MT News
Written by Nay Aung
ရုရှားနှင့် မြန်မာနိုင်ငံအကြား ရရှိထားပြီးဖြစ်သည့်သဘောတူညီချက်များသည် နှစ်နိုင်ငံပြည်သူများ၏ အကျိုးစီးပွားနှင့် ဒေသအတွင်းတည်ငြိမ်မှု၊ လုံခြုံမှုတိုးမြှင့်စေရေးတို့အတွက် နယ်ပယ်စုံရှိ နှစ်နိုင်ငံဆက်ဆံရေးကို ပိုမိုဖွံ့ဖြိုးတိုးတက်စေရန် အထောက်ကူညီဖြစ်စေမည်ဟု ယုံကြည်ကြောင်း ရုရှားသမ္မတပူတင်က ပြောကြားသည်။
ရုရှားသမ္မတပူတင်သည် မြန်မာနိုင်ငံ၏ ၇၅ နှစ်မြောက်လွတ်လပ်ရေးနေ့ အခါသမယတွင် နစကအကြီးအကဲဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ထံ ပေးပို့သော ဝမ်းမြောက်ကြောင်း သဝဏ်လွှာထဲတွင် ယင်းကဲ့သို့ဖော်ပြထားခြင်းဖြစ်ကြောင်းသိရသည်။
ရုရှားသမ္မတ ပူတင်က ” ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်ရဲ့လွတ်လပ်ရေးနေ့အခါသမယမှာ မိမိအနေနဲ့ အဆွေတော်ထံ လှိုက်လှဲစွာနှုတ်ခွန်းဆက်သအပ်ပါတယ်။ မြန်မာနိုင်ငံနဲ့ ရုရှားနိုင်ငံတို့ကို စည်းနှောင်ထားတဲ့ ချစ်ကြည်ရင်းနှီးတဲ့ ဆက်ဆံရေးကို ၂၀၂၂ ခုနှစ် စက်တင်ဘာလအတွင်း ဗလာဒီဗော့စတော့မြို့မှာ မိမိတို့နှစ်ဖက်တွေ့ဆုံမှုက အပြည့်အ၀ ပိုမိုခိုင်မာစေခဲ့ပါတယ်။အဆွေတော် ကျန်းမာပြီးအောင်မြင်မှုများရရှိပါစေကြောင်းနဲ့ မြန်မာပြည်သူများ ငြိမ်းချမ်းသာယာဝပြောစေကြောင်း ဆုမွန်ကောင်းတောင်းပေးအပ်ပါတယ်” ဟုဖော်ပြထားသည်။
ရုရှားသမ္မတပူတင်အပြင်ရုရှားဝန်ကြီးချုပ် မီခေးလ် မီရှုစတင်၊ နိုင်ငံခြားရေးဝန်ကြီး ဆာဂျီ လဗ့်ရောဗ့်တို့သည်လည်း ဝမ်းမြောက်ကြောင်းသဝဏ်လွှာများပေးပို့ကဆုမွန်ကောင်း တောင်းပေးခဲ့ကြောင်း သိရသည်။
ရုရှားဝန်ကြီးချုပ်က ” ရုရှားနိုင်ငံနဲ့ မြန်မာနိုင်ငံကို ချစ်ကြည်ရင်းနှီးတဲ့ မိတ်ဖက်ဆက်ဆံရေးနဲ့ စည်းနှောင်ထားပါတယ်။ နှစ်နိုင်ငံအစိုးရများအကြား တက်ကြွတဲ့ပူးပေါင်းဆောင်ရွက်မှုများက ကုန်သွယ်ရေး၊ စီးပွားရေး၊သိပ္ပံနဲ့ နည်းပညာနဲ့ လူသားချင်းစာနာမှုဆိုင်ရာ နယ်ပယ်များက ပူးပေါင်းဆောင်ရွက်မှုကို ပိုမိုခိုင်မာစေမှာဖြစ်ပြီး အလားလာရှိတဲ့စီမံကိန်းများတိုးမြင့်စေဖို့အတွက် အခြေအနေကောင်းများဖြစ်ထွန်းရရှိမယ်လို့ ယုံကြည်ပါတယ်” ဟုဆိုသည်။
ref russia news