November 15, 2024

၈. ၁၁. ၂၀၂၄
Written By Zun

ရန်ကုန်တိုင်းဒေသကြီး၊ စမ်းချောင်းမြို့နယ်၊ မြေနီကုန်းတောင်ရပ်ကွက်၊ ဗားကရာလမ်း၊ အမှတ်(၂၅၅/စီ)မြေညီ ထပ်တွင်ဖွင့်ထားသည့် အေးမြသီတာစတိုးနှင့်ငွေလဲကောင်တာတွင် ယနေ့ နိုဝင်ဘာလ ၈ ရက် ညနေ ၃ နာရီ မိနစ် ၄၀ ခန့်အချိန်က ဓားဖြင့်ထောက်၍ ငွေလုယက်တောင်းခံစဉ် လုံးထွေးသတ်ပုတ်မှုဖြစ်ပွားခဲ့ကြရာမှ တစ်ဦးသေဆုံးခဲ့ကြောင်း ရဲတပ်ဖွဲ့နှင့် နီးစပ်သူတစ်ဦးက MT News ကို ပြောသည်။

အဆိုပါ ဆိုင်အတွင်း ဆိုင်ရှင် ဦးဇော်ဌေးသန်း၊ မန်နေဂျာဒေါ်အေးအေးဝင်းနှင့် ဝန်ထမ်းအမျိုးသမီးသုံးဦး ဆိုင်အ တွင်းရှိနေစဉ် အသက် ၅၀ နှစ်ခန့်အရွယ် အမျိုးသားတစ်ဦး ဆိုင်အတွင်း ဝင်ရောက်လာခဲ့ကြောင်း၊ ယင်းအမျိုးသားက ထိုင်းနိုင်ငံ၌ ဆေးသွားကုရန် ဒေါ်လာနှင့် ထိုင်းဘတ်ငွေလဲမည်ဖြစ်၍ ညီမဖြစ်သူက လဲမည့် ငွေကို ယူလာနေပြီ ဖြစ်သည့်အတွက် ဆိုင်အတွင်းထိုင်စောင့်နေမည်ဆိုကာ ယင်းအမျိုးသားက ထိုင်ခုံ၌ ထိုင်နေခဲ့ကြောင်း သိရသည်။
နာရီဝက်ခန့်ကြာပြီးနောက် အဆိုပါအမျိုးသားက ဆိုင်မန်နေဂျာဒေါ်အေးအေးဝင်း၏လည်ပင်းကို အသင့်ယူလာ သော ဓားဖြင့်ထောက်ကာ ငွေတောင်းစဉ် ဒေါ်အေးအေးဝင်းနှင့် လုံးထွေးသတ်ပုတ်ရုန်းရင်းဆန်ခတ် ဖြစ်ပွားခဲ့ ကြောင်း သိရသည်။

အခင်းဖြစ်ပွားနေချိန်တွင် ဆိုင်ဝန်ထမ်းတစ်ဦးဖြစ်သူ မသင်းသင်းအေးက ဒေါ်အေးအေးဝင်းဖက်မှ ဝင်ရောက် ကူညီခဲ့စဉ် ယင်းကျူးလွန်သူအမျိုးသားက ဒေါ်အေးအေးဝင်း၏ချိုင်းအောက်သို့ ဓားဖြင့် တစ်ချက်၊ မသင်းသင်းအေးးဝမ်းဗိုက်သို့ ဓားဖြင့်တစ်ချက်ထိုး၍ ဆိုင်အတွင်းမှ ထွက်ပြေးသွားကြောင်း သိရသည်။

ဖြစ်စဉ်ကြောင့် ဒဏ်ရာရသူနှစ်ဦးကို ရန်ကုန်ဆေးရုံကြီးသို့ပို့ဆောင်၍ ဆေးကုသနေစဉ် မန်နေဂျာဒေါ်အေးအေးဝင်း သေဆုံးသွားခဲ့ကြောင်း သိရသည်။

ရဲတပ်ဖွဲ့၏ မှတ်တမ်းများအရ ကျူးလွန်သည့်အမျိုးသားမှာ အသားဖြူ၊ နဖူးပြောင်ပြောင်၊ လူပုံစံ ပိန်ပိန်ပါးပါး၊ တရုတ်လူမျိုးပုံစံ ဖြစ်ကြောင်း၊ ထွက်ပြေးသွားစဉ် လုယက်သူ၏ ကျောပိုးအိတ်ကျန်နေခဲ့ရာ ယင်းအိတ်ကို သက် ဆိုင်ရာက စစ်ဆေးစဉ် နိုင်ငံသားစိစစ်ရေးကတ်ပြားတစ်ခု၊ဓာတ်ဆီ (၂)ပုလင်း၊ တယ်လီဖုန်းတစ်လုံး၊ သစ်သား ဓားအိမ်တစ်ခုတွေ့ရ၍ ရဲတပ်ဖွဲ့က သိမ်းဆည်းကာ စုံစမ်းစစ်ဆေးမှုများ ပြုလုပ်နေကြောင်း သိရသည်။

“ကျူးလွန်သူက ထွက်ပြေးသွားတာ။ အနီးအနားက CCTV တွေကို စစ်ဆေးတာတွေ လုပ်နေတယ်။ ဖမ်းမိမှာပါ။ ဘယ်သူဘယ်ဝါ ဖြစ်တယ်ဆိုတဲ့ မှတ်ပုံတင်မှတ်တမ်းတွေကိုတော့ အသေးစိတ် ပြောမရသေးဘူး။ တရားခံက လွတ်နေတာကြောင့် လုပ်ထုံးလုပ်နည်းအတိုင်း လုပ်စရာတွေကျန်နေသေးလို့။ မကြာပါဘူး။ ဒီကျူးလွန်သူကတော့ ဖမ်းမိမှာပါ”ဟု ရဲတပ်ဖွဲ့နှင့်နီးစပ်သူက ပြောသည်။

Leave a Reply

Your email address will not be published. Required fields are marked *