November 15, 2024
photo_2024-11-11_13-27-36

MT News
၁၁. ၁၁. ၂၀၂၄

မြန်မာ့ပင်လယ်ပြင်အတွင်း သုံးရက်ကြာမျောပါနေသည့် ကျားဖောင်လုပ်သား ၁၂ ဦးကို ငါးဖမ်းသင်္ဘောတစ်စီးနှင့် တပ်မတော် (ရေ) ၏ စစ်ရေယာဥ်က ပူးပေါင်းကူညီ ကယ်ဆယ်လိုက်နိုင်ခဲ့ကြောင်း သိရသည်။

ဧရာဝတီတိုင်းဒေသကြီး၊ ဟိုင်းကြီးကျွန်းမြို့၊ မော်တင်စွန်းတောင်ဘက် ရေမိုင် ၂၅ မိုင်ခန့် အကွာရှိ မြန်မာ့ပင်လယ်ပြင်အတွင်း ရေထဲမျောပါနေသည့် ကျားဖောင် သုးဖောင်မှ ရေလုပ်သား ၁၂ ဦးကို နိုဝင်ဘာ ၉ ရက် နံနက် ၁၀ နာရီခွဲခန့်တွင် ငါးဖမ်းရေယာဉ်မှတွေ့ရှိ ကယ်ဆယ်ခဲ့ကြောင်း သတင်းရရှိသဖြင့် လုံခြုံရေးတာဝန်ထမ်းဆောင်နေသည့် စစ်ရေယာဉ်က သွားရောက်ကာ အဆိုပါရေလုပ်သားများအား မွန်းလွဲ ၃ နာရီခန့်တွင် စစ်ရေယာဉ်ပေါ်သို့ လွှဲပြောင်းတင်ဆောင်၍ လိုအပ်သည့် ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများ ဆောင်ရွက်ပေးခဲ့သည်။

အဆိုပါ ကျားဖောင်လုပ်သား ၁၂ ဦးသည် ဖျာပုံမြစ်ဝမှ ၁၀ မိုင်ခန့်အကွာတွင် ကျားဖောင်လုပ်ငန်းလုပ်ကိုင်နေစဉ် နိုဝင်ဘာ ၆ ရက် ည ၁၀ နာရီခန့်တွင် ရာသီဥတု ဆိုးရွားကာ လှိုင်းလေပြင်းထန်လာသဖြင့် ကျားဖောင်များပျက်၍ မျောပါခဲ့ခြင်းဖြစ်ကြောင်း သိရှိရသည်။

ကယ်ဆယ်လာခဲ့သူများကို တပ်မတော်(ရေ)စစ်ရေယာဉ်မှ လိုအပ်သည့် ကျန်းမာရေး စစ်ဆေးကုသခြင်းများ ဆောင်ရွက်ပြီး အဝတ်အထည်နှင့် စားသောက်ဖွယ်ရာများ ထောက်ပံ့ကာ ရေလုပ်သားများအား သက်ဆိုင်ရာသို့ စနစ်တကျလွှဲပြောင်းပေးခဲ့ကြောင်း သိရသည်။

Leave a Reply

Your email address will not be published. Required fields are marked *