November 14, 2024
photo_2024-11-09_12-00-41

၉.၁၁.၂၀၂၄
Written By Zun

ရန်ကုန်တိုင်းဒေသကြီး၊ ပုစွန်တောင်မြို့နယ်တွင် အငြိမ်းစား အထက်တန်းရှေ့နေအမျိုးသမီးတစ်ဦး အသတ်ခံရမှု ယမန်နေ့ နိုဝင်ဘာ ၈ ရက် ညနေ ၆ နာရီခန့်အချိန်က ဖြစ်ပွားခဲ့ကြောင်း သိရသည်။

အသတ်ခံရသူမှာ ဗိုလ်တထောင်ခရိုင်၊ ပုစွန်တောင်မြို့နယ်၊အမှတ် (၇)ရပ်ကွက်၊ အထက်ပုဇွန်တောင်လမ်း၊ အမှတ် (၆/၈) ၅ လွှာ၊ အခန်းအမှတ် (၄၀၂)တွင် နေထိုင်သူ အသက် ၇၁ နှစ်အရွယ် ဒေါ်သန်းသန်းဝင်း ဖြစ်ကြောင်း ရဲတပ်ဖွဲ့နှင့်နီးစပ်သူက MT News ကို ပြောသည်။

၎င်းက နေအိမ်တွင်တစ်ဦးတည်းရှိနေစဥ် လူသတ်သမားကဝင်ရောက်၍ သတ်ဖြတ်သွားခဲ့ခြင်းဖြစ်ကြောင်း၊ နေအိမ်ရှိပစ္စည်းများ ပျောက်ဆုံးခြင်းမရှိကြောင်းလည်း ယင်းကပြောသည်။

“လူသတ်သမားက ဘာပစ္စည်းမှ မယူသွားဘူးဆိုတာကြောင့် ဒါဟာ ပုဂ္ဂိုလ်ရေး မကျေနပ်မှုကြောင့် ဖြစ်နိုင်တယ်လို့ လတ်တလော ကောက်ချက်ချထားတယ်လို့သိရတယ်”ဟု ယင်းအမှုဖြစ်စဉ်ကိုသိရှိသည့် ဒေသခံတစ်ဦးက MT News ကို ပြောသည်။

လက်ရှိတွင် အဆိုပါအမှုဖြစ်စဉ်နှင့်ပတ်သက်၍ ပုစွန်တောင်မြို့နယ်ရဲတပ်ဖွဲ့က သက်သေအစုံအလင်ဖြင့်စစ်ဆေး‌ကာ
လုပ်ထုံးလုပ်နည်းများနှင့်အညီ တရားခံကို အမြန်ဆုံးဖမ်းဆီးရမိနိုင်ရေး ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

အထက်တန်းရှေ့နေ #ရှေ့နေ #ပုစွန်တောင် #လူသတ်မှု #MT #mtnews (https://t.me/MT_News_Media)

Leave a Reply

Your email address will not be published. Required fields are marked *