November 13, 2024

၁၁.၁၀.၂၀၂၄
Written By Zun

ရန်ကုန်-မန္တလေးလမ်းဟောင်းပေါ် တွင်မော်တော်ယာဉ်က ဆိုင်ကယ်သမားကိုတိုက်မိ၍ ယာဥ်တိုက်ခံရသူမှာ ပေ ၅၀ ခန့်အကွာထိ ဒရွတ်တိုက်ပါသွားကာ ပွဲချင်းပြီးသေဆုံးခဲ့မှု နိုဝင်ဘာ ၉ ရက် ညက ဖြစ်ပွားခဲ့ကြောင်း သိရသည်။

အဆိုပါဖြစ်စဥ်မှာ ပဲခူးတိုင်းဒေသကြီး၊ အုတ်တွင်းမြို့နယ်၊ အုတ်တွင်းမြို့မြောက်ဘက် ရန်ကုန်-မန္တလေးလမ်းဟောင်းပေါ် သုသာန်ကျောင်းအနီး ကူကြီးကုန်းလမ်းဆုံအကျော်တွင် ဖြစ်ပွားခဲ့ခြင်းဖြစ်သည်။

“သတင်းရတာက ၁၀ နာရီလောက်မှာ သတင်းရတာ။ ဆိုင်ကယ်တစ်စီး ရှေ့မီးပွင့်ပြီးလဲကျနေတယ်။ လူလည်း မတွေ့ဆိုပြီးတော့ပေါ့။ ဒါကြောင့် ရင်ခုန်သံ ရှင်ရေးကူညီမှူအသင်းက ကားတစ်စီးထွက်တယ်။ လဲနေတဲ့ဆိုင်ကယ်အနားမှာ လူကိုမတွေ့ဘူး။ ဆိုင်ကယ်လဲကျနေတာရဲ့မြောက်ဘက် ပေ ၅၀ ကျော်အကွာမှာ လူကိုတွေ့ တာ။ အဲဒီလူရဲ့နောက်စေ့ပွင့်ထွက်နေတယ်။ ခြေနှစ်ဘက်လုံး ခြေကျင်းဝတ်နားကကျိုးနေပြီး သေနေတဲ့အမျိုးသားတစ်ယောက်အလောင်းကို တွေ့တယ်။ အခင်းဖြစ်တဲ့နေရာကို မြို့နယ်ရဲတပ်ဖွဲ့မှူးနဲ့ တပ်ဖွဲ့ဝင်တွေရောက်လာပြီးစစ်ဆေးတယ်။ ရင်ခုန်သံ စွယ်စုံသုံးယာဉ်တစ်စီးခေါ်ပြီးတော့ အလောင်းကို စနစ်တကျ Dead Bag နဲ့ထုပ်ပိုးသယ်ဆောင်ပြီး အုတ်တွင်းဆေးရုံရင်ခွဲရုံမှာ ပို့ခဲ့ပါတယ်”ဟု လိုက်ပါကူညီခဲ့သည့် အုတ်တွင်းမြို့ နယ်၊ ရင်ခုန်သံ ရှင်ရေးကူညီမှုအသင်း တာဝန်ရှိသူက MT News ကို ပြောသည်။

ဆိုင်ကယ်သမားအား တိုက်၍ ထွက်ပြေးသွားသည့်ယာဉ်မှာ ကား အဖြူရောင် Fit (သို့မဟုတ်) Mark II ယာဉ်ဖြစ်နိုင်ကြောင်းနှင့် ယခုအခါသက်ဆိုင်ရာက စိစစ်ရှာဖွေနေကြောင်း သိရသည်။

“နဝဒေးလမ်းထဲကို ကားဘီးအပေါက်ကြီးနဲ့ မောင်းဝင်လာပြီးတော့ ရှေ့ညာဘက်မီးသီးလည်းကွဲနေတယ်။ အဲဒါကို ဘီးအမြန်လဲပြီးတော့ မောင်းထွက်သွားတယ်။ အဲဒီကားနောက်မှာ ကားအနက်တစ်စီးလည်းပါတယ်လို့ သိရလို့ ရဲတပ်ဖွဲ့ကိုလည်း သတင်းပို့ထားတယ်။ သေဆုံးသူက အုတ်တွင်းမြို့ထဲက ပဲ၊ ကြက်သွန်ခင်း(၁)ရပ်ကွက်ထဲက အရပ်အခေါ် သရက်ချဉ်တိုက်ပေါ့။ သေသူက ကိုသိန်းလှိုင် တဲ့။ အသက် ၄၀ နဲ့ ၅၀ ကြားရှိမယ်”ဟု ဟု ယင်းတာဝန်ရှိသူက ဆိုသည်။

Leave a Reply

Your email address will not be published. Required fields are marked *