November 13, 2024

◾ ထရန့်က Electoral vote ၃၁၂ မဲအထိ ရရှိ

၁၀.၁၁.၂၀၂၄
Translated by Htwe Ko Tun

အမေရိကန်ပြည်ထောင်စုရဲ့  နိုဝင်ဘာလ ၅ ရက်မှာကျင်းပခဲ့တဲ့သမ္မတရွေးကောက်ပွဲမှာ သမ္မတလောင်း ဒေါ်နယ်ထရန့်က သမ္မတဖြစ်ဖို့လိုအပ်တဲ့ Electoral Vote ၂၇၀ ကို ပြည့်မီသွားခဲ့ပြီဖြစ်လို့ အမေရိကန်ရဲ့ ၄၇ ယောက်မြောက် သမ္မတအဖြစ်ရလဒ်ထွက်ခဲ့ပါပြီ။

ရွေးကောက်ပွဲမှာ ပြည်နယ် ၅၀ လုံးအတွက် မဲတွေကိုတော့  နိုဝင်ဘာလ ၁၀ ရက် နံနက်မှာမှ ရေတွက်ပြီးစီးလို့ နောက်ဆုံးရလဒ်ကို အောက်ပါအတိုင်း တွေ့ရပါတယ်။

               ဒေါ်နယ် ထရန့်              ကာမာလာဟားရစ်
EV.                 ၃၁၂.                              ၂၂၆
ပြည်သူ        ၇၄,၆၅၀,၇၅၄.              ၇၀,၉၁၆,၉၄၆
တိုက်ရိုက်မဲ    ( ၅၀.၅%)                    ( ၄၇.၉%)

အမေရိကန် သမ္မတ ရွေးကောက်ပွဲ မှာအရေးပါတဲ့ Swing State ခေါ် ဘယ်ပါတီအသာရမယ်ဆိုတာ ရွေးကောက်ပွဲ မတိုင်မီကြိုတင် ခန့်မှန်းဖို့မလွယ်တဲဲ့ ပြည်နယ်တွေရှိပါတယ်။

ထရန့်က ၂၀၂၄ သမ္မတရွေးကောက်ပွဲမှာ ဒီပြည်နယ် ခုနစ်ခုဖြစ်တဲ့ အရီဇိုးနား၊ နီဗားဒါး၊ ဝင်ကွန်ဆင်၊ မီချီဂန်၊ ပန်ဆယ်လ်ဗေးနီးယား၊ မြောက်ကယ်ရိုလိုင်းနားနဲ့ ဂျော်ဂျီယာပြည်နယ်တွေအားလုံးမှာ အနိုင်ရခဲ့ကာ ဒီပြည်နယ်တွေက EV ၉၃ မဲ ရယူနိုင်ခဲ့တာကြောင့် ထရန့်ကို အိမ်ဖြူတော်သို့ ဒုတိယ အကြိမ် ရောက်စေခဲ့တာလို့သုံးသပ်ကြပါတယ်။

Ref, AP

Leave a Reply

Your email address will not be published. Required fields are marked *