November 15, 2024

၈. ၁၁. ၂၀၂၄
Written by Nyein Kyaw

တရုတ်ပြည်သူ့သမ္မတနိုင်ငံသို့ ရောက်ရှိနေသည့် နိုင်ငံ တော်စီမံအုပ်ချုပ်ရေးကောင်စီ (SAC) ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်သည် ယနေ့တွင် ချုံချင့်မြို့ရှိ Zhongyue Aviation UAV Firefignting-Drone ထုတ်လုပ်ရေးကုမ္ပဏီသို့ သွားရောက်ပြီး အထပ်မြင့်အဆောက်အဦများ၊ တောမီးလောင်ကျွမ်းမှုများနှင့် အခြားသောသဘာဝဘေး ကယ်ဆယ်ရေးလုပ်ငန်းတို့တွင် အသုံးပြုသည့် ဒရုန်းများကို သွားရောက်လေ့လာခဲ့သည်။

Zhongyue Aviation UAV Firefignting-Drone ထုတ်လုပ်ရေးကုမ္ပဏီမှ Founder & Chairman ဖြစ်သူ Mr. CAO, Bing နှင့် တာဝန်ရှိသူများက ကြိုဆိုနှုတ်ဆက်ခဲ့ပြီး ကုမ္ပဏီပြခန်းအတွင်း ကုမ္ပဏီ၏သမိုင်းအကျဉ်းနှင့် နှစ်အလိုက်ဖွံ့ဖြိုးတိုးတက်မှုများ၊ သုတေသနပြုလုပ် ဆောင်ရွက်ခဲ့မှုများနှင့် လူသားအကျိုးပြု ဆောင်ရွက်ချက်များကြောင့် ပြည်တွင်းပြည်ပမှ ချီးမြှင့်ခြင်းခံခဲ့ရသည့် ဆုတံဆိပ်များကို လိုက်လံရှင်းလင်းပြသပြီး လူမှုကယ်ဆယ်ရေးလုပ်ငန်းများတွင် အဆင့်မြင့်ဒရုန်းများအသုံးပြု၍ ကူညီဆောင်ရွက်ခဲ့သည့်မှတ်တမ်း Video ကို ပြသခဲ့သလို ဒရုန်းဖြင့် မီးငြှိမ်းသတ်မှုများကိုလည်း လက်တွေ့သရုပ်ပြခဲ့သည်။

SAC ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များသည် ကုမ္ပဏီမှထုတ်လုပ်ထားသော လူမှုကယ်ဆယ်ရေးလုပ်ငန်းများတွင် အသုံး ပြုသည့် အဆင့်မြင့်ဒရုန်းများ ခင်းကျင်းပြသထားရှိမှုကို လိုက်လံကြည့်ရှုလေ့လာကြရာ တာဝန်ရှိသူများက အထပ်မြင့်အဆောက်အဦများ၊ တောမီးလောင်ကျွမ်းမှုများနှင့် အခြားသောသဘာဝဘေး ကယ်ဆယ်ရေးလုပ်ငန်းတို့တွင် ဒရုန်းများအသုံးပြု၍ ပြုလုပ်ပုံအဆင့်ဆင့်အား ရှင်းလင်းတင်ပြကြပြီး ဒရုန်းဖြင့် မီးငြှိမ်းသတ်မှုအား လက်တွေ့သရုပ်ပြသခဲ့သည်။

ထို့နောက် SAC ဥက္ကဋ္ဌက ကုမ္ပဏီတာဝန်ခံအား ယခုကဲ့သို့အဆင့်မြင့်နည်းပညာများကို အသုံးပြု၍ လူသားအကျိုးပြုဒရုန်းများ တီထွင်ထုတ်လုပ်မှုနှင့် ဘေးအန္တရာယ်ကယ်ဆယ်ရေးလုပ်ငန်းများ ဆောင်ရွက်နိုင်ခဲ့မှုအား ချီးကျူးဂုဏ်ပြုကြောင်း ပြောကြားပြီး အမှတ်တရလက်ဆောင်ပစ္စည်းများ ပေးအပ်ခဲ့သည်။

Leave a Reply

Your email address will not be published. Required fields are marked *