၉.၁၁.၂၀၂၄
Written By Thandar
SZ Film Production က အချစ်ဒရာမာ ဇာတ်လမ်းပုံစံ “ပင်လယ်မှာ စံပယ်တွေပျိုးခဲ့တယ်” ရုပ်ရှင်ဇာတ်ကားကြီး ကန်တော့ပွဲပေးခြင်း အခမ်းအနားကို ယနေ့ နိုဝင်ဘာ ၉ ရက် နံနက် ၈ နာရီက ရန်ကုန်မြို့ ဒဂုံမြို့နယ် အိမ်တော်ရာစေတီမှာ ကျင်းပခဲ့ပ့တယ်။
“ကိုယ်တိုင်ကလည်း ပင်လယ်မှာ စံပယ်တွေ ပျိုးခဲ့တယ် ရုပ်ရှင်ကားမှာ ပရိုကျူဆာလုပ်တာမို့ ဇာတ်နဲ့ လိုက်အောင် ဧည့်သည်သရုပ်ဆောင်အနေနဲ့ ပါဝင် ဖြစ်တာပါ။ ပထမတော့ မပါဝင်တော့ဘူးပေါ့။ တကယ်တော့ ၂ ခန်းလောက်ပဲ ပါဝင်ဖြစ်တာပါ။ ကိုနေတိုးနဲ့ ခင်ဝင့်ဝါတို့က ကျွန်တော်ရွေးချယ်လိုက်တာပါ။ ဇာတ်နဲ့လည်းလိုက်တယ်။ ဇာတ်ကလည်း ကိုနေတိုး ရွေးချယ်ထားတဲ့ ဇာတ်ဆိုတော့လေ။ ကျွန်တော် ဗီဒီယိုစရိုက်တုန်းက ကိုနေတိုးနဲ့ ရိုက်ခဲ့တာပဲလေ။ အပြင်မှာလည်း အရမ်းခင်တယ်။ အကို့ရဲ့ အိုက်တင်တွေကို ကြိုက်ခဲ့တယ်။ ကိုယ့်ရဲ့ Idol ဆိုတော့လေ။ ဒါကြောင့် ကျွန်တော်လည်း ပါဝင်ရိုက်ဖြစ်တာပါ။ ကိုယ်တိုင်ထုတ်လုပ်ရေးလုပ်တာမို့ နေတိုးလည်း ပါဝင်တာမို့ ရိုက်ကူးဖြစ်တာပါ။ ပထမကတော့ သရုပ် မဆောင်ဘူးလို့နေတာပါ။ ကျွန်တော် ချစ်ခြင်းမေတ္တာကို ဖော်ညွှန်းတဲ့ဇာတ်လေးပါ” လို့ သရုပ်ဆောင် ဇေယျက ပြောပါတယ်။
အဆိုပါ ဇာတ်ကားကို ဝတ္ထုနဲ့ ဇာတ်ညွှန်းပိုင်းကို ထက်မြတ်နိုင်ဇင်ကရေးသားပြီး ဒါရိုက်တာ 1DWIN ၊ DOP အကယ်ဒမီ အာကာတိုး၊ အကယ်ဒမီနေတိုး၊ နေမျိုးအောင်၊ ဇေယျ၊ ဒေါင်းဝေ၊ နေသစ်အေးအောင်၊ ဘဂျမ်း၊ အကယ်ဒမီခင်ဝင့်ဝါ၊ ချယ်ချယ်၊ အကယ်ဒမီချိုပြုံး၊ စိုးမိုးကြည်၊ ယွန်းအိန္ဒြေခင်နဲ့အနုပညာရှင်များစွာပါဝင်ကြမှာဖြစ်ပါတယ်။
“ပင်လယ်မှာ စံပယ်တွေပျိုးခဲ့တယ်” ဇာတ်ကားကြီးကိုတော့ လာမယ့် နိုဝင်ဘာ ၁၆ ရက်မှာ စတင်ပြီး ရန်ကုန်မြို့မှာ ရိုက်ကူးသွားမှာလည်း ဖြစ်ပါတယ်။