November 15, 2024

၈. ၁၁. ၂၀၂၄
Written by Nyein Kyaw

တရုတ်ပြည်သူ့သမ္မတနိုင်ငံ၊ ကူမင်းမြို့၌ ကျင်းပခဲ့သည့် အဋ္ဌမအကြိမ်မြောက် မဟာမဲခေါင် ဒေသခွဲ ထိပ်သီးအစည်းအဝေး 8th Greater Mekong Subregion (GMS) အပါအဝင် ထိပ်သီးအစည်းအဝေးများသို့ တက်ရောက်ခဲ့သော နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ (SAC) ဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင် လှိုင် ဦးဆောင်သည့် မြန်မာအဆင့်မြင့်ကိုယ်စားလှယ်အဖွဲ့သည် နိုဝင်ဘာ ၇ ရက် ညနေပိုင်းတွင် ကူမင်းမြို့မှ ချုံချင့်မြို့သို့ ထွက်ခွာခဲ့ပြီး အဆိုပါနေ့ ညပိုင်းတွင် ချုံချင့်မြို့သို့ ရောက်ရှိသည်။

ကူမင်းမြို့ အပြည်ပြည်ဆိုင်ရာလေဆိပ်မှ ချုံချင့်မြို့သို့ထွက်ခွာရာ တရုတ်ကွန်မြူနစ်ပါတီ၊ အမြဲတမ်းကော်မတီအဖွဲ့ဝင် Mr. Yang Yalin နှင့် တာဝန်ရှိသူများ၊ တရုတ်ရိုးရာယဉ်ကျေးမှုအဖွဲ့များဖြင့် ပို့ဆောင်နှုတ်ဆက်ခဲ့ပြီး ချုံချင့်မြို့၊ ကျန်းပေ အပြည်ပြည်ဆိုင်ရာလေဆိပ်သို့ ရောက်ရှိကြရာ ချုံချင့်မြို့၊ ဒုတိယမြို့တော်ဝန် Mr. Shang Kui နှင့် အဖွဲ့ဝင်များ၊ ချုံချင့်မြို့ရှိ မြန်မာကောင်စစ်ဝန်ချုပ်ရုံးမှ ကောင်စစ်ဝန်ချုပ်နှင့် တာဝန်ရှိသူများက ကြိုဆိုနှုတ်ဆက်ကြသည်။

SAC ဥက္ကဋ္ဌသည် ချုံချင့်မြို့သို့ ရောက်ရှိနေချိန်အတွင်း ယနေ့တွင် ချုံချင့်မြို၊ ကျုံးယွဲ-ZY Aviation UAV Firefighting-Drone ထုတ်လုပ်ရေးကုမ္ပဏီ၊ SERES စွမ်းအင်သုံး မော်တော်ယာဉ်ထုတ်လုပ်သည့်ကုမ္ပဏီ၊ Chongqing International Logistics Hub Park ၊ Chongqing Planning Exhibition Hall ပြတိုက်၊‌ Weima လယ်ယာစက်မှုထုတ်ကုန်ကုမ္ပဏီသို့ သွားရောက်လေ့လာခဲ့သည့်အပြင် ချုံချင့်မြူနီစီပယ်ပါတီအတွင်းရေးမှူး Mr. Yuan Jiajun နှင့် တွေ့ဆုံဆွေးနွေးခဲ့ကြောင်း သိရသည်။

Leave a Reply

Your email address will not be published. Required fields are marked *