November 14, 2024

၁၁.၁၁.၂၀၂၄
Written By Thandar

ရုပ်ရှင်သရုပ်ဆောင် မမဆောင်းရဲ့ မိခင်ကြီး ဒေါ်တင်လှကွယ်လွန်ခြင်း ၁၀ နှစ်ပြည့်အတွက် မိခင်အား ရည်စူးပြီး သား၊ သမီး၊ မြေးတို့က သံဃာတော်တွေ ဆွမ်းကပ်အလှူနဲ့ အုတ်တံတိုင်းရေစက်ချအလှူပွဲ အခမ်းအနားကို ယနေ့ နိုဝင်ဘာ ၁၁ ရက် နံနက်ပိုင်းက ရန်ကုန်မြို့ စမ်းချောင်းမြို့နယ် ကျွန်းတောလမ်းရှိ အရှင်ဥတ္တမသာရ ပရိယတ္တိစာသင်တိုက်မှာ ပြုလုပ်ခဲ့ပါတယ်။

“မမဆောင်းရဲ့ ချစ်ဆုံး မွေးမိခင်ကျေးဇူးရှင် မေမေဆုံးသွားတာဆိုရင် ၁၀ နှစ်ပြည့်ပြီပေါ့နော်။ ကိုယ့်အနေနဲ့ အမေက မနေ့တစ်နေ့ကလိုပဲ စိတ်ခံစားရပါတယ်။ ကျောင်းရှိ သံဃာတော်တွေကို ကထိန်သင်္ကန်းတွေကပ်လှူဖြစ်တယ်။ တကယ်လိုအပ်နေတဲ့သူတွေအတွက် လူကြီးတစ်ဦး တစ်သောင်းနှုန်းနဲ့ လူလတ်ပိုင်းဆို ငါးထောင်တွေလှူဖြစ်ပါတယ်။ ထက်ထက်ကလည်း အမအလှူမှာ ၅ သိန်း ပါဝင်လှူပေးပါတယ်။ ဒီအတွက်လည်း ပီတိဖြစ်ရပါတယ်။ မိခင်ကြီးနဲ့တကွ ၃၁ ဘုံသားအားလုံး အမျှရကြပါစေ၊ ကုသိုလ်တွေရပါစေလို့ပြောချင်ပါတယ်”လို့ သရုပ်ဆောင် မမဆောင်းကပြောပါတယ်။

ဒီလှူဒါန်းမှုမှာတော့ အနုပညာရှင်တွေဖြစ်တဲ့ သရုပ်ဆောင် ပြည့်ဖြိုး ၊ ရိုတ၊ ကိုသာဂိ၊ ပိုင်သစ်၊ ထက် ထက်ထွန်း၊ နွေးနွေးချစ်ဖွယ်၊ သဥ္ဇာမြင့်မိုရ် စတဲ့သူတွေတက်ရောက်ခဲ့ကြပြီး တရားနာယူခဲ့ကြပါတယ်။

အဆိုပါ ရှင်ဥတ္တမပရိယတ္ထိစာသင်တိုက်ရှိ ဆရာတော် သံဃာအပါး ၅ဝ ကို နေ့ဆွမ်းဆက်ကပ်လှူဒါန်းခြင်း၊ သံဃာအပါး ၅ဝ အတွက်လည်း ဝတ္ထုငွေကျပ် ၁၀ သိန်း၊ မြန်မာနိုင်ငံ ရုပ်ရှင်အစည်းအရုံးရဲ့ ဘုံကထိန်အတွက်ကျပ် ၁၀ သိန်း၊ ကျောင်းအုတ်တံတိုင်း အလှူငွေ ကျပ်သိန်း ၅၀ ကို ရေစက်ချတရားတွေနာခဲ့ကြပါတယ်။ ဒါ့ အပြင် လူအယောက် ၃၀၀ စာ တစ်ဦးကို‌ ငွေကျပ် ၁ သောင်းနှုန်းနဲ့ အချိုရည်တွေကို ကုသိုလ်ပြုလှူဒါန်းခဲ့ပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *