November 13, 2024

◾ ကျူးလွန်သူက သေဆုံးသူအမျိုးသမီးနှင့်စကားများရာမှ ခန္ဓာကိုယ်အနှံ့ဓားဖြင့်အချက်ပေါင်းများစွာ ထိုးသတ်ခဲ့ဟုဆို

၁၀.၁၁.၂၀၂၄
Written By Zun

တည်းခိုခန်းတွင် အတူတူတည်းခိုသည့်အမျိုးသားက အမျိုးသမီးကို သတ်ဖြတ်ထွက်ပြေးသွားမှု ရန်ကုန်တိုင်းဒေသကြီး ၊ မြောက်ဥက္ကလာပမြို့နယ်တွင် ယမန်နေ့ နိုဝင်ဘာ ၉ ရက်က ဖြစ်ပွားခဲ့ကြောင်း ရဲတပ်ဖွဲ့နှင့်နီးစပ်သူများထံမှ သိရသည်။

ယင်းကျူးလွန်သူနှင့် အတူလာတည်းသူ အမျိုးသမီးတို့မှာ ချစ်သူများဖြစ်ပြီး စကားများရန်ဖြစ်ရာမှ ဓားဖြင့် အချက်ပေါင်းများစွာထိုးသတ် ထွက်ပြေးသွားခြင်းဖြစ်ကြောင်း သိရသည်။

“သူတို့က တည်းခိုခန်းမှာ လာတည်းကြတယ်၊နယ်ဘက်ကလာတာလို့ သိရတယ်။ အခု စခန်းမှာ (ပ)၄၉၆/၂၀၂၄ ပုဒ်မ ၃၀၂ နဲ့အမှုဖွင့်ထားတယ်။လူသတ်မှုကျူးလွန်သူက ထွက်ပြေးနေတယ်။အခုစုံစမ်းနေကြတယ်”ဟု ရဲတပ်ဖွဲ့နှင့်နီးစပ်သူက MT News ကို ပြောသည်။

အခင်းဖြစ်ပွားသည့် တည်းခိုခန်းမှာ ၊ မြောက်ဥက္ကလာပမြို့နယ် ၊ (င)ရပ်ကွက်၊ ဘုရင့်နောင်လမ်း၊အမှတ် (၁၆၆) New Luck တည်းခိုခန်းဖြစ်ပြီး နိုဝင်ဘာလ ၉ ရက်နံနက်က ထိုလူသတ်မှုဖြစ်ပွားခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။

လူသတ်မှု ဖြစ်ပွားကြောင်း တည်းခိုခန်းက သတင်းပေးပို့ချက်အရ တာဝန်ရှိသူများကသွားရောက်စစ်ဆေးရာ တည်းခိုခန်းပထမထပ်၊အခန်း(၁၀၄)တွင်အမျိုးသမီးတစ်ဦးသည်ပက်လက်အနေအထားဖြင့်သွေးအိုင်အတွင်းသေဆုံးနေသည်ကိုတွေ့ရကြောင်း ရဲမှတ်တမ်းများအရ သိရသည်။

သေဆုံးသူမှာ အသက် ၄၀ အရွယ် ဒေါ်အေးအေးအောင်ဖြစ်ပြီး ကျူးလွန်သူ အသက် ၂၈ နှစ်အရွယ် ရဲရင့်အောင် တိုသူနှင့် အတူ နိုဝင်ဘာလ ၆ ရက်ကတည်းက လာရောက်တည်းခိုနေသူဖြစ်ကြောင်း သိရသည်။

Leave a Reply

Your email address will not be published. Required fields are marked *