၉ .၁၁ . ၂၀၂၄
Wtitten by MMAK
◾ ဘရန့်ဖို့ Vs ဘုန်းမောက်
ဘရန့်ဖို့အသင်းက အိမ်ကွင်းကောင်းတယ်ဆိုတာထက် အိမ်ကွင်းတိုက်စစ်ပိုကောင်းတယ်လို့ ပြောရင် ပိုမှန်ပါတယ်။ အိမ်ကွင်းနောက်ဆုံးနှစ်ပွဲမှာ တိုက်စစ်က ကိုးဂိုးထိရခဲ့တယ်ဆိုပေမဲ့ ခံစစ်က ခုနှစ်ဂိုးထိ ပြန်ပေးခဲ့ရတာကြောင့် ခံစစ်က ဂိုးတွေအများကြီး ပြန်ပေးနေရတယ်ဆိုတာ တွေ့ရပါတယ်။ ဘုန်းမောက်အသင်းက နောက်ဆုံးသုံးပွဲမှာ အာဆင်နယ်နဲ့ မန်စီးတီးအသင်းတို့ကို အနိုင်ရခဲ့ပြီး အက်စတွန်ဗီလာအသင်းကို သရေကစားနိုင်ခဲ့တဲ့ ခြေစွမ်းက အထင်ကြီးစရာ ကောင်းပါတယ်။ ဒီပွဲမှာ ဘော်ဒီကြေး ဒဲ့ပေါက်နေပြီး ဂိုးပေါင်းကြေး သုံးလုံးသရေ ဖြစ်ပါတယ်။ ဘော်ဒီကြေး ဒဲ့ပေါက်နေပေမဲ့ ဂိုးပေါင်းကြေး မြင့်မားနေတာကြောင့် နှစ်သင်းလုံး ဂိုးရမယ်ဆိုတဲ့ ပေါက်ကြေးမျိုး ဖြစ်သလို လက်ရှိခြေစွမ်းအရလည်း နှစ်သင်းလုံး ဂိုးရနိုင်တဲ့ ခြေစွမ်း ဖြစ်ပါတယ်။ တစ်ဖက်တစ်ဂိုးစီလောက်ကနေ စကြည့်ရမှာ ဖြစ်ပြီး အနိမ့်ဆုံး သုံးဂိုးလောက်က အသာအယာ မြင်ရနိုင်တာကြောင့် ဂိုးပေါ်တစ်မျိုးတည်း ရွေးချယ်ပေးချင်ပါတယ်။
◾ ခရစ္စတယ်ပဲလေ့စ် Vs ဖူဟမ်
ပဲလေ့စ်အသင်းက နောက်ဆုံးသုံးပွဲဆက် ရှုံးပွဲ မရှိတော့ဘဲ ရလဒ်တွေ ပြန်ကောင်းလာတာ တွေ့ရပါတယ်။ အမှတ်ပေးဇယားအလယ်က ဖူဟမ်အသင်းက ဖိအားသိပ်မရှိပေမဲ့ တန်းဆင်းဇုန်အထက်မှာ ရောက်နေတဲ့ ပဲလေ့စ်အသင်းကတော့ ဖိအားတွေရှိနေပြီး ရသင့်ရထိုက်တဲ့ အမှတ်တွေ ရဖို့လိုအပ်နေပါယ်။ ဒီပွဲက လန်ဒန်ဒါဘီပွဲ ဖြစ်သလို အလယ်အလတ်အသင်းတွေ ထိပ်တိုက်တွေ့နေတာ ဖြစ်တာကြောင့် ပြိုင်ဆိုင်မှု ပြင်းထန်ဦးမဲ့ ဒါဘီပွဲ ဖြစ်ပါတယ်။ ဒီပွဲမှာ အဝေးကွင်းဖူဟမ်အသင်းက ပြားနှစ်ဆယ်အရှုံးပေးထားပြီး ဂိုးပေါင်းကြေး နှစ်လုံးရှစ်ဆယ်အရှုံး ဖြစ်ပါတယ်။ ပဲလေ့စ်အသင်းမှာ အဓိက ကစားသမားအချို့ ဒဏ်ရာရနေတာကြောင့် အားနည်းချက်တွေ ရှိနေတာတော့ တွေ့ရပါတယ်။ ဒီပွဲပြီးရင် နိုင်ငံတကာ ခြေစစ်ပွဲတွေ ကစားရမှာ ဖြစ်တာကြောင့် ကလပ်ပွဲတွေ တစ်ပတ်နားမှာ ဖြစ်တဲ့အတွက် ကစားသမားတွေ အင်တိုက်အားတိုက် ကစားလာမဲ့ ပွဲစဥ်တွေ ဖြစ်ပါတယ်။ တန်းဆင်းဇုန် အထက်နားကနေ ရုန်းထွက်ချင်နေတဲ့ အိမ်ရှင်ပဲလေ့စ်အသင်း မရှုံးနိုင်ဘူးလို့ ယူဆထားပါတယ်။ သရေကျရင်တောင် ပြားနှစ်ဆယ် အနိုင်ရမှာ ဖြစ်တဲ့အတွက် အိမ်ရှင်ပဲလေ့စ်အသင်းကိုဘဲ ကြိုက်ပါတယ် ။
◾ ဝုဗ် Vs ဆောက်သမ်တန်
တန်းတက်လာတဲ့ ဆောက်သမ်တန်အသင်းက ပြီးခဲ့တဲ့ ပွဲစဥ်မှာ အဲဗာတန်အသင်းကို အနိုင်ရပြီး ပထမဆုံးနိုင်ပွဲ စရခဲ့ပေမဲ့ ဝုဗ်အသင်းက အခုထိ နိုင်ပွဲမရသေးပါဘူး။ ဝုဗ်အသင်းအနေနဲ့ အခုအိမ်ကွင်းပွဲမှာ ဆောက်သမ်တန်အသင်းကိုတော့ အနိုင်ရအောင် ကစားသင့်တယ်လို့ ထင်ပါတယ်။ ဒီပွဲမှ မနိုင်ရင် နည်းပြ ဂယ်ရီအိုနေး အထုတ်ခံရနိုင်သလို တန်းဆင်းဇုန်းအောက်ဆုံးကနေ ရုန်းထွက်လာနိုင်မှာ မဟုတ်ပါဘူး။ တန်းတက်ဆောက်သမ်တန်အသင်းက အဝေးကွင်း ငါးပွဲလုံး ရှုံးနိမ့်ထားသလို ခံစစ်က ဆယ့်တစ်ဂိုးပေးထားရတာကြောင့် အဝေးကွင်း အညံဆုံးအသင်း ဖြစ်ပါတယ်။ ဒီပွဲမှာ အိမ်ရှင်ဝုဗ်အသင်းက တစ်လုံးရှစ်ဆယ်စား ပေးထာပြီး ဂိုးပေါင်းကြေး သုံးလုံး လေးဆယ်စား ဖြစ်ပါတယ်။ ဝုဗ်အသင်း ရှုံးပွဲတွေ များနေတာဟာ ဇယားထိပ်ပိုင်းက အသင်းကြီးတွေနဲ့ ခြောက်ပွဲလောက်ထိ တွေ့ဆုံခဲ့တာကြောင့် ဖြစ်ပြီး နောက်ဆုံး ၁၁ ပွဲဆက် ဂိုးသွင်းထားနိုင်တဲ့ တိုက်စစ်က အရမ်းညံ့မနေပါဘူး။ ဒီပွဲမှာ အိမ်ရှင်ဝုဗ်အသင်း ပထမဆုံးနိုင်ပွဲ စရတော့မယ်လို့ ထင်တာကြောင့် ဝုဗ်ဘော်ဒီကို စနေညအတွက် အကြိုက်ဆုံး ပွဲစဥ်အဖြစ် ရွေးချယ်ပေးချင်ပြီး စုံပေါ် အောင်သွားနိုင်တာကြောင့် ဂိုးပေါ်ကိုပါ ထပ်ကစားစေချင်ပါတယ်။
◾ဝက်စ်ဟမ်းVs အဲဗာတန်
ဝက်စ်ဟမ်းအသင်းက အဝေးကွင်းရလဒ် သိပ်မကောင်းပေမဲ့ မန်ယူအသင်းအပါအဝင် နောက်ဆုံးအိမ်ကွင်းနှစ်ပွဲလုံး အနိုင်ရခဲ့ပါတယ်။ အဲဗာတန်အသင်းက ခံစစ်အသားပေး ကစားတတ်သလို သရေပွဲတွေ အဖြစ်များပြီး နောက်ဆုံးလေးပွဲဆက် ဂိုးအောက် ကစားထားပါတယ်။ အခုအဝေးကွင်းပွဲမှာလည်း အဲဗာတန်အသင်းက ခံစစ်ပိတ်ပြီး ထိန်းကစားလာနိုင်တယ်လို့ ထင်ပါတယ်။ ဒီပွဲမှာ အိမ်ရှင် ဝက်စ်ဟမ်းအသင်းက ပြားငါးဆယ်အရှုံးပေးထားပြီး ဂိုးပေါင်းကြေး သုံးလုံးရှစ်ဆယ်စား ဖြစ်ပါတယ်။ ဝက်စ်ဟမ်းအသင်းရဲ့ ဘော်ဒီကြေးကလည်း အောင်ဖို့ရာ ခက်ခဲတဲ့ ပေါက်ကြေး ဖြစ်သလို ဂိုးပေါင်းကြေးကလည်း အောင်ဖို့ရာ ခက်ခဲတဲ့ ဂိုးပေါင်းကြေး ဖြစ်ပါတယ်။ အောက်တစ်ကွက်ဝင်လာနိုင်တဲ့ ဒီပွဲမှာ ဂိုးအောက် တစ်မျိုးတည်းကို ရွေးချယ်ထားပါတယ်။ သုံးဂိုးလောက်ထိ ရောက်သွားမယ်မထင်ဘဲ အများဆုံး နှစ်ဂိုးလောက်သာ မြင်ရမယ်ထင်တာကြောင့် ဂိုးအောက် တစ်မျိုးတည်းကို ရွေးချယ်ပေးချင်ပါတယ်။
◾ ဘရိုက်တန် Vs မန်စီးတီး
မန်စီးတီးအသင်း ပြိုင်ပွဲစုံ နောက်ဆုံးသုံးပွဲဆက် ရှုံးနိမ့်ထားပြီး ခံစစ်က ရှစ်ဂိုးပေးခဲ့ရသလို ပရီးမီးယားလိဂ် နောက်ဆုံးခုနှစ်ပွဲဆက် ကြေးကျထားပါတယ်။ ဘရိုက်တန်အသင်းကလည်း ကာရာဘောင်ဖလားပွဲနဲ့ အမှတ်ပေးပွဲ နှစ်ခုလုံးမှာ လီဗာပူးတစ်သင်းတည်းကို နှစ်ကြိမ်လုံး ရှုံးနိမ့်ခဲ့ပေမဲ့ လီဗာပူးအသင်းကို အကောင်းဆုံး တုံ့ပြန်ကစားနိုင်ခဲ့တာကို တွေ့ရပါတယ်။ ဘရိုက်တန်အသင်းက အိမ်ကွင်းဖြစ်တဲ့အတွက် မန်စီးတီးအသင်းကို အကောင်းဆုံး ယှဥ်ကစားလာမှာ ဖြစ်သလို ရှုံးပွဲတွေဆက်နေတဲ့ မန်စီးတီးအသင်းကလည်း အနိုင်ရလဒ်အတွက်ကို ဦးတည်ကစားလာနိုင်ပါတယ်။ ဒီပွဲမှာ မန်စီးတီးအသင်းက တစ်လုံးငါးဆယ်စား ပေးထားပြီး ဂိုးပေါင်းကြေး သုံးလုံးနှစ်ဆယ်အရှုံး ဖြစ်ပါတယ်။ ခံစစ်ပြဲနေတဲ့ မန်စီးတီးအသင်းကို အိမ်ရှင်ဘရိုက်တန်အသင်း ဂိုးရနိုင်သလို ဒီဘရိုင်းနဲ့ ဒိုကူတို့ ပါဝင်လာတဲ့ မန်စီးတီးအသင်းလည်း ဂိုးရနိုင်ပါတယ်။ အပြန်အလှန်သွင်းဂိုးတွေနဲ့ အနိမ့်ဆုံး သုံးဂိုးလောက် မြင်ရနိုင်တာကြောင့် ဂိုးပေါ်တစ်မျိုးတည်း ရွေးချယ်ပေးချင်ပါတယ်။
◾လီဗာပူး Vs အက်စတွန်ဗီလာ
လီဗာပူးအသင်းရဲ့ လက်ရှိခြေစွမ်းက အကောင်းဆုံး အနေအထားမှာ ရှိနေပြီး ဒီပွဲကလည်း အန်းဖီးလ်ကွင်းမှာ ကစားရမှာ ဖြစ်တာကြောင့် ဗီလာအသင်းရဲ့ ခြေစွမ်းကို အစမ်းသပ်ခံရမဲ့ ပွဲစဥ်တစ်ပွဲ ဖြစ်ပါတယ်။ ဗီလာအသင်းက ပြိုင်ပွဲစုံ နောက်ဆုံးသုံးပွဲဆက် ရှုံးနိမ့်ထားပြီး ခြေစွမ်းအကျဘက်ရောက်နေသလို ကစားသမားတွေ ပွဲပန်းနေတာမျိုးလည်း တွေ့ရပါတယ်။ အိမ်ရှင်လီဗာပူးအသင်းက ဘော်ဒီကြေး တစ်လုံး သုံးဆယ်အရှုံးပေးထားပြီး ဂိုးပေါင်းကြေး သုံးလုံးသရေ ပေါက်နေပါတယ်။ ခြေစွမ်းကောင်းလွန်းနေတဲ့ လီဗာပူးအသင်း အိမ်ကွင်းမှာတော့ အမှားခံမယ်မထင်ဘဲ အနိမ့်ဆုံး တစ်ဂိုးအသာလောက်နဲ့ ထပ်နိုင်ဦးမယ်လို့ ထင်ပါတယ်။ တစ်ဂိုးနဲ့နိုင်ရင် ပြားသုံးဆယ်ရှုံးမှာ ဖြစ်ပေမဲ့ လီဗာပူးအသင်းရဲ့ အိမ်ကွင်းတိုက်စစ်က ဂိုးတွေရသလောက်သွင်းမဲ့ တိုက်စစ်မျိုး ဖြစ်တာကြောင့် လီဗာပူးအသင်းသာ ဂိုးအရင်ရခဲ့ရင် ဂိုးပြတ်သွားနိုင်တယ်လို့ ထင်ပါတယ်။ ခြေမှန်နေတဲ့ အိမ်ရှင်လီဗာပူးအသင်းက ထပ်နိုင်သွားမယ်လို့ ယူဆထားတဲ့အတွက် လီဗာပူးအသင်း ဘော်ဒီကို ရွေးချယ်ပေးချင်ပါတယ် ။