၁၀ .၁၁ .၂၀၂၄
Wtitten by MMAK
◾ မန်ယူ Vs လက်စတာ
ပြီးခဲ့တဲ့ တစ်ပတ်ကျော်က ကာရာဘောင်ဖလား တွေ့ဆုံမှုမှာ မန်ယူအသင်းက ငါးဂိုးနှစ်ဂိုးနဲ့ ဂိုးပြတ်အနိုင်ရသွားပါတယ်။ အဲဒီဖလားပွဲမှာ လက်ထောက်နည်းပြ နစ္စတယ်ရွိုင်း စတင်ကိုင်တွယ်ခဲ့တာဖြစ်ပြီး မန်ယူအသင်းက ဖိအားတွေများနေတာကြောင့် လူစုံထုတ်ကာ ယှဥ်ပြိုင်ကစားခဲ့ပေမဲ့ လက်စတာအသင်းက အရန်ကစားသမားတွေနဲ့ ယှဥ်ပြိုင်ကစားခဲ့ပြီး နှစ်ဂိုးသွင်းနိုင်ခဲ့တာကို တွေ့ရပါတယ်။ လက်စတာအသင်းက နောက်ဆုံးခြောက်ပွဲဆက် ဂိုးသွင်းထားနိုင်တာကို တွေ့ရပြီး အမှတ်ရသင့်တဲ့ပွဲမှာ အမှတ်ရအောင်ယူတတ်သလို အသင်းကြီးတွေဖြစ်တဲ့ စပါး၊ ဗီလာ ၊ အာဆင်နယ်နဲ့ မန်ယူအသင်းတို့ကို ဂိုးသွင်းထားနိုင်တာကို တွေ့ရပါတယ်။ ဒီပွဲမှာ မန်ယူအသင်းက တစ်လုံးအရှုံးပေးထားပြီး ဂိုးပေါင်းကြေး သုံးလုံးငါးဆယ်အရှုံး ပေါက်ပါတယ်။ ဒီပေါက်ကြေးက အထက်ကြေး တစ်ခုခု အောင်နိုင်တယ်လို့ ယူဆထားတဲ့အတွက် ဘော်ဒီထက် ဂိုးပေါ်ကိုပိုကြိုက်ပါတယ်။ နစ္စတယ်ရွိုင်းကိုင်တွယ်ပြီးနောက်ပိုင်း ခြေစွမ်းအတက်ဘက်ရောက်လာတဲ့ အိမ်ရှင်မန်ယူအသင်းက နှစ်ဂိုးလောက်သွင်းနိုင်တယ်ဆိုရင် လက်စတာအသင်းကလည်း တစ်ဂိုးလောက် ပြန်သွင်းနိုင်တယ်လို့ ထင်ပါတယ်။ သုံးဂိုးသွင်းရင် ပြားငါးဆယ် ရှုံးနိမ့်မှာ ဖြစ်ပေမဲ့ သုံးဂိုးလောက်က အသာအယာ မြင်ရမဲ့ပွဲလို့ ထင်ပါတယ်။ ဒီဂိုးပေါင်းကြေးက နှစ်သင်းလုံးဂိုးရနိုင်တဲ့ ပေါက်ကြေးမျိုး ဖြစ်တဲ့အတွက် လေးဂိုးလောက်ထိ မြင်ရနိုင်လို့ ဂိုးပေါ်တစ်မျိုးတည်း ရွေးချယ်ပေးချင်ပါတယ်။
◾ နော်တင်ဟန်ဖောရက် Vs နယူးကာဆယ်
ဒီရာသီမှာ ဘယ်သူမှထင်မထားတဲ့ ဖောရက်အသင်းက အဆင့်သုံးနေရာကို ရောက်ရှိနေပြီး တော်တော်လေး ခြေစွမ်းပြနေပါတယ်။ နယူးကာဆယ်အသင်းရဲ့ အဝေးကွင်းခြေစွမ်းက အားရစရာသိပ်မကောင်းဘဲ ခြေစွမ်းကောင်းနေတဲ့ ဖောရက်အသင်းကို အဝေးကွင်းကနေ အနိုင်ယူသွားနိုင်ဖို့ဆိုတာ သိပ်မလွယ်ပါဘူး။ ဖောရက်အသင်းကလည်း နယူးကာဆယ်အသင်းက ကစားရခက်တဲ့အသင်းကြီး ဖြစ်တဲ့အတွက် သတိကြီးစွာ ယှဥ်ပြိုင်ကစားလာမှာပါ။ ဒီပွဲမှာ ဘော်ဒီကြေး ဒဲ့ပေါက်နေပြီး ဂိုးပေါင်းကြေး နှစ်လုံးအရှုံး ဖြစ်ပါတယ်။ ဖောရက်အသင်းက ခံစစ်ကို လုံအောင်ကစားတတ်တဲ့အတွက် ခုနစ်ဂိုးသာ ပေးထားရပြီး လီဗာပူးအသင်းပြီးရင် ခံစစ်အကောင်းဆုံး အသင်း ဖြစ်ပါတယ်။ နယူးကာဆယ်အသင်းက အဝေးကွင်းသိပ်မကောင်းသလို တိုက်စစ်ကလည်း ငါးဂိုးသာ သွင်းထားနိုင်တာ တွေ့ရပါတယ်။ အဝေးကွင်းငါးပွဲမှာ တစ်ပွဲတစ်ဂိုးလောက်ဘဲ သွင်းနိုင်တယ်ဆိုတဲ့ နယူးကာဆယ် တိုက်စစ်က ဂိုးတွေအများကြီး သွင်းနိုင်မယ် မထင်ပါဘူး။ ခံစစ်ကောင်းတဲ့အသင်းနဲ့ တိုက်စစ်ညံတဲ့အသင်း တွေ့ ဆုံနေတာဖြစ်ပြီး အပြန်အလှန်သွင်းဂိုးတွေ မြင်ရဖို့ သိပ်မလွယ်ပါဘူး။ ဒီပွဲက တစ်ဂိုးရဖို့တောင် အချိန်တော်တော်စောင့်ရမယ်လို့ ယူဆထားပြီး အများဆုံး နှစ်ဂိုးလောက်သာ မြင်ရနိုင်တဲ့အတွက် ဂိုးအောက်တစ်မျိုးတည်း ကြိုက်ပါတယ်။
◾ စပါး Vs အစ်ဆွချ်
စပါးအသင်းရဲ့ အိမ်ကွင်းတိုက်စစ်က အရမ်းကောင်းတာ ဖြစ်တဲ့အတွက် အိမ်ကွင်းနောက်ဆုံး နှစ်ပွဲမှာ ဂိုးပြတ်တွေချည်း အနိုင်ရပြီး စုံပေါ်တွေအောင်ထားပါတယ်။ တန်းတက်အသင်းလေး အစ်ဆွချ်ကလည်း ဂိုးပေးလိုက်ရပြီဆိုရင် တိုက်စစ်ဖွင့်ကစားပြီး ဂိုးတွေအလှူပေးနေရသလို ဖြစ်နေတာကြောင့် ဒီပွဲရဲ့ ပေါက်ကြေးတွေက အရမ်းပြင်းနေပါတယ်။ အိမ်ရှင်စပါးအသင်းက ဘော်ဒီကြေး နှစ်လုံးသရေ ပေးထားပြီး ဂိုးပေါင်းကြေး လေးလုံးသုံးဆယ်စားပေးထားပါတယ်။ စပါးအသင်းရဲ့ အိမ်ကွင်းခြေစွမ်းကြောင့် ထိုးသားတိုင်း စပါးဘော်ဒီနဲ့ ဂိုးပေါ် အကြိုက်များနေတာ တွေ့ရတဲ့အတွက် ဒီပွဲမှာတော့ စုံပေါ်ထပ်အောင်တော့မယ် မထင်ပါဘူး။ အဝေးကွင်းမှာ လာကစားရမဲ့
အစ်ဆွချ်အသင်းအနေနဲ့ စပါးအသင်းကို တိုက်စစ်ယှဥ်ကစားရင် ဂိုးတွေအများကြီးပေးရနိုင်တာကို သိနေတဲ့အတွက် တိုက်စစ်ဖွင့်ကစားလာမယ်လို့ မထင်ပါဘူး။ စပါးအသင်းကလည်း ကပ်နိုင်လို့ရတဲ့အပြင် နှစ်ဂိုးပြတ်လောက်ဘဲ သွင်းပြီး ဂိုးပေါင်းထိန်းကစားလို့ ရပါတယ်။ လေးဂိုးသွင်းရင်တောင် ပြားသုံးဆယ်ပဲ ရှုံးမှာ ဖြစ်တဲ့အတွက် ဂိုးအောက်နေစေချင်ပါတယ်။ ထိုးသားတိုင်း ဂိိုးပေါ်ထင်နေတဲ့ပွဲမှာ ငါးဂိုးလောက်ထိ မရောက်နိုင်ဘူးလို့ ယူဆတဲ့အတွက် ဂိုးအောက်တစ်မျိုးတည်း ရွေးချယ်ပေးချင်ပါတယ်။
◾ ချဲလ်ဆီး Vs အာဆင်နယ်
တနင်္ဂနွေညရဲ့ အကောင်းဆုံးပွဲစဥ်တစ်ခု ဖြစ်ပြီး လန်ဒန်ဒါဘီပွဲလည်း ဖြစ်ပါတယ်။ နယူးကာဆယ်အသင်းနဲ့ အဝေးကွင်းပွဲမှာ ရှုံးနိမ့်ခဲ့သလို အင်တာမီလန်အသင်းနဲ့ ကစားခဲ့တဲ့ ချန်ပီယံလိဂ် အဝေးကွင်းပွဲမှာလည်း ရှုံးနိမ့်ခဲ့တဲ့ အာဆင်နယ်အသင်း အနည်းငယ်ခြေကျနေတာကို တွေ့ရပါတယ်။ ဒီပွဲမှာ ကွင်းလယ်ဖန်တီးရှင် မာတင်အိုဒီဂတ် ပြန်လည်ပါဝင်လာနိုင်ပေမဲ့ ချဲလ်ဆီးအသင်းရဲ့ အိမ်ကွင်းမှာ အနိုင်ရဖို့ဆိုတာ သိပ်တော့မလွယ်ပါဘူး။ လက်ရှိအချိန်မှာ ချဲလ်ဆီးအသင်းက ပုံစံကောင်းရနေတာ ဖြစ်ပြီး ဒါဘီပြိုင်ဘက် အာဆင်နယ်အသင်းကို အိမ်ကွင်းမှာ ကောင်းကောင်းယှဥ်ကစားနိုင်ပါတယ်။ ဒီပွဲမှာ အာဆင်နယ်အသင်းက ပြားသုံးဆယ်အရှုံးပေးထားပြီး ဂိုးပေါင်းကြေး သုံးလုံးရှစ်ဆယ်စား ဖြစ်ပါတယ်။ အာဆင်နယ်အသင်းက အဝေးကွင်း ငါးပွဲကစားထားရာမှာ တိုက်စစ်က ငါးဂိုးဘဲ သွင်းထားနိုင်တာကို တွေ့ရတဲ့အတွက် အဝေးကွင်းတိုက်စစ်က အားနည်းချက်ရှိနေတာကို တွေ့ရပါတယ်။ ချဲလ်ဆီးကွင်းမှတော့ အာဆင်နယ်အသင်း မလှန်နိုင်ဘူးလို့ ယူဆထားတဲ့အတွက် သရေကျရင် ပြားသုံးဆယ် အနိုင်ရမဲ့ ချဲလ်ဆီးအသင်းကိုပဲ ကြိုက်ပါတယ်။
◾ ဆိုစီဒက် Vs ဘာစီလိုနာ
ဘာစီလိုနာအသင်းက နောက်ဆုံးခုနှစ်ပွဲဆက် စုံပေါ်အောင်ထားပြီး တိုက်စစ်က တစ်ပွဲကို အနိမ့်ဆုံး သုံးဂိုးလောက် သွင်းထားတာ ဖြစ်ပေမဲ့ ဒီပွဲမှာ ပေးထားတဲ့ ဘာစီလိုနာအသင်းရဲ့ ဘော်ဒီကြေး တစ်လုံးကိုးဆယ်စားဆိုတဲ့ ပေါက်ကြေးနဲ့ ဂိုးပေါင်းကြေး သုံးလုံးသုံးဆယ်စားဆိုတဲ့ ပေါက်ကြေးက အရမ်းပျော့နေပါတယ်။ ဆိုစီဒက်အသင်းက အိမ်ကွင်းဖြစ်နေတဲ့ အချက်သာရှိပြီး အရမ်းကောင်းနေတာမျိုးလည်း မဟုတ်ဘဲ ဒီလိုကြေးမျိုး ပေးထားတာဟာ မဖြစ်သင့်ပါဘူး။ ဒီပွဲက အောက်ကြေးတစ်ခုခု အနိုင်ရသွားနိုင်တယ်လို့ ယူဆထားပြီး ဂိုးအောက်ကို ရွေးချယ်ထားပါတယ်။ ဆိုစီဒက်အသင်းက လာလီဂါပွဲစဥ် ဆယ့်နှစ်ပွဲကစားထားရာမှာ ကိုးပွဲထိဂိုးအောက်ကစားထားပြီး ခံစစ်က ဆယ်ဂိုးသာပေးထားရပါတယ်။ ဒီပေါက်ကြေးက ဘာစီလိုနာအသင်း ဘော်ဒီကြေး အောင်ဖို့တောင် ခက်တယ်လို့ ယူဆထားတဲ့အတွက် ဂိုးတွေအများကြီးသွင်းပြီး ဂိုးပေါ်မယ်လို့ မထင်ပါဘူး။ တကယ်လို့ ဂိုးရခဲ့ရင်တောင် အများဆုံး သုံးဂိုးလောက်ပဲ မြင်ရမယ်လို့ ထင်တဲ့အတွက် ဒီပွဲကို ပေါက်ကြေးအရ ဂိုးအောက်တစ်မျိုးတည်းကို ရွေးချယ်ပေးချင်ပါတယ်။
◾ စတုဂတ် Vs ဖရန့်ဖတ်
ဂျာမာန်ဘွန်ဒက်လီဂါ ပွဲစဥ်တွေဟာ ဂိုးပေါင်းအပေါ်
အဖြစ်များတဲ့ လိဂ်တစ်ခု ဖြစ်ပြီး စနေညမှာ ဂိုးပေါ် မအောင်ရင် တနင်္ဂနွေညမှာ ဂိုးပေါင်းအပေါ်တွေ အောင်တတ်ပါတယ်။ စနေည ဘွန်ဒက်လီဂါ ပွဲစဥ်တွေမှာ ဂိုးအောက်တွေ နဲ့ အောက်ကြေးတွေ စားထားတာ ဖြစ်တဲ့အတွက် ဒီပွဲကို ဂိုးပေါ် ရွေးထားပါတယ်။ ယနေ့ညမှာ ဘွန်ဒက်လီဂါပွဲစဥ်သုံးပွဲ ကစားမှာ ဖြစ်ပြီး ဒီပွဲက ဂိုးပေါင်းအပေါ် ဖြစ်နိုင်တဲ့ အကောင်းဆုံးပွဲ ဖြစ်ပါတယ်။ နှစ်သင်းလုံးက တိုက်စစ်အသားပေး အသင်းဖြစ်တဲ့အပြင် ဂိုးလည်းသွင်းတယ် ဂိုးလည်းပေးတယ်ဆိုတဲ့ အသင်းတွေ ဖြစ်ပါတယ်။ စတုဂတ်အသင်းက အိမ်ကွင်းလေးပွဲမှာ ဆယ့်တစ်ဂိုးသွင်းထားတဲ့ တိုက်စစ်ကို ပိုင်ဆိုင်ထားပြီး ဖရန့်ဖတ်အသင်းက တိုက်စစ်အသားပေး ကစားတတ်တာကြောင့် နှစ်သင်းလုံး ဂိုးရနိုင်ပါတယ်။ ဒီပွဲမှာ စတုဂတ်အသင်းက ဘော်ဒီကြေး တစ်လုံးကိုးဆယ်စားပေးထားပြီး ဂိုးပေါင်းကြေး သုံးလုံးတစ်ဆယ်အရှုံး ဖြစ်ပါတယ်။ ဒီပွဲမှာ အနိမ့်ဆုံး သုံးဂိုးလောက်က အသာအယာ မြင်ရနိုင်ပြီး ပြားတစ်ဆယ်ရင်းရမဲ့ ပွဲလို့ထင်ပါတယ်။ ဂိုးပေါင်းကြေး အနည်းငယ်ပျော့နေပေမဲ့ ဂိုးပေါင်းကြေးကို ဒီထပ်ပိုပြီး မြင့်မားလိုက်မယ်ဆိုရင် ဂိုးပေါင်းအပေါ်ကို ထိုးသားတွေ လူကြိုက်များလာနိုင်တာကြောင့် ကြေးချထားတာ ဖြစ်နိုင်ပါတယ်။ အပြန်အလှန်သွင်းဂိုးတွေနဲ့ ဂိုးပေါ်မယ်လို့ ယူဆထားတဲ့အတွက် ဂိုးပေါ် တစ်မျိုးတည်း ရွေးချယ်ပေးချင်ပါတယ်။