November 13, 2024
photo_2024-11-09_15-02-06

၉.၁၁.၂၀၂၄
Written By Thandar

မြန်မာနိုင်ငံတင်သာမက ပြည်ပနိုင်ငံတွေအထိပါ ပရိသတ်တွေရဲ့ ရင်ကို ထိုးဖောက်ခဲ့တဲ့ သရုပ်ဆောင်မင်းသား ပိုင်တံခွန်ကတော့ ချစ်သူသက်တမ်း ၄ နှစ်ကျော်ရှိတဲ့ ချစ်သူကောင်မလေးကို လက်ထပ်ခွင့်တောင်းလိုက်တာပဲဖြစ်ပါတယ်။

“၄ နှစ်ကျော် တောက်လျှောက်မှာ သဲက တစ်ခါမှမောင့်ကို စိတ်ညစ်အောင် မလုပ်ခဲ့ဘူး။ မောင် စိတ်ဆင်းရဲအောင်လည်း တစ်ခါမှ မလုပ်ဖူးဘူး။ ပြီးတော့ မောင့်စိတ်ကို နည်းနည်းလေးတောင် ညစ်သွားအောင် သဲမလုပ်ခဲ့ဘူး။ အဲ့အတွက် မောင်က ကျေးဇူးအများကြီး တင်တယ်။ ထူးထူးဆန်းဆန်းလေး ….အထူးအဆန်းမဟုတ်ပါဘူး။ ပြောပြချင်လို့ပါ။ ပြောချင်တာ… အော် …ပြီးတော့ မောင်ကလည်း ခု ၄ နှစ်ကျော် တောက်လျှောက် သဲနဲ့ တွဲခဲ့တဲ့တောက်လျှောက်မှာ သဲပေါ်မှာ အဲလိုမျိုး ဟိုး… သဲစိတ်ညစ်အောင် လုပ်ခဲ့မိတာတွေ ရှိခဲ့ရင်လည်း မောင်က အနူးအညွတ်တောင်းပန်တယ်နော်…။ မရှိပါဘူး…. မရှိဘူးလား။ ရှိတော့ရှိတယ် မေ့သွားပြီ။ မောင့် လွန်ခဲ့တဲ့ ၄ နှစ်ကျော်က ပေးခဲ့တဲ့ ကတိကိုမှတ်မိလား…။ ဘာလဲ မောင် ကတိပေးခဲ့တာ အများကြီးပဲ …အဲ ကတိထဲမှာ မှတ်မိတာ တစ်ခုပြောပြ။ လွန်ခဲ့တဲ့ ၄ နှစ်ကျော်က သဲကို ပြောဘူးတယ်လေ။ မောင့် အသက် ၂၈ နှစ်ပြည့်တဲ့အချိန်ကြရင် လက်ထပ်ခွင့်တောင်းမယ်လို့ မှတ်မိလား။ အခုမောင်က အသဲလေးကို အခု ၂၈ လည်း ပြည့်ပြီးပြီ။ သဲလေးရဲ့ တစ်ဘဝလုံးကို တာဝန်ယူဖို့အဆင်သင့်ဖြစ်နေပြီ။ သဲကို မောင်အရမ်းချစ်တယ်။ မောင်သဲကို ပေးခဲ့တဲ့ ကတိကို မှတ်မိလား။ မောင့်အသက် ၂၈ နှစ်ကျော်လို့ သဲကို မောင် လက်ထပ်ခွင့်တောင်းတာပါ ”လို့ သရုပ်ဆောင် ပိုင်တံခွန်က ပရိသတ်တွေသိအောင် ရင်ဖွင့်လာပါတယ်။

အဆိုပါ လက်ထပ်ခွင့်ကိုတော့ နိုဝင်ဘာ ၈ ရက် ညပိုင်းက ကိုရီးယားနိုင်ငံ၊ ဆိုးလ်မြို့ရဲ့ ဟန်မြစ်ဘေးမှာ လက်ထပ်ခွင့် တောင်းခံခဲ့တာလည်း ဖြစ်ပါတယ်။

#ပိုင်တံခွန် #PaingTaKhon #MyanmarCele #MyanmarActor #MyanmarCelerelationship

Leave a Reply

Your email address will not be published. Required fields are marked *