၁၁. ၁၁. ၂၀၂၄
Written by Nay Moe
ညောင်ဦးမြို့နယ်၊ မြို့လှကျေးရွာတွင် PDF ခုနစ်ဦးက အမျိုးသားသုံးဦးကို ဖမ်းဆီးရိုက်နှက်ကာ သေနတ်ဖြင့် ပစ်သတ်၍ နှစ်ဦးသေဆုံးပြီး တစ်ဦးဒဏ်ရာရရှိခဲ့ကြောင်း ပြည်ထဲရေးဝန်ကြီးဌာနက ထုတ်ပြန်ထားသည်။
ဖြစ်စဥ်မှာ ၂၀၂၄ ခုနှစ်၊ နိုဝင်ဘာ ၇ ရက် နံနက် ၈ နာရီ ၅၀ မိနစ်တွင် မန္တလေးတိုင်းဒေသကြီး၊ ညောင်ဦးမြို့နယ်၊ မြို့လှကျေးရွာ၌ သေနတ်ဖြင့် ပစ်ခတ်ခံရ၍ အမျိုးသားနှစ်ဦး သေဆုံးကာ တစ်ဦး ဒဏ်ရာရရှိခဲ့ကြောင်း သတင်းအရ လုံခြုံရေးတပ်ဖွဲ့ဝင်များက သွားရောက်စစ်ဆေးခဲ့ရာ အဆိုပါကျေးရွာနေသူများ ဖြစ်ကြသည့် ဦးကျော်ကျော်ဟန်(၃၇)နှစ်၊ ကိုစိုးမင်းဦး(၂၆)နှစ်နှင့် ဘုန်းတော်ကျေးရွာနေ ဦးမင်းမင်းသန့်(ခ)နေအောင်(၃၉)နှစ်တို့သည် ဦးကျော်ကျော်ဟန်၏နေအိမ်၌ ရှိနေစဉ် PDF ခုနစ်ဦး (စိစစ်ဆဲ)ရောက်ရှိလာပြီး ဝိုင်းဝန်းရိုက်နှက်ကာ သေနတ်ဖြင့် ပစ်ခတ်သတ်ဖြတ်ခဲ့သဖြင့် ဦးကျော်ကျော်ဟန်နှင့် ကိုစိုးမင်းဦးတို့တွင် ကျည်ထိမှန် ဒဏ်ရာများရရှိကာ သေဆုံးသွားခဲ့ပြီး ဦးမင်းမင်းသန့်(ခ)နေအောင်တွင် ထိခိုက်ဒဏ်ရာများရရှိခဲ့၍ ဆေးကုသနိုင်ရေး ညောင်ဦးခရိုင်ပြည်သူ့ဆေးရုံကြီးသို့ ပို့ဆောင်ထားရှိကြောင်း သိရသည်။
နွေဦးတော်လှန်ရေးစတင်ချိန်မှ ၂၀၂၄ ခုနှစ် ဇူလိုင်လကုန်အထိ ကလေးသူငယ် ၂၃၀ ကျော်၊ သံဃာတော် အပါး ၉၀ ကျော်၊ ရပ်ကျေးအုပ်ချုပ်ရေးမှူးနှင့် ဆရာဆရာမ၊ နိုင်ငံ့ဝန်ထမ်း ၁၂၀၀ ခန့်အပါအဝင် ပြည်သူ ၈၀၀၀ ခန့်မှာ “ဒလန်၊ သူလျှို၊ နစကယန္တရားလည်ပတ်အောင်ပြုလုပ်ပေးသူ” ဆိုသည့်စွပ်စွဲချက်များနှင့် NLD, NUG, PDF, EAOs တို့၏ သတ်ဖြတ်မှုကို ခံထားရသည်။