၈.၁၁.၂၀၂၄
Written by KL
ရန်ကုန်တိုင်းဒေသကြီး၊ အင်းစိန်မြို့နယ်၊ ကြို့ကုန်းအနောက်ရပ်ကွက်၊ ဘေဂျင်းလမ်းရှိ ရတနာသိင်္ဂီ(၂)အအေးခန်းစက်ရုံဝင်းရှိ မော်တော်ယာဥ်ပြုပြင်ရေးနေရာတွင် နိုဝင်ဘာလ ၈ ရက် မွန်းလွဲ ၂ နာရီ ၁၆ မိနစ်ခန့်က ဘောက်စ်ကားတစ်စီး မီးလောင်မှုဖြစ်ပွားခဲ့ကြောင်း သိရသည်။
ဖြစ်စဥ်မှာ Nissan Condor အမျိုးအစားအနီရောင် ဘောက်စ်ကားပေါ်ရှိ CNG ဂတ်စ်အိုးနှင့် Regulator ဆက်သွယ်ထားသော ဂက်စ်ပိုက် ပွင့်ထွက်ရာမှ မီးစတင်လောင်ကျွမ်းခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
မီးလောင်မှုမှာ မိနစ် ၃၀ ခန့်ကြာမြင့်ခဲ့ပြီး မီးငြှိမ်းသတ်ယာဥ် ၅ စီး၊ ရေသယ်ယာဥ် ၅ စီး၊ အုပ်ချုပ်မှုယာဥ် ၁ စီးနှင့် သန္ဓေအရံ ၄၅ ဦးဖြင့် ငြှိမ်းသတ်ခဲ့ကြသည်။
မီးလောင်မှုကြောင့် သစ်သားကုတင် ၁ လုံးနှင့် ဘောက်စ်ကားတစ်စီး မီးလောင်ဆုံးရှုံးခဲ့သဖြင့် အအေးခန်းစက်ရုံတာဝန်ခံ ၅၄ နှစ်အရွယ် အမျိုးသားကြီးကို ရာဇသတ်ကြီးပုဒ်မ ၂၈၅ ဖြင့် အင်းစိန်မြို့မရဲစခန်းတွင် အမှုဖွင့်ထားကြောင်း သိရသည်။