November 15, 2024

၈.၁၁.၂၀၂၄
Written By Thandar

ယုံကြည်မှုရှိရှိနဲ့ လှပနိုင်ဖို့အတွက် “RENÉ Mattias” ရဲ့ Season Of Love Event မိတ်ဆက်ပွဲကို ယနေ့ နိုဝင်ဘာ ၈ ရက် ညနေပိုင်းက ရန်ကုန်မြို့ Myanmar Plaza Promotion Area မှာ ကျင်းပခဲ့ရာ နာမည်ကြီး အနုပညာရှင်များစွာနဲ့ စည်ကားသိုက်မြိုက်စွာ ကျင်းပခဲ့ပါတယ်။

“ကျွန်တော့်အနေနဲ့ ကိုယ်နေတဲ့နေရာနဲ့ RENÉ မိန်းကလေးအနုပညာရှင် တချို့ ကိုယ့်အသိတွေဝတ်ဆင်ဖို့ လာဝယ်ကြတာ အမြဲတွေရတယ်။ ကျွန်တော်လည်း စဉ်းစားမိတယ်။ သူတို့က အမျိုးသမီးဝတ်ပဲထုတ်တာလား။ အမျိုးသားဝတ်တွေ မထုတ်ဘူးလားပေါ့။ အခု စတင်မိတ်ဆက်လိုက်တော့ ဝတ်ကြည့်ရတာ စမတ်ကျပြီး သဘောလည်းကျတယ်။ ကိုယ်ကြိုက်နှစ်တဲ့ အရောင်လေးလည်း ရတယ်ဆိုတော့ သဘောကျကြိုက်နှစ်သက်ပါတယ်။ တကယ်တော့ လူငယ် လူကြီးဒီဇိုင်းပိုင်းတင်မဟုတ်ဘဲ အားကစားသမားတွေအတွက်ရော ရုံးတက်သူတွေ ရှုတင်သွားတာပဲဖြစ်ဖြစ် ထုတ်လုပ်ထားတာမို့ အ ရမ်းမိုက်ပါတယ်”လို့ သရုပ်ဆောင် ကျော်ထက်ဇော်ကပြောပါတယ်။

အဆိုပါ အခမ်းအနားကို နာမည်ကျော် အနုပညာရှင်များဖြစ်ကြတဲ့ ကျော်ထက်ဇော်၊ ရတနာဗိုလ်၊ နော်ဖောအယ်ထား၊ ရှိန်းတင်ထူး၊ မေဂရေ့စ်၊ ခီရာတို့ တက်ရောက်ခဲ့ပြီး နာမည်ကျော် Fashion Stylist J Fish ရဲ့ ယုံကြည်မှုရှိရှိပေါင်းစပ်မှုတွေကို မြင်တွေ့ခဲ့ရပါတယ်။

ဒီပွဲမှာ‌တော့ အမျိုးသားတွေအတွက် Official Mens Wear Launch ဖက်ရှင်တွေနဲ့ ပွဲတက်အနုပညာရှင်ဝတ်ဆင်ခဲ့သလို Model တွေကလည်း ဝတ်ဆင်ရှိုးလျှောက်ခဲ့ကြပါတယ်။ ဒ့ါပြင် Game အစီအစဉ်နဲ့ လက်ဆောင်တွေ၊ Professional MC Teresa Khine နဲ့အတူ အနုပညာရှင်တွေက Talk Show တွေ ပြောဆိုခဲ့ကြပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *