November 14, 2024
photo_2024-11-11_12-37-35

၁၁.၁၁.၂ဝ၂၄
Written by K Pyay Thein

မြန်မာနိုင်ငံကို အလုံးစုံပိတ်ဆို့ အရေးယူမယ့် Article 33 နဲ့ ပတ်သက်လို့ ကမ္ဘာ့အလုပ်သမားသမားအဖွဲ့ချုပ် ILO က လာမယ့်နှစ်မှာပြုလုပ်မယ့် သူတို့ရဲ့ ညီလာခံမှာဆက်ပြီး ဆွေးနွေးသွားဖို့ရှိနေတယ်လို့ သိရတဲ့အတွက် ဒီကိစ္စရပ်နဲ့ ပတ်သက်လို့ မြန်မာအလုပ်သမားထုဘက်က ကန့်ကွက်ထားတယ်လို့ မြန်မာ့အလုပ်သမားအရေး ကူညီဆောင်ရွက်သူတွေက ပြောပါတယ်။

“Article 33 ကိစ္စက အခု ILO က သူတို့‌ဆွေး‌နွေးနေကြတယ်။ ဒါကို ကျွန်တော်တို့ ကန့်ကွက်တယ်။ ILO ကို စာပို့ပြီးထဲက ဘာမှထူးခြားလာတာတွေ မရှိသေးဘူး။ သူတို့ဘက်က တစ်စုံတစ်ရာအကြောင်းပြန်မလာဘူး။ သို့သော် Article 33 ကိစ္စက လာမယ့်နှစ် ၇ လပိုင်းမှာပြုလုပ်မယ့် သူတို့ရဲ့ ညီလာခံရှိတယ်။ အဲ့ဒီမှာတော့ ဒီ Article 33 နဲ့ ပတ်သက်ပြီး ဆက်လက်ဆွေးနွေးမယ်၊အတည်ပြုမယ်လို့ ကြားနေရပါတယ်”လို့ မြန်မာအလုပ်သမားအဖွဲ့အစည်းကိုယ်စားလှယ်တစ်ဦးဖြစ်သူ ဦးဇော်ဇော်အောင်က MT News ကို ပြောပါတယ်။

မြန်မာကိုအလုံးစုံပိတ်ဆို့အရေးယူမယ့် Article 33 နဲ့ ပတ်သက်လို့ ရန်ကုန်မြို့၊ ကန်ဘဲ့လမ်းမှာရှိတဲ့ ILO ရုံးကို မြန်မာအလုပ်သမားထုဘက်က ကန့်ကွက်ရှုတ်ချစာတစ်စောင်ကိုလည်း ပြီးခဲ့တဲ့အောက်တိုဘာ ၂၅ ရက်နေ့က ပေးပို့ထားခဲ့တာဖြစ်ပါတယ်။

“အခု သူတို့လုပ်မယ့်အစည်းအဝေးကိုပဲ ဆက်ပြီး စောင့်ကြည့်ရမှာပေါ့။ အဲ့ကနေ ဘာတွေထူးခြားမှုရှိလာနိုင်မလဲဆိုတာကို‌
ကျွန်တော်တို့ ဆက်လက်စောင့်ကြည့်သွားမှာပါ”လို့ မြန်မာအလုပ်သမားအဖွဲ့အစည်းကိုယ်စားလှယ် ဦးဇော်ဇော်အောင်က ဆက်လက် ပြောပြပါတယ်။

ILO က မြန်မာနိုင်ငံအပေါ် Article 33 ကျင့်သုံးမယ့် ကိစ္စရပ်တွေနဲ့ ပတ်သက်လို့ မြန်မာအလုပ်သမားထုစစ်စစ်တွေဘက်က မလိုလားကြောင်းနဲ့ ဆန့်ကျင်ရှုတ်ချကြောင်း သတင်းစကား‌တွေပါဝင်တဲ့ကန့်ကွက်စာကိုလည်း အလုပ်သမား ၄၈ဝ ကျော်က လက်မှတ်ရေးထိုးထားပြီး ILO ကို ပေးပို့ထားတာဖြစ်ပါတယ်။

အဲ့ဒီ Article 33 လို့ခေါ်ဆိုတဲ့ မြန်မာနိုင်ငံအပေါ် အလုံးစုံပိတ်ဆို့ရေးအဆိုကို ပြည်ပထွက်ပြေးတဲ့အဖွဲ့အစည်းတချို့က ILO ထံတင်သွင်းခဲ့ရာမှာ ILO ကလက်ခံပြီး ပိတ်ဆို့ခြင်းဆိုင်ရာကိစ္စရပ်တွေကို လက်ခံဆွေးနွေးမယ်လို့ ဆုံးဖြတ်ခဲ့တာနဲ့ ပတ်သက်လို့ မြန်မာ့အလုပ်သမားထု‌စစ်စစ်တွေရဲ့ ဆန္ဒထုတ်ဖော်ပွဲတစ်ရပ်ကိုလည်း အောက်တိုဘာ ၁၄ ရက်နေ့က ရန်ကုန်မြို့၊ ဒဂုံဆိပ်ကမ်းမြို့နယ်မှာရှိတဲ့ စက်မှုဇုန်စီမံခန့်ခွဲရေးကော်မတီရုံး(ကနောင်ခန်းမ)မှာ ပြုလုပ်ခဲ့ကြပါတယ်။

ဒါ့အပြင် Article 33 နဲ့ ပတ်သက်လို့ ILO အနေနဲ့ပြည်တွင်းရှိ စက်ရုံ၊ အလုပ်ရုံတွေကအလုပ်သမားတွေရဲ့ အလုပ်အကိုင်အခွင့်အလမ်းတွေကိုကာကွယ်ပေးဖို့၊ အလုပ်သမားထုစစ်စစ်တွေရဲ့ အသံကိုနားထောင်ပေးဖို့နဲ့ Article 33 နဲ့ပတ်သက်လို့ဆုံးဖြတ်ချက်ချရမယ့်ကိစ္စရပ်တွေကို ချက်ချင်းရပ်တန့်ပေးဖို့ မြန်မာ့အလုပ်သမားထုတွေဘက်က တောင်းဆိုထားကြပါတယ်။

မြန်မာနိုင်ငံအတွင်းမှာရှိနေတဲ့ ပြည်ပရင်းနှီးမြုပ်နှံမှုလုပ်ငန်းတွေဖြစ်တဲ့ အထည်ချုပ်လုပ်ငန်း၊ ဖိနပ်ချုပ်လုပ်ငန်း၊ အိတ်ချုပ်လုပ်ငန်းအစရှိတဲ့ လက်ခစားလုပ်ငန်းတွေမှာ မြန်မာအလုပ်သမားဦးရေ ၅ သိန်းခန့်က အလုပ်လုပ်ကိုင်နေကြရတာလည်းဖြစ်ပါတယ်။

Photo – EU

#အထည်ချုပ်လုပ်ငန်း #Article 33

#ILOညီလာခံ #မြန်မာ့အလုပ်သမားထု

#MT #mtnews

Leave a Reply

Your email address will not be published. Required fields are marked *