November 14, 2024
photo_2024-11-08_14-02-03

၈. ၁၁. ၂၀၂၄
Translated by Thettant

ဂျပန်နိုင်ငံမှာ ရထားပေါ် အိပ်ပျော်နေတဲ့ ခရီးသည်တစ်ဦးရဲ့ ကျောပိုးအိတ်ကို ခိုးယူခဲ့သူ မြန်မာအမျိုးသားတစ်ဦးကို ရဲတပ်ဖွဲ့က ဖမ်းဆီးလိုက်တယ်လို့ ဂျပန်နိုင်ငံ အခြေစိုက် FNN Prime Online သတင်းဌာနမှာ ဖော်ပြထားပါတယ်။

ဖြစ်စဥ်က တိုကျိုမြို့၊ Chiyoda Ward ရှိ JR Akihabara ဘူတာရုံမှာ ရပ်ထားတဲ့ Yamanote ရထားလိုင်းပေါ် လိုက်ပါလာတဲ့ အမျိုးသားတစ်ဦးထံက လက်ပ်တော့တစ်လုံးနဲ့ အခြားပစ္စည်းတွေပါတဲ့ ကျောပိုးအိတ်တစ်လုံးကို ခိုးယူမှုမှာ သံသယရှိသူ အောင်အောင် (၂၅)နှစ်ကို မနေ့က နိုဝင်ဘာ ၇ ရက် မနက် (၆)နာရီမှာ ဖမ်းဆီးရမိခဲ့တာပါ။

ရဲတပ်ဖွဲ့ဝင်ဟောင်းတစ်ဦးလည်းဖြစ်တယ်ဆိုသူ အောင်အောင်က သူ့ဘေးမှာထိုင်ပြီး ကျောပိုးအိတ်ကို ခြေထောက်မှာတင်ကာ အိပ်ပျော်နေသူရဲ့ ကျောပိုးအိတ်ကို ခိုးယူခဲ့တယ်လို့ စွပ်စွဲခံခဲ့ရတာပါ။

ဖမ်းဆီးခံရသူ အောင်အောင်ကတော့ မြို့တော်ရဲဌာနရဲ့ စွပ်စွဲချက်ကို ငြင်းဆိုထားပြီး ဘေးကအိပ်နေသူဟာ သူ့သူငယ်ချင်းဖြစ်သလို သူငယ်ချင်းခွင့်ပြုချက်နဲ့ ကျောပိုးအိတ်ကို ယူခဲ့တာလို့လည်း ထွက်ဆိုထားပါတယ်။

Ref, FNN Prime Online

Leave a Reply

Your email address will not be published. Required fields are marked *