◾ ယူကရိန်းက ရုရှားနိုင်ငံမြို့တော်အား ဒုံးကျည် ၃၄ စင်းဖြင့်ပါ ပစ်ခတ်တိုက်ခိုက်
၁၁.၁၁. ၂၀၂၄
Translated by Htwe Ko Tun
ယူကရိန်းက ရုရှားနိုင်ငံရဲ့မြို့တော်ဖြစ်တဲ့ မော်စကိုမြို့ကို ဦးတည်ပြီး အနည်းဆုံး ဒုံးကျည် ၃၄ စင်းနဲ့ နိုဝင်ဘာလ ၁၀ ရက်က ပစ်ခတ်တိုက်ခိုက်မှုပြုခဲ့တာမှာ ၂၀၂၂ ခုနှစ် ယူကရိန်းစစ်ပွဲစတင်ပြီးကထဲက ရုရှားမြို့တော်ကို အကြီးမားဆုံးတိုက်ခိုက်မှုဖြစ်ခဲ့တယ်လို့လည်း သိရပါတယ်။
ဒီတိုက်ခိုက်မှုကြောင့် မော်စကိုမြို့ရဲ့ အဓိက လေဆိပ်လေးခုကို လေယာဉ်ဆင်းသက်မှုတွေ လမ်းလွှဲခဲ့ရတဲ့အပြင် အနည်းဆုံးလူငါးဦး ထိခိုက်ဒဏ်ရာရခဲ့တယ်လို့ ဆိုပါတယ်။
ရုရှားဘက်ကလည်း နိုဝင်ဘာလ ၉ ရက်ညက ယူကရိန်းနိုင်ငံအတွင်း ဒုံးကျည် ၁၄၅ စင်းနဲ့ စံချိန်တင်အောင်ပစ်ခတ်ခဲ့တယ်လို့ ယူကရိန်းသမ္မတ ဗိုလိုဒီမာ ဇယ်လန်စကီးက ပြောခဲ့ပါတယ်။ ရုရှားစစ်ဖက်ကအသုံးပြုနေတဲ့ Shahed မောင်းသူမဲ့လေယာဉ်တွေက ဈေးနှုန်းအားဖြင့် များစွာသက်သာကာ တစ်ခါသုံးပြီးစွန့်ပစ်လိုက်နိုင်တဲ့ အီရန်နိုင်ငံထုတ် အသေခံကာမိကာဇေ မောင်းသူမဲ့ လေယာဉ်မျိုးတွေဖြစ်ပါတယ်။
ရုရှားကာကွယ်ရေးဝန်ကြီးဌာနက မော်စကိုမြို့ကို ဦးတည်လွှတ်တင်လိုက်တဲ့ ယူကရိန်းတို့ရဲ့ မောင်းသူမဲ့လေယာဉ် ၃၄ စင်းက မော်စကိုဒေသအတွင်း နိုဝင်ဘာလ ၁၀ ရက် နံနက် ၇ နာရီမှ နံနက် ၁၀ နာရီအထိ တိုက်ခိုက်ခဲ့တယ်လို့ ပြောခဲ့ပါတယ်။ မော်စကိုမြို့ အုပ်ချုပ်ရေးမှူး အန်ဒရီး ဗိုရိုဘော့က ယူကရိန်းတို့ရဲ့ မောင်းသူမဲ့လေယာဉ်တွေကို မော်စကိုမြို့ဒေသတွေဖြစ်တဲ့ ရာမန်စကိုရီ၊ ကိုလုမ်နာနဲ့ ဒိုမိုဒီဒိုဗိုတို့မှာ ပစ်ချနိုင်ခဲ့တယ်လို့ ပြောခဲ့ပါတယ်။
ပစ်ချခံခဲ့ရတဲ့ မောင်းသူမဲ့အဝေးထိန်းလေယာဉ်တွေရဲ့ အပိုင်းအစတွေက ရာမန်စကိုရီ ဒေသအတွင်း အိမ်နှစ်လုံးပေါ်ကို ပျက်ကျပြီး ထိုအိမ်နှစ်လုံးမီးလောင်ခဲ့ရတယ်လို့လည်း သိရပါတယ်။ အသက် ၅၂ နှစ်ရှိ အမျိုးသမီးတစ်ဦးဟာလည်း လေယာဉ်ပျက်တွေရဲ့ အပိုင်းအစတွေထိမှန်ကာ မျက်နှာ၊လည်ပင်းနဲ့လက်တွေမှာ ဒဏ်ရာတွေရခဲ့ပြီး ဆေးရုံမှာ အတွင်းလူနာအဖြစ်ကုသခံနေရတယ်လို့ ဗိုရိုဘော့က ပြောခဲ့ပါတယ်။
Ref- CNN