုက်ထုတ်ရောင်းပေးမှုအပြင် ယခုဘဏ္ဍာနှစ် ခုနစ်လအတွင်း စက်သုံးဆီ၊ စားသုံးဆီနှင့် သွင်းကုန်လုပ်ငန်းရှင်များအတွက် ဒေါ်လာတစ်ဘီလျံကျော် ထုတ်ရောင်းပေးထားပြီးဖြစ်ကြောင်း တရားဝင် အသိပေးထုတ်ပြန်ခဲ့သည်။

ယင်းကဲ့သို့ နိုင်ငံခြားငွေများ ဆက်တိုက်ထုတ်ရောင်းပေးမှုကြောင့် ဒေါ်လာဈေးနှုန်းအား ကျပ် ၁၀,၀၀၀ နှင့် ရွှေဈေးနှုန်းအား ကျပ်သိန်း ၁၀၀ အထိ ဆွဲတင်နေမှုများရှိသော်လည်း ယနေ့တွင် ပြည်ပဈေးကွက်၌ တစ်ဒေါ်လာ ကျပ် ၄၅၁၀၊ တစ်ဘတ် ၁၃၀ ကျပ်နှင့် တစ်ယွမ် ၆၃၀ ကျပ်တို့ဖြင့် နိုင်ငံခြားငွေဈေးနှုန်းများ တည်ငြိမ်လျက်ရှိသည်။

Leave a Reply

Your email address will not be published. Required fields are marked *